MPT Myanmar | Moving Myanmar ForwardMPT Name Tune FAQs MM - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT Name Tune

၁။ Name Tune အကြောင်းကိုရှင်းပြပါ။

မိမိထံ ဖုန်းခေါ်ဆိုလာသောအချိန် ခေါ်ဆိုသူမှကြားရသော calling ring အသံနေရာတွင် မိမိနာမည်ပါဝင်သော သာယာကြည်နူးဖွယ် နှုတ်ခွန်းဆက်စကားသံများဖြင့် အစားထိုးထည့်သွင်း အသုံးပြုနိုင်သော Name Tune ဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။ CRBT ဝန်ဆောင်မှု၏ အောက်တွင်ရှိသော ဝန်ဆောင်မှုတစ်မျိုးဖြစ်ပါတယ်။

၂။ Name Tune ဝန်ဆောင်မှုကို ဘယ်ကရယူနိုင်မလဲ။

Name Tune ဝန်ဆောင်မှုကို http://lotaya.mpt.com.mm/service/crbt/name-tune
လိုတရ အင်တာနက်စာမျက်နှာမှာ အမည်ကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်။

၃။ 7979 ဖုန်းခေါ်ဆိုပြီး အမည် ရွေးချယ်လို့ရပါသလား။

မရရှိသေးပါ။ နာမည်ရွေးခြယ်ရန် လိုတရ (သို့) MPT call center-106 (သို့) 09442228884 သို့ဖုန်းခေါ်ဆိုပြီးရယူနိုင်ပါတယ်။

၄။ စာရင်းသွင်းခ ဘယ်လောက်ပေးရမလဲ။

CRBT ဝန်ဆောင်မှုအတွက် တစ်ရက်အသုံးပြုမှုအတွက် ၄၇ ကျပ်နှုန်း စာရင်းသွင်းရမှာ ဖြစ်သလို၊ တစ်လအသုံးပြုမှုအတွက် ၁၀၅၀ ကျပ်နှုန်း ကျသင့်မှာပါ။ Name Tune တစ်ပုဒ်အတွက် တစ်လလျှင် ၃၁၅ ကျပ်နှုန်း ကျသင့်မှာပါ။

၅။ အခြားသီချင်းတွေ ဝယ်ထားပါက ဘယ်လို ဖြစ်မလဲ။

အခြားသီချင်းဝယ်ထားပြီး Name Tune ထပ်ဝယ်ပါက တစ်လှည့်စီ သီချင်းသံ ကြားရမှာဖြစ်ပါတယ်။

၆။ ဘယ်သူတွေ အသုံးပြုနိုင်မှာလဲ။

MPT Sim Card အသုံးပြုသည့် မည်သူမဆို အခြား Ring Tune ဝန်ဆောင်မှုများအား ရယူရသည့် အတိုင်း လွယ်ကူစွာရယူနိုင်ပါသည်။

၇။ Name Tune ကို ဖျက်ချင်ရင် ဘယ်လို လုပ်ရမလဲ။

အခြားသီချင်းများကဲ့သို့ဝယ်ယူထားသော Name Tune code ကို ၇၉၇၉ သို့ပေးပို့ပြီး ပယ်ဖျက်နိုင်ပါတယ်။
ဥပမာ-Del0000011111 or Del 0000011111

၈။ မသုံးချင်တော့ရင်/စာရင်းဖျက်ချင်ရင် ဘယ်လိုလုပ်ရမလဲ။

၇၉၇၉ သို့ UNR ဟုပေးပို့ စာရင်းအား ရပ်ဆိုင်း၊ ပယ်ဖျက်နိုင်ပါတယ်။

၉။ စာရင်းသွင်းတဲ့အချိန်မှာ လက်ကျန်ငွေမလုံလောက်ရင် ဘယ်လိုနေမလဲ။

ဒါဆိုရင်စာရင်းသွင်းလို့မရနိုင်ပါ။ ဝန်ဆောင်မှုကိုလည်း မရရှိနိုင်ပါ။ ဖုန်းငွေအလုံအလောက်ဖြည့်ပြီးမှသာ စာရင်းပြန်သွင်းကြည့်ပါ။ CRBT ဝန်ဆောင်မှု အတိုင်းဖြစ်ပါတယ်။

၁၀။ ဘယ်နေ့စတင် မိတ်ဆက်မှာလဲ။

၁၂.၁၂.၂၀၁၈ ရက်နေ့မှာ စတင်မှာပါ။

၁၁။ Name Tune ကို ရယူရင် ဘာတွေ ကံစမ်းနိုင်မှာလဲ။

Name Tune ကို ရယူထားသူများ အနေဖြင့် iPhone XS တစ်လုံး ကံထူးနိုင်မှာပါ။ ပထမဆုံးရယူတဲ့ အယောက် တစ်ရာကိုလည်း ဖုန်းငွေ ၁၀၀၀ ကျပ်ဖြည့်ပေးမှာပါ။ ကံစမ်းမဲကာလမှာ ၃ လကြာမြင့်မှာပါ။ ၁၂.၁၂.၂၀၁၈ မှ ၁၂.၀၃.၂၀၁၉ အထိ ဖြစ်ပါတယ်။

၁၂။ မဲပေါက်တဲ့သူတွေကိုဘယ်လိုကြော်ငြာပေးမှာလဲ။

ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားမှာဖြစ်ပါတယ်။ ဆုမဲပေါက်သူသည် MPT ရုံး သို့မဟုတ် content provider ရုံးသို့လာရောက်ထုတ်ယူ ရမှာ ဖြစ်ပါတယ်။

၁၃။ အသုံးပြုသူသည် အမည် အပြည့်အစုံကို Name Tune အဖြစ် တောင်းဆိုနိုင်ပါသလား။

အသုံးပြုသူသည် အမည် အပြည့်အစုံကို Name Tune အဖြစ် တောင်းဆိုနိုင်ပါသည်။ MPT call center, MPT Facebook page နှင့် Content Provider call center သို့ အမည်နှင့် ဖုန်းနံပါတ် ပေးပို့ပြီး ဆက်သွယ် တောင်းဆိုနိုင်ပါတယ်။ ၁ လခန့်ကြာမြင့်မှာဖြစ်ပြီး Content Provider သို့မဟုတ် MPT call center မှ ပြန်လည် ဆက်သွယ်မှာဖြစ်ပါတယ်။