MPT Myanmar | Moving Myanmar Forward MPT pay registration promotion MM - MPT Myanmar | Moving Myanmar Forward
×

"MPT Pay နှစ်သစ်ကူး ပရိုမိုးရှင်း"

အကောင့်ဖွင့်ရန်အောက်ပါလင့်ခ်ကိုနှိပ်ပါ!

MPT Pay အကောင့်ဖွင့်နည်း

ပရိုမိုကုဒ်အသုံးပြုနည်း

ပရိုမိုးရှင်းကာလ

၂၀၂၁ ဇန်န၀ါရီလ ၁၄ ရက် မှ ၂၀၂၁ ဖေဖော်၀ါရီလ ၁၀ ရက် အထိ

စည်းမျဉ်းစည်းကမ်းများ

MPT Pay သုံးစွဲသူအသစ်များ အတွက်

MPT CLub အဖွဲ့၀င်ထားသော MPT Pay သုံးစွဲသူအသစ်များသည် MPT Pay အကောင့်ဖွင့်သည့် အစီအစဥ်တွင် ပါ၀င်နိုင်ပါသည်။ ပရိုမိုးရှင်း စတင်သည့်နေ့မှ စ၍ ပရိုမိုးရှင်းကာလအတွင်း အကောင့်ဖွင့်သည့် ဦးရာလူအယောက် ၅၀၀၀၀ အထိ အကျုံး၀င်မည်ဖြစ်ပါသည် (ပထမဆုံး အကြိမ် အကောင့်ဖွင့်ခြင်းအတွက်သာ) ။

http://bit.ly/FreeuseMPT4U

– သုံးစွဲသူသည် MPT Pay အက်ပလီကေးရှင်းကို ဒေါင်းလုပ်ပြုလုပ်၍ MPT ဆင်းမ်ကဒ်နံပါတ်ဖြင့် အကောင့်ဖွင့်ရပါမည်။

e-money အပိုဆု လက်ခံ ရရှိကြောင်း စာတို ပေးပို့ ၍အကြောင်းကြားပါမည်။

အပိုဆုငွေကို MPT Pay အကောင့်ဖွင့်ပြီး ရုံးဖွင့်ရက် ၃ ရက် အတွင်းဖြည့်သွင်းပေးသွားပါမည်။

MPT Pay သုံးစွဲသူ အားလုံး အတွက်

MPT Club Crown၊ Diamond၊ Platinum နှင့် Gold အဖွဲ့ဝင်ထား သော MPT Pay သုံးစွဲသူ အားလုံး သည် MPT Pay မှ ဖုန်းငွေဖြည့်သည့် အစီအစဥ်တွင် ပါဝင်ဆင်နွှဲနိုင်ပါသည်။ ပရိုမိုးရှင်းကာလအတွင်း MPT Pay မှ ဖုန်းငွေဖြည့်သည့် ဦးရာလူအယောက် ၅၀၀၀၀ အထိ အကျုံး၀င်မည်ဖြစ်ပါသည်။

အစီအစဥ်ကို ပါဝင်ဆင်နွှဲရန်

– ပါဝင်ဆင်နွှဲသူများသည် ၂၀၂၁ ဖေဖော်၀ါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး MPT Pay မှ တစ်ခါဖြည့်လျှင် ၂၀၀၀ ကျပ်နှင့်အထက် အနည်းဆုံး တစ်ကြိမ် ဖုန်းငွေဖြည့် ရပါမည်။

– MPT Pay အကောင့်ဖွင့်ထားသော မိမိ ကိုယ်ပိုင် ဆင်းမ် နံပါတ်ထဲသို့ ဖုန်းငွေ ဖြည့်မှသာ ပရိုမိုကုဒ် အပိုဆုကို ရရှိမှာ ဖြစ်ပါတယ်

အပိုဆု ပရိုမိုကုဒ် များကို ပရိုမိုးရှင်း ကာလ အပြီး ရုံးဖွင့် ရက် ၅ ရက်အတွင်း ပို့ပေးမည် ဖြစ်ပါသည်။

ပရိုမိုကုဒ် အပိုဆု လက်ခံ ရရှိကြောင်း စာတို ပေးပို့ ၍အကြောင်းကြားပါမည်ဖြစ်ပြီး စာတို လက်ခံရရှိသည့် နေ့တွင် စတင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ပရိုမိုးရှင်းကာလအတွင်း၂၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ခြင်းအားလုံးအတွက် ပရိုမိုကုဒ်အား တစ်ကြိမ်သာ ရရှိနိုင်ပါသည်။

