သုံးစွဲသူများအနေဖြင့် မိမိထံ ဖုန်းခေါ်နေသူများကို မိမိဖုန်းမကိုင်ခင်အချိန်အတွင်း
ကြားစေလိုသည့် သီချင်းသံများကို နားဆင်စေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။
MPT Ring Tune ဆိုတာဘာလဲ?
ဝန်ဆောင်မှုနှုန်းထားနှင့် ရယူနိုင်မည့် နည်းလမ်းက ဘယ်လိုလဲ?
ဝန်ဆောင်မှုရယူရန်
SMS ပေးပို့ရန်
သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) 7979 သို့ “UL ဟုပေးပို့ပါ”
လစဉ်ပေး ဝန်ဆောင်မှုအတွက် 7979 သို့ REG M
အပတ်စဉ်ပေးဝန်ဆောင်မှုအတွက်7979သို့ REG W
နေ့စဉ်ပေး ဝန်ဆောင်မှုအတွက် 7979 သို့ REG D
7979 သို့ (အခမဲ့) ခေါ်ဆိုခြင်း
*7979# သို့ ရိုက်နှိပ်၍လည်း ဝန်ဆောင်မှုအား ရရှိနိုင်ပါသည်။
Ringtune ကို လက်ရှိအသုံးပြုထားသူထံသို့ ဖုန်းခေါ်နေစဥ် နားဆင်ခဲ့သော Ringtune ကို ရယူလိုပါက * ကို နှိပ်ပါ။
ဝန်ဆောင်မှုနှုန်းထားများ
သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) တရက်လျှင်၁၀၀ ကျပ်
နေ့စဉ်ပေး ဝန်ဆောင်မှု -တစ်ရက်စာအတွက် ၄၇ ကျပ်
အပတ်စဉ်ပေး ဝန်ဆောင်မှု – ၇ ရက်စာအတွက် ၃၀၀ ကျပ်
လစဉ်ပေး ဝန်ဆောင်မှု – ရက် ၃၀စာအတွက် ၁၀၅၀ ကျပ်
အထက်ပါနှုန်းထားများမှာ အခွန်ပါဝင်ပြီးစျေးနှုန်းများဖြစ်ပါသည်။
ဝန်ဆောင်မှု ပယ်ဖျက်ရန်
7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
7979 သို့ (အခမဲ့) ခေါ်ဆို၍လည်း ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။
အမေးများသောမေးခွန်းများ
၁။ Ring Tune ဝန်ဆောင်မှု ဆိုတာ ဘာလဲ။
- Ring Tune ဝန်ဆောင်မှုဆိုသည်မှာ လူကြီးမင်း၏ ပုံမှန် ဖုန်းမြည်သံအစား လူကြီးမင်း ရွေးချယ်လိုက်သော သီချင်းကို တေးသွား အဖြစ်သို့ အစားထိုးလိုက်သော ဝန်ဆောင်မှု ဖြစ်ပါသည်။လူကြီးမင်းထံသို့ ဖုန်းခေါ်ဆိုသောအခါ လူကြီးမင်းဖုန်းမှ ရွေးချယ်ထားသော တေးသီချင်းများကို ဖုန်း Ring Tuneအဖြစ် ကြားရပါမည် ။ လူကြီးမင်း ကြိုက်နှစ်သက်သော တေးသွားများအား လတ်တလော ရေပန်းအစားဆုံး တေးသီချင်းများစွာ ထဲမှ ရွေးချယ်နိုင်ပါသည်။
၂။ Ring Tune service ကို ဘယ်လို ရယူနိုင်ပါလဲ?
- အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
- MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
- SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု ပေးပို့နိုင်ပါတယ်။
- လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy <tuneID> ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
- *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။
၃။ Ring Tune ဝန်ဆောင်မှု အတွက် မည်သို့ ကျသင့်မည့် နည်း။
- သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ကို တရက်လျှင် ၁၀၀ကျပ် (အခွန်ပါပြီးသား) ကျသင့်ပါမည်။
- လစဥ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
- အပတ်စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
- နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
- သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
- နေ့စဥ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၄၇ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။
၄။ Ring Tune ဝန်ဆောင်မှုအား သတ်တမ်း တိုးရန် မည်သို့ လုပ်ဆောင်ရမည်နည်း။
- ဤဝန်ဆောင်မှုသည် အလိုအလျှောက် သက်တမ်း တိုးပေးသော ဝန်ဆောင်မှု ဖြစ်ပါသည်။ လူကြီးမင်း၏ ဝန်ဆောင်မှု ရက် သက်တမ်းအား အခြေခံ ၍ Ring Tune ဝန်ဆောင်မှု သက်တမ်းနှင့် သီချင်း ဝန်ဆောင်မှု သက်တမ်း ပြည့်လျှင် လူကြီးမင်း၏ ဖုန်းလက်ကျန်ငွေမှ ဝန်ဆောင်မှု အတွက် ကျသင့်ငွေအား နှုတ်ယူပါမည်။
၅။ Ring Tune ဝန်ဆောင်မှုအား မည်သို့ ပယ်ဖျက်ရမည်နည်း။
- 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
- 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
- MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
- *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
- 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။
၆။ လူတစ်ယောက်ချင်းစီ အတွက် တေးသွား သတ်မှတ်လို့ ရနိုင်ပါသလား။
- ဟုတ်ကဲ့ အောက်ပါ ဖော်ပြထားသော အချက်များကို လုပ်ဆောင်၍ လူတစ်ယောက်ချင်းစီ အတွက် သီးသန့် Ring Tune သတ်မှတ်ထားလို့ ရနိုင်ပါသည်။
- 7979 သို့ (အခမဲ့) ဖုန်းခေါ်ဆိုပြီ: လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။
Q1. * Copy ဝန်ဆောင်မှုဆိုတာဘာလဲ။
CRBT ဝန်ဆောင်မှုကို လက်ရှိအသုံးပြုထားသူထံသို့ CRBT ဝန်ဆောင်မှု အသုံးမပြုထားသူမှ ဖုန်းခေါ်ဆိုသောအခါ * ကို နှိပ်ခြင်းဖြင့် CRBT Ring Tune ဝန်ဆောင်မှုကို အလွယ်တကူရယူနိုင်သည့် လုပ်ဆောင်ချက်ဖြစ်သည်။
Q2. CRBT ဝန်ဆောင်မှုကို *Copy ဖြင့် ဘယ်လိုရယူနိုင်ပါသလဲ။
- ဖုန်းခေါ်ဆိုသူမှ CRBT ဝန်ဆောင်မှုကို ရယူထားသူထံသို့ ဖုန်းခေါ်ဆိုသောအခါ ၃ စက္ကန့်မှ ၄ စက္ကန့်ကြားတွင် တေးသွားကိုရယူရန် * ကိုနှိပ်ပါ၊ ဟု စတင်ကြားရမှာ ဖြစ်ပြီး ထို့နောက်တွင် CRBT တေးသွားကို စတင်ကြားရမည်ဖြစ်သည်။
