MPT Myanmar | Moving Myanmar ForwardMPT Myanmar National League 2022 mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT Myanmar National League 2022

2022 MNL ပွဲစဥ်တွေရဲ့ Goal ရလဒ်များကို ခန့်မှန်းရင်း MPT Club Point များ ရယူလိုက်ကြပါစို့ !!

Week-1 Results

Myanmar National League 2022 ( Week-1 )

အမေးများသောမေးခွန်းများ

မေးခွန်း(၁) Guess the Goals ပရိုမိုးရှင်းအစီအစဥ်ဆိုတာဘာလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်သည် MPT Club နှင့် Myanmar National League (“MNL”) တို့အကြား ပူးပေါင်းဆောင်ရွက်သည့် ပရိုမိုးရှင်းအစီအစဥ်ဖြစ်ပြီး MPT Club အဖွဲ့ဝင်များအနေဖြင့် ဘောလုံးပွဲစဥ်တစ်ခု၌ ပါဝင်သည့် အသင်းတစ်သင်းချင်းစီ၏ ဂိုးရရှိမှုအရေအတွက်များအား မှန်ကန်စွာမှန်းဆခြင်းအားဖြင့် MPT ပွိုင့် (၅၀) (“ဆု”) အား ကံထူးနိုင်မည့် ပရိုမိုးရှင်းအစီအစဥ်ဖြစ်ပါသည်။

MNL ဘောလုံးပွဲများအား စနေနေ့မှ ကြာသပတေးနေ့အထိ (အင်္ဂါနေ့မပါဝင်) ဖြစ်သောနေ့ရက်များတွင် တစ်ရက်လျှင်တစ်ကြိမ် (“ဘောလုံးပွဲကျင်းပမည့်ရက်သတ္တပတ်”) ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ဘောလုံးပွဲစဥ်များအား ဤလင့်ခ် https://www.mpt.com.mm/mm/mpt-myanmar-national-league-2022-mm/ တွင် ဖော်ပြထားပါသည်။

သက်ဆိုင်ရာဘောလုံးပွဲကျင်းပမည့်ရက်သတ္တပတ်မတိုင်မီ ကြာသပတေးနေ့ ည (၆) နာရီမှ စနေနေ့ မွန်းတည့် (၁၂) နာရီကြားအချိန်ကာလစီတိုင်း (အင်္ဂါနေ့မပါဝင်) ကို (“ပရိုမိုးရှင်းရက်သတ္တပတ်”) အဖြစ် ရည်ညွှန်းသွားမည်ဖြစ်ပါသည်။

မေးခွန်း (၂) ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အဖြေ။ ပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၂၉) ရက်နေ့ ည (၆) နာရီမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၆) ရက်နေ့ မွန်းတည့် (၁၂) နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။

မေးခွန်း (၃) ပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်သူတွေပါဝင်လို့ရသလဲ။

အဖြေ။ (MPT ဆင်းမ်ကတ်အသုံးပြုနေသော) MPT ဆင်းမ်းကတ်မှတ်ပုံတင်ထားပြီး အသုံးပြုနေသည့် MPT Club အဖွဲ့ဝင်များအနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

မေးခွန်း (၄) ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် ပရိုမိုးရှင်းရက်သတ္တပတ်ကာလအတွင်း ဤလင့်ခ် https://www.mpt.com.mm/mm/mpt-myanmar-national-league-2022-mm/ အား နှိပ်၍ ဝင်ရောက်ကာ သက်ဆိုင်ရာဘောလုံးပွဲကျင်းပမည့်ရက်သတ္တပတ်တွင် ကျင်းပမည့်ပွဲစဥ်တချို့ (သို့မဟုတ်) ကျင်းပမည့်ပွဲစဥ်အားလုံး၌ ဘောလုံးအသင်းတစ်သင်းချင်းစီ၏ ဂိုးရရှိနိုင်မှုအရေအတွက်အား မှန်းဆရမည်ဖြစ်သည်။ ဂိုးခန့်မှန်းမှုအား ပေးပို့ပြီးနောက်တွင် မည်သို့သောပြောင်းလဲပြင်ဆင်မှုကိုမျှ ပြုလုပ် ဆောင်ရွက်နိုင်တော့မည်မဟုတ်ပါ။

မေးခွန်း (၅) ပရိုမိုးရှင်းအစီအစဥ်တွင် ကံထူးရှင်ဖြစ် မဖြစ် မည်သို့သိရှိနိုင်ပါသလဲ။

အဖြေ။ ကံထူးရှင်များအား ဘောလုံးပွဲကျင်းပမည့်ရက်သတ္တပတ်ပြီးနောက် သောကြာနေ့တိုင်းတွင် စာတို ပေးပို့မှုမှတဆင့် အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။

မေးခွန်း (၆) ဆုကို ဘယ်အချိန်မှာ လက်ခံရရှိမလဲ။

အဖြေ။ မေးခွန်း ၅ တွင်ပါရှိသည့်အတိုင်း စာတိုပေးပို့မှုလက်ခံရရှိသည့်အချိန်တွင် ဆုကို လက်ခံရရှိမည် ဖြစ်ပါသည်။

မေးခွန်း (၇) ရရှိသည့်ဆုအတွက် သက်တမ်းကုန်ဆုံးရက်ရှိပါသလား။

အဖြေ။ ရှိပါသည်။ ဆုလက်ခံရရှိပြီးနောက် တစ်နှစ်ပြည့်သည့်အခါ၌ ဆုအသုံးပြုနိုင်မှုသည် အလိုအလျောက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပါသည်။

မေးခွန်း (၈) ပရိုမိုးရှင်းအစီအစဥ်တွင် ကံထူးနိုင်သည့် ပါဝင်သူဦးရေအများဆုံးကန့်သတ်ချက်ရှိပါသလား။

အဖြေ။ မရှိပါ။

မေးခွန်း (၉) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ပါဝင်လုပ်ဆောင်လို့ရနိုင်ပါသလဲ။

အဖြေ။ ပါဝင်ကံစမ်းသူတိုင်းသည် MSISDN တစ်ခုအားအသုံးပြု၍ ပရိုမိုးရှင်းရက်သတ္တပတ်တိုင်းတွင် တစ်ကြိမ်သာလျှင် ပါဝင်ကံစမ်းနိုင်ပါသည်။

မေးခွန်း (၁၀) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ကံထူးရရှိနိုင်ပါသလဲ။

အဖြေ။ ပါဝင်ကံစမ်းသူတိုင်းသည် MSISDN တစ်ခုအားအသုံးပြု၍ ဘောလုံးပွဲစဥ်တစ်ခု၌ တစ်ကြိမ် (သို့မဟုတ်) ပရိုမိုးရှင်းရက်သတ္တပတ်တိုင်း၌ အများဆုံး (၅) ကြိမ် ကံထူးရရှိနိုင်မည်ဖြစ်သည်။

မေးခွန်း (၁၁) MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အဖြေ။ MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူခြင်းဖြင့်လည်းကောင်း၊ *345# အား ခေါ်ဆို၍ လည်းကောင်း MPT Club အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်း ချက်များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများ ကသာ လွှမ်းမိုးအတည်ဖြစ်စေရမည်။