MPT Myanmar | Moving Myanmar Forward MPT Ring Tune MM Faqs - MPT Myanmar | Moving Myanmar Forward
×

Caller Ring Back Tone ဝန်ဆောင်မှု

၁။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။

၂။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
• MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
• SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။
• လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
• *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

၃။ Ring Tune ဝန်ဆောင်မှု အတွက် မည်သို့ ကျသင့်မည့် နည်း။

• လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
• အပတ်စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
• နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
• သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။

၄။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။

ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။

၅။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။

• 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
• 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
• MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
• *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

၆။ လူတစ်ယောက်ချင်းစီ အတွက် တေးသွား သတ်မှတ်လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်ပါ ဖော်ပြထားသော အချက်များကို လုပ်ဆောင်၍ လူတစ်ယောက်ချင်းစီ အတွက် သီးသန့် Ring Tune သတ်မှတ်ထားလို့ ရနိုင်ပါသည်။
• 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆိုပြီ: လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။

၇။ မိမိ ကြိုက်နှစ်သက်သော တေးသီချင်း အား သူငယ်ချင်းထံမှ ကူးယူ လို့ ရနိုင်ပါသလား။

ဟုတ်ကဲ့ အောက်တွင် ဖော်ပြထားသော အချက်အလက်များအား လုပ်ဆောင်၍ လူကြီးမင်း သူငယ်ချင်း၏ MPT ring Tune ဝန်ဆောင်မှုမှ သီချင်းကို လူကြီးမင်း၏ ဖုန်းတေးသီချင်း အဖြစ် ကူးယူနိုင်ပါသည်။
• 7979 သို့ အခမဲ့ ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။ (သို့မဟုတ်)
• *7979# ဟု ရိုက်နှိပ်ပြီး လည်း ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။

၈။ လူတစ်ယောက်လျှင် သီချင်း အပုဒ်ရေ မည်မျှ ဝယ်ယူ ရရှိနိုင်ပါသလဲ။

လူတစ်ယောက်လျှင် အများဆုံး သီချင်း ဆယ်ပုဒ်အထိ ဝယ်ယူနိုင်ပြီး ၎င်း တေးသီချင်း များကို ခေါ်ဆိုသူဘက်မှ အလှည့်ကျနားဆင်နိုင်မှာ ဖြစ်ပါတယ်။

၉။ ဝယ်ယူထားသော သီချင်းကို မည်သို့ ပယ်ဖျက်နိုင်ပါ သလဲ။

• 7979 ကို ဖုန်းခေါ်ဆို၍ အကူအညီပေးရန် သို့ သွားရောက်ပြီး ကိုယ်ပိုင်အကောင့်ကို စစ်ဆေးရန် သို့ ဝင်ရောက်၍ သီချင်း ကို ပယ်ဖျက်ရန် ကို ရွေးပါ။ (သို့မဟုတ်)
• Del ဟု ရိုက်နှိပ်၍ 7979 သို့ SMS ပေးပို့ပါ။ Example: Del 0001110010 (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆို ၍ သီချင်းအား ပယ်ဖျက်နိုင်ပါသည်။

၁၀။ အကယ်၍ ဖုန်းပြောနေစဥ်အတွင်း တခြားတစ်ယောက်မှ မိမိထံ ဖုန်းခေါ်နေသောအခါ မိမိRing Tune ဝန်ဆောင်မှု မည်သို့ လုပ်ဆောင်မည်နည်း။

ဤအခြေအနေတွင် လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသူမှာ ပုံမှန် ဖုန်းမြည်သံကိုသာ ကြားရမည် ဖြစ်ပါသည်။

၁၁။ သူငယ်ချင်း နဲ့ မိသားစုဝင် များထံသို့ Ring Tune သီချင်း ဝန်ဆောင်မှု လက်ဆောင် ဘယ်လိုပေးမလဲ။

7979 သို့ (အခမဲ့) ဖုန်းခေါ်ဆို၍ လမ်းညွှန်ချက်များ အတိုင်း လုပ်ဆောင်၍ ရယူနိုင်ပါသည်။