- ခေါ်ဆိုသူသည် CRBT ရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * ကို နှိပ်၍ ထိုတေးသွားကိုရယူနိုင်သည်။
- တေးသွားကိုကြားနေရသည့် အချိန်အတွင်းတွင်သာ * ကိုနှိပ်၍ တေးသွားကို ရယူနိုင်သည်။
- CRBT ရယူထားသူ/ခေါ်ဆိုသူထံသို့ ဖုန်းဝင်သွားသောအခါ * ကိုနှိပ်သော်လည်း မည်သည့်လုပ်ဆောင်ချက်မှ လုပ်ဆောင်မည် မဟုတ်ပါ။
Q3. CRBT ဝန်ဆောင်မှုအား ရယူထားခြင်းမရှိသူများအတွက် ဝန်ဆောင်ခ ဘယ်လောက်ကျသင့်ပါသလဲ။
- ဝန်ဆောင်ခအတွက် တစ်ရက်လျှင် ၄၇ ကျပ်ကျသင့်မည်ဖြစ်ပြီး တေးသွားအတွက် တစ်ရက်လျှင် ၁၃ ကျပ်ကျသင့်မည်ဖြစ်မည်။
Q4. CRBT ဝန်ဆောင်မှုရယူထားသူများအတွက် တေးသွားတစ်ပုဒ် ဒေါင်းလော့ လုပ်ခြင်းအတွက် ဘယ်လောက်ကျသင့်ပါသလဲ။
အသုံးပြုသူရယူထားသည့် အစီအစဉ်ပေါ်မူတည်ပါသည်၊
- အကယ်၍ အသုံးပြုသူသည် လစဉ်/အပတ်စဉ်/ နေ့စဉ် အစီအစဉ်ကို (တေးသီချင်း တစ်လစာဖြင့်) ရယူထားပါက တစ်လလျှင် ၃၁၅ ကျပ် ကျသင့်မည်ဖြစ်သည်။
- အကယ်၍ အသုံးပြုသူသည် နေ့စဉ်အစီအစဉ်ကို (တေးသီချင်း တစ်နေ့စာဖြင့်) ရယူထားပါက တစ်နေ့လျှင် ၁၃ ကျပ် ကျသင့်မည်ဖြစ်သည်။
Q5. CRBT ဝန်ဆောင်မှုရယူထားသူထံသို့ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။
- Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။
Q6. ကျွနုပ်ထံသို့ ဖုန်းခေါ်သူများ ဖုန်းခေါ်ဆိုနေစဉ်အတွင်း * Copy ကို မကြားစေလိုလျှင် ဘယ်လိုလုပ်သင့်ပါသလဲ။
- Customer Care သို့ ဆက်သွယ်၍ Blacklisting အတွက် တောင်းဆိုနိုင်ပါသည်။ ၄၈ နာရီအတွင်း လုပ်ဆောင်ပေးပါသည်။
၁။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ဆိုတာ ဘာလဲ။
- သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ဆိုသည်မှာ အသုံးပြုသူများသည် မိမိတို့ကြိုက်နှစ်သက်သော တေးသီချင်းများကို တစ်နေ့တာအတွင်း အကန့်အသတ်မရှိ ရယူနိုင်သော အစီအစဉ်ဖြစ်ပါသည်။
- တေးသီချင်းအရေအတွက်ဘယ်လောက်များများ အပိုဝန်ဆောင်ခ ထပ်မံကောက်ခံမည်မဟုတ်ပါ။
၂။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်၏ ဝန်ဆောင်ခမှာ ဘယ်လောက်ကျသင့်ပါသလဲ။
အသုံးပြုသူများသည် သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အတွက် ဝန်ဆောင်ခ ၁ ရက်လျှင် ၁၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။
၃။ ဝန်ဆောင်မှုကို အလိုအလျောက်သက်တမ်းတိုးမည်လား။
အသုံးပြုသူမှ ဝန်ဆောင်မှုကို မပယ်ဖျက်ခင်အထိ နေ့စဉ် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။
၄။ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်အား မည်သည့်နည်းလမ်းများဖြင့် ရယူနိုင်ပါသလဲ။
SMS (စာတို) – 7979 သို့ UL ဟုပေးပို့ပါ။(အသုံးပြုသူအသစ်များအတွက်)
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။
၅။ ဝန်ဆောင်မှုအား မည်သည့်နည်းလမ်းများဖြင့် ပယ်ဖျက်နိုင်ပါသလဲ။
SMS (စာတို) – 7979 သို့ UNR ဟုပေးပို့ပါ။
USSD – *7979*6# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/သို့ဝင်ရောက်၍ ကျွန်ုပ်၏ အကောင့် အောက်တွင် စစ်ဆေးပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။