ပရိုမိုကုဒ် ကို လဲလှယ် အသုံးပြုရန် သင်၏ ဖုန်းနံပါတ်ကို 09 ဖြုတ်၍ ရိုက်ထည့်ပါ ။ ဥပမာ သင်၏ ဖုန်းနံပါတ်သည် 095112233 ဖြစ်ပါက 5112233 ဟု အင်္ဂလိပ်လို ရိုက်ထည့်ပါ။

ပရိုမိုကုဒ် ကို ဖုန်းငွေဖြည့်ရန် အသုံးပြုနိုင်ပြီး တစ်ကြိမ်သာ လဲလှယ်ခွင့်ရှိပါသည်။

ပရိုမိုကုဒ် ကို တခြား SIM နံပါတ်သို့ လွှဲပြောင်းပေး၍မရပါ ။ ပရိုမိုကုဒ်ပေးပို့သည့် စာတို ရရှိသူသာ ပရိုမိုကုဒ် ကို လဲလှယ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ပရိုမိုကုဒ် သည် ၂၀၂၁ မတ်လ ၁၆ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

ဤပရိုမိုးရှင်းအစီအစဥ်တွင် အကျုံး ၀င်မ၀င် ဆုံးဖြတ်ပေးရန် အတွက် MPT မှ MPT Pay သို့ သင့်ရဲ့ အောက်ပါ အချက်အလက်များကို ပေးပို့မည် ဖြစ်ပါသည်။

– e-money အပိုဆု အတွက် အသုံးပြုသူ၏ ဖုန်းနံပါတ် နှင့် e-money အပိုဆုနှင့် အကျုံး၀င်မှု။

ဤပရိုမိုးရှင်းအစီအစဉ်ကို MPT မှ မည်သည့်အကြောင်းပြချက်နှင့်မဆို ရုပ်သိမ်း (သို့) ပြောင်းလဲ ပိုင်ခွင့်ရှိသည်။

အမေးများသောမေးခွန်းများ

(Q) MPT SIM မဟုတ်တဲ့ တခြား SIM နံပါတ်နဲ့ MPT Pay ကို စာရင်းသွင်း လိုက်ပါက e-money အပိုဆု ရနိုင်ပါသလား။

(A) မရနိုင်ပါ ။ ပရိုမိုးရှင်းကာလအတွင်း MPT SIM နံပါတ်နှင့် MPT Pay ကို စာရင်းသွင်းမှသာ e-money အပိုဆု ရရှိနိုင်မှာဖြစ်ပါတယ်။

(Q) ပရိုမိုးရှင်းကာလ မတိုင်ခင်တည်းက MPT Pay သုံးစွဲသူဖြစ်ပါက ဤ ပရိုမိုးရှင်းမှာ ပါ၀င်နိုင်ပါသလား။

(A) ပါ၀င်နိုင်ပါတယ်။ ပရိုမိုးရှင်းကာလ မတိုင်ခင်တည်းက MPT Pay သုံးစွဲသူဖြစ်ပါက MPT Pay မှ ဖုန်းငွေ ၂၀၀၀ ကျပ် မိမိ ဆင်းမ်ကဒ်ထဲသို့ တစ်ကြိမ် ဖြည့်၍ ပရိုမိုကုဒ် ရယူရန် ပါ၀င်နိုင်ပါတယ်။

(Q) ပရိုမိုးရှင်းကာလအတွင်း MPT Pay မှ ဖုန်းငွေ ၁၀၀၀ ကျပ် နှစ်ကြိမ် ဖြည့်လိုက်ပါက ပရိုမိုကုဒ် အပိုဆု ရနိုင်မလား။

(A) မရနိုင်ပါ။ ပရိုမိုးရှင်း ကာလအတွင်း MPT Pay မှ တစ်ကြိမ်လျှင် ၂၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်မှသာ ပရိုမိုကုဒ်  အပိုဆု ရရှိနိုင်မှာ ဖြစ်ပါတယ်။

(Q) ပရိုမိုကုဒ် အပိုဆုကို ဘယ်လို သုံးရမလဲ။

(A) MPT Pay အကောင့်ထဲ တွင် ပရိုမိုကုဒ်  ကို လဲလှယ် အသုံးပြုနိုင်ပါတယ်။

(Q) ပရိုမိုကုဒ် ကို ဘာအတွက် သုံးလို့ရလဲ။

(A) ပရိုမိုကုဒ်  ကို ဖုန်းငွေနှင့် လဲလှယ် အသုံး ပြုနိုင်ပါသည်။