×

MPT မှ စျေးနှုန်းများလျှော့ချပြီး လစဉ်သုံး Data Package များကို ရိုးရှင်းလွယ်ကူသောပုံစံဖြင့် ပြောင်းလဲမိတ်ဆက်

09 Dec 2016

ရောင်စုံ Data Package များကို ပိုမိုသက်သာသောနှုန်းထားဖြင့် ရယူနိုင်ပါပြီ

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် MPT ရောင်စုံ Data Package များ အမည်ရ Data အမျိုးအစားများ၏ စျေးနှုန်းများကို လျှော့ချလိုက်ပြီဖြစ်ပါသည်။

ရောင်စုံ Data Packageများ တွင် နေ့စဉ်သုံး Data Package ၁ ခုနှင့် လစဉ်သုံး Data Package ၄ ခု ဟူ၍ ပါ၀င်ပြီး MPT သုံးစွဲသူများသည် မိမိတို့နှစ်သက်ရာပက်ကေ့ချ်များကို လွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင် တော့မည် ဖြစ်ပါသည်။

ပြောင်းလဲသတ်မှတ်လိုက်သည့် အစီအစဉ်အရ MPT သည် နေ့စဉ်သုံး Data ပက်ကေ့ချ်တွင် အသုံးပြုနိုင်မည့် Data ပမာဏ တိုးမြှင့်ပေးလိုက်ရာ သုံးစွဲသူများသည် Data ပမာဏများများကို စျေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ဤကဲ့သို့ စျေးနှုန်းပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် MPT ၏ ရိုးရှင်းသောData ပက်ကေ့ချ်များသည် လက်ရှိစျေးကွက်ထဲတွင် အသက်သာဆုံးသော ပက်ကေ့ချ်နှုန်းထားများ ဖြစ်လာပါသည်။

သုံးစွဲသူများသည် နေ့စဉ်သုံး Data ပက်ကေ့ချ်တွင် မူလ Data ပမာဏ 120MB အစား 150MB ကို ၃၉၉ ကျပ်ဖြင့် ပြောင်းလဲရယူနိုင်ပါမည်။ ထို့မျှမက လစဉ်သုံး Data ပက်ကေ့ချ် ၄ ခုအတွက်လည်း Data အပိုဆုပေးအပ်ခြင်းအစား မူလ Data ပမာဏကို နှစ်ဆတိုးမြှင့်လိုက်ခြင်းကြောင့် မိမိတို့ အသုံးပြုမည့်ပမာဏနှင့် ကိုက်ညီမည့် ပက်ကေ့ချ်များကို ပိုမိုလွယ်ကူစွာဖြင့် ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

လစဉ်သုံးDataပက်ကေ့ချ်များထဲမှ အနည်းဆုံးပမာဏဖြစ်သည့် 400MB ကို 1GB သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီး နှုန်းထားအားဖြင့် ၂၈၉၀ ကျပ်သာ ကျသင့်မည်ဖြစ်၍ MPT အသုံးပြုသူများသည် အွန်လိုင်းအသုံးပြုခြင်း၊ messaging app များ အသုံးပြုပြီး သူငယ်ချင်းများနှင့် စကားပြောခြင်း၊ လူမှုကွန်ရက်မီဒီယာများတွင် ဓာတ်ပုံများပေးပို့ခြင်းတို့ကို ပိုမိုပြီး လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ရောင်စုံ Data ပက်ကေ့ချ်များကို အခြားပက်ကေ့ချ်များကဲ့သို့ပင် MPT ၏ prepaid/postpaid GSM/WCDMA အသုံးပြုသူများအားလုံး ရယူနိုင်မည်ဖြစ်ပါသည်။ ညသုံး Data ပက်ကေ့ချ်ကဲ့သို့ အခြားသောပရိုမိုးရှင်း Data ပက်ကေ့ချ်များနှင့်လည်း တွဲဖက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

နေ့စဉ်သုံး Data ပက်ကေ့ချ်ကို ၀ယ်ယူသည့်အချိန်မှစ၍ ၂၄ နာရီအတွင်း အသုံးပြုနိုင်ပြီး အဆိုပါ၀ယ်ယူသည့် နေ့၏ ည ၁၂ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

MPT-KSGM ၏ Chief Commercial Officer ဖြစ်သူ Mr Koichi Kowase က “MPT ဟာ Data ပက်ကေ့ချ်ကို အသက်သာဆုံးနှုန်းထားနဲ့ မြန်မာနိုင်ငံမှာ ပေးအပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရောင်စုံဒေတာ ပက်ကေ့ချ်များအားလုံးကို လွယ်ကူရိုးရှင်းစွာ ရယူပြီး Data ပမာဏများများကို ပိုမိုသက်သာတဲ့ နှုန်းထားတစ်ရပ်နဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲသူများ အကြိုက်ဖြစ်မှာပါ။ လူကြိုက်များတဲ့ အခြားသောပရိုမိုးရှင်းများကိုလည်း ကျွန်တော်တို့ ဆက်လက်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပေးရတဲ့အဖိုးအခထက်ကို ပိုမိုတန်တဲ့ MPT ရဲ့ ၀န်ဆောင်မှုများကို ရယူဖို့ ဆက်လက်ပြီး စောင့်ကြည့်ပေးပါဦးလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်” ဟု ဆိုပါသည်။

သုံးစွဲသူများသည် MPT ဆင်းမ်ကတ်ဖြင့် *106# သို့ခေါ်ဆို၍ အင်တာနက် Data ပက်ကေ့ချ်ရွေးချယ်ကာ ရောင်စုံ Data ပက်ကေ့ချ်များကို ရယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် SMS မှတစ်ဆင့် ပေးပို့ပြီးလည်း ရယူနိုင်မည်ဖြစ်ပါသည်။

Monthပက်ကေ့ချ် Data ပမာဏ စျေးနှုန်း(ကျပ်) Ks/MB ရယူရန်
နေ့စဉ်သုံး 150MB 399Ks 2.8Ks/MB ၁၃၃၂ သို့ ‘150MB’ ဟု စာတိုပေးပို့ပါ

(သို့မဟုတ်)

*2001# သို့ ခေါ်ဆိုပါ

လစဉ်သုံး 1GB 2,850Ks 3.0Ks/MB ၁၃၃၂ သို့ ‘1GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်)

*2001# သို့ ခေါ်ဆိုပါ

2GB 5,250Ks 2.75Ks/MB ၁၃၃၂ သို့ ‘2GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်)

*2001# သို့ ခေါ်ဆိုပါ

4GB 9,500Ks 2.5Ks/MB ၁၃၃၂ သို့ ‘4GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်)

*2001# သို့ ခေါ်ဆိုပါ

10GB 18,000Ks 1.9Ks/MB ၁၃၃၂ သို့ ‘10GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်)

*2001# သို့ ခေါ်ဆိုပါ

မှတ်ချက်။ အထက်ဖော်ပြပါနှုန်းထားများအပြင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပါ ပေးဆောင်ရမည် ဖြစ်ပါသည်။