၁၂။ Ring Tune ဝန်ဆောင်မှု လက်ဆောင် ပေးရန်အတွက် မည်သို့ ကျသင့်ပါမည်နည်း။

အကယ်၍ လူကြီးမင်းလက်ဆောင် ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှုအား ရယူထားပြီးသူ ဖြစ်ပါက –
• သီချင်း အတွက် ပထမ တစ်လစာ ဝန်ဆောင်မှု ၃၁၅ ကျပ်အား လူကြီးမင်းထံမှ ကျသင့်ပြီး နောက်လများမှ စ၍ သီချင်းလက်ဆောင် လက်ခံရရှိသောသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
အကယ်၍ သီချင်း လက်ဆောင်ပေးလိုသောသူမှာ Ring Tune ဝန်ဆောင်မှု အား ရယူထားခြင်း မရှိပါက –
• Ring Tune ဝန်ဆောင်မှု ပထမ ရက်(၃၀)စာ အတွက် ၁၀၅၀ကျပ် နှင့် သီချင်းအတွက် ရက် ၃၀ စာ ဝန်ဆောင်ခ ၃၁၅ ကျပ် အား လူကြီးမင်းထံမှ ကျသင့်ပါမည်။ နောက်လများမှ စ၍ Ring Tune ဝန်ဆောင်ခ ၁၀၅၀ ကျပ်နှင့် သီချင်း အတွက် ဝန်ဆောင်ခ ၃၁၅ ကျပ်အား လက်ဆောင်လက်ခံရရှိသူထံမှ ပေးဆောင်ရမည် ဖြစ်ပါသည်။

၁၃။ Name Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။

Name Tune ဝန်ဆောင်မှု ဆိုသည်မှာ လူကြီးမင်းထံ သို့ ဖုန်းခေါ်သူများကို လူကြီးမင်း၏နာမည်ဖြင့် နှုတ်ဆက်ခြင်း ပုံစံဖြင့် MPT မှ ရရှိနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။

၁၄။ Name Tune ဝန်ဆောင်မှာ အား မည်သို့ ရယူနိုင်ပါ မည်နည်း။

အောက်တွင် ဖော်ပြ ထားသော နည်းလမ်းများထဲမှ တစ်ခု ကို အသုံးပြု၍ MPT Name Tune ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။
• SMS ပေးပို့ရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန် REG M ဟု SMS ပေးပို့ခြင်း၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG W ဟု SMS ပေးပို့ခြင်း၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန် REG D ဟု 7979 သို့ SMS ပေးပို့၍ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ (သို့မဟုတ်)
• ပိုမိုသိရှိရန် 106 ကို ဖုန်းခေါ်ဆို၍ Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

၁၅။ Name Tune ဝန်ဆောင်မှု အတွက် မည်သို့ကျသင့်ပါမည်နည်း။

• လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ ရက်၃၀စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း)၁၀၅၀ ကျပ် ကျသင့်ပါမည်။
• Name Tune တစ်ပုဒ် အတွက် ရက်၃၀ စာ (အခွန်ပါဝင်ပြီးစျေးနှုန်း )၃၁၅ ကျပ် ကျသင့်ပါမည်။

၁၆။ ဝန်ဆောင်မှု သက်တမ်းတိုးရန် ဖုန်းဘေလ်လုံလောက်မှု မရှိပါက မည်သို့ဖြစ်နိုင်ပါသလဲ။

• နောက်(၅)ရက်အတွင်း ဝန်ဆောင်မှုအတွက် ကျသင့်ငွေကို ကောက်ခံမှာြဖစ်ပြီး ဝန်ဆောင်ခအတွက် လက်ကျန်ငွေလုံလောက်မှု ရှိပါက ဝန်ဆောင်မှုကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• နောက်(၅)ရက်အတွင်း ဖုန်းဘေလ် လုံလောက်မှုမရှိပါက လူကြီးမင်းကိုယ်တိုင် ဝန်ဆောင်မှုအား ရပ်ဆိုင်းရန်အတွက် တောင်းဆိုနိုင်ပါသည်။

၁၇။ ဝန်ဆောင်မှု အား သက်တမ်းတိုးရန် ငွေ လုံလောက်ခြင်းမရှိပါက မည်သို့ ဖြစ်နိုင်မည်နည်း။

အကယ်၍ လူကြီးမင်းထံ၌ လက်ကျန်ငွေ မလုံလောက်ပါက ဝန်ဆောင်မှု အတွက် သက်တမ်းတိုးပေးရန် စောင့်ဆိုင်းသော ကာလသို့ ရောက်ရှိပါမည်။အကယ်၍ သက်တမ်းတိုးရန် စောင့်ဆိုင်းကာလတွင် သက်တမ်းတိုးခြင်းအား မအောင်မြင်ပါက လူကြီးမင်း၏ ဝန်ဆောင်မှုအား အလိုအလျောက် ပယ်ဖျက်မည် ဖြစ်ပါမည်။