၆။ တေးသီချင်း download လုပ်ခြင်းအတွက် ဝန်ဆောင်ခ ကျသင့်မည်လား။
- တေးသီချင်း download လုပ်ခြင်းအတွက် သီခြားကျသင့်မည်မဟုတ်ပါ။
- အသုံးပြုသူသည် ဝန်ဆောင်ခအတွက် ၁ ရက်လျှင် ၁ ကြိမ်သာပေးဆောင်ရမည်ဖြစ်ပြီး တေးသီချင်းများကို အကန့်အသတ်မရှိ download ရယူနိုင်ပါသည်။
၇။ တေးသီချင်းအရေအတွက် မည်မျှ အခမဲ့ download လုပ်နိုင်ပါသလဲ။
အသုံးပြုသူများသည် တေးသီချင်းအရေအတွက် အကန့်အသတ်မရှိ အခမဲ့ download လုပ်နိုင်ပါသည်။
၈။ ကျွန်ုပ်၏ တေးသီချင်းစာရင်းထဲတွင် တစ်ကြိမ်လျှင်တေးသီချင်းအရေအတွက် မည်မျှ သိမ်းဆည်းထားနိုင်ပါသလဲ။
တစ်ကြိမ်လျှင် တေးသီချင်းအရေအတွက် အများဆုံး ၂၀ အထိ သိမ်းဆည်းထားနိုင်ပါသည်။
၉။ အကယ်၍ ကျွန်ုပ်၏တေးသီချင်းစာရင်းတွင် တေးသီချင်းအရေအတွက် အများဆုံးအထိ ရောက်ရှိသွားပါက မည်သို့ဖြစ်မည်နည်း။
- အကယ်၍ အသုံးပြုသူ၏ တေးသီချင်းစာရင်းတွင်အများဆုံးတေးသီချင်းအရေအတွက် ပြည့်သွားပါက တေးသီချင်းများကို ထပ်မံထည့်သွင်းနိုင်စေရန် လက်ရှိတေးသီချင်းကို ဖယ်ရှားရပါမည်။
- လက်ရှိတေးသီချင်းများကို ပယ်ဖျက်နိုင်ရန် – https://ringtune.mpt.com.mm သို့ဝင်ရောက်နိုင်ပါသည် (သို့) 7979 သို့ ခေါ်ဆို၍ညွှန်ကြားချက်များအတိုင်းလုပ်ဆောင်ပါ။ (သို့) *7979# သို့ ခေါ်ဆိုပါ။
၁၀။ အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကို မည်သို့ရယူနိုင်မည်နည်း။
အကယ်၍ ringtune ဝန်ဆောင်မှုကို လက်ရှိရယူထားသူဖြစ်ပါက သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်ကိုအောက်ပါအတိုင်းနည်းလမ်းများအတိုင်းရယူနိုင်ပါသည်။
SMS (စာတို) – 7979 သို့ UP ဟုပေးပို့ပါ။
USSD – *7979*1# သို့ ခေါ်ဆိုပါ။
IVR – 7979 သို့ ခေါ်ဆို၍ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။
Website – https://ringtune.mpt.com.mm/crbt-web-portal/ သို့ဝင်ရောက်လေ့လာပါ။
Customer Care – MPT customer care 106 သို့ ဖုန်းခေါ်ဆိုပါ။
၁၁။ အကယ်၍ ရယူထားသော ပုံမှန် ringtune အစီအစဉ်မှ သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်းများ) အစီအစဉ်သို့ မြှင့်တင်ပြောင်းလဲလိုက်လျှင် တေးသီချင်းစာရင်းထဲရှိ တေးသီချင်းများမည်သို့ဖြစ်မည်နည်း။
တေးသီချင်းစာရင်းထဲရှိတေးသီချင်းများကို ပယ်ဖျက်မည်မဟုတ်ပဲ အသစ် download လုပ်မည့် တေးသီချင်းများနှင့်အတူ ဆက်လက်ရှိနေမည်ဖြစ်သည်။
MPT Ring Tune အသုံးပြုထားတာကြောင့်
ကျွန်တော်ဖုန်းကိုခေါ်လိုက်တိုင်း
ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို ကျွန်တော့်သူငယ်ချင်းတွေနဲ့
မိသားစုဝင်တွေက နားထောင်လို့ရတယ်လေ။
အခြားဝန်ဆောင်မှုများ
Voice Mail Services
Voice mail service နဲ့ ဖုန်းမကိုင်နိုင်တဲ့ အခါတွေမှာ၊ အသံဖိုင်လက်ခံလို့ရပြီ။
Call Me Back
Call me back နဲ့ ခေါ်ပြီး သူငယ်ချင်းတွေကို ဖုန်းပြန်ခေါ်ခိုင်းလို့ ရသွားပြီ။