MPT Myanmar | Moving Myanmar ForwardMPT Store Lists - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT ရဲ့ Branded Shop တွေမှာသာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေက

  • သင့်ရဲ့ 2G/3G ဆင်းကတ်အဟောင်းများကို သာမန် 4G/LTE ထက် နှစ်ဆပိုမြန်တဲ့ LTE+ ဆင်းကဒ်များအသစ်များဖြင့် အခမဲ့လှဲလှယ်ပေးခြင်း။
  • ပိတ်ရက်မရှိ နေ့စဉ်ဝန်ဆောင်မှုများပေးခြင်း(ကာလဒေသပေါ်မူတည်ပြီး ကွဲပြားချက်ရှိနိုင်ပါသည်။)
  • ပျောက်ဆုံးသွားသော၊ ပျက်သွားသောဆင်းကဒ်များအား မိနစ်ပိုင်းအတွင်း ပြန်လည်လျှောက်ထားနိုင်ခြင်း။
  • စနစ်တကျမှတ်ပုံတင်ပြီး မိမိအမည်ပေါက် ဆင်းကဒ်အသစ်များအားဝယ်ယူနိုင်ခြင်း။
  • အခါအားလျော်စွာ MPT အမှတ်တံဆိပ်ပရိုမိုးရှင်းလက်ဆောင်များရရှိနိုင်ခြင်း။ (MPT အမှတ်တံဆိပ်ဆိုင်များတွင်သာ ရရှိနိုင်သည့် အခွင့်အရေးဖြစ်ပါသည်။)
  • MPT ၏ ကိုယ်စားလှယ်ဝန်ထမ်းများမှ ဝန်ဆောင်မှုပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးခြင်း။
  • ဆိုင်များသည် သွားလာရလွယ်ကူသော နေရာအများစုတွင်ရှိပြီး၊ မြို့နှင့် မြို့နယ်အလိုက် ကိုယ်စားပြုကာဖွင့်လှစ်ထားခြင်း။

MPT Branded Shops Addresses

MPT က အခမဲ့ဝိုင်ဖိုင်နှင့် နည်းပညာဆိုင်ရာ အချက်အလက် စင်တာများဖွင့်လှစ်ပြီး မြန်မာပြည်သူတို့ကို အွန်လိုင်းဖြင့်ချိတ်ဆက်ပေး

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က နိုင်ငံအဝှမ်းတွင် ဒစ်ဂျစ်တယ်နည်းပညာတတ်သိနားလည်မှုအတွက် ခြားနားချက်များကို ကူညီဖြည့်ဆည်း ပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် MPT telecenter ပေါင်း ၄၀ ကို စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်လိုက်သော အဆိုပါ MPT telecenter များမှတစ်ဆင့် သက်ဆိုင်ရာ လူမှုဝန်းကျင်တွင် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မည့် ကျယ်ပြန့်သော သတင်းအချက်အလက်များစွာနှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီ ကာအသုံးပြုနိုင်မည် ဖြစ်သည်။

MPT သည် ဘေးကင်းကာ တာဝန်ယူမှုရှိသည့် အင်တာနက် အသုံးပြုပုံနည်းလမ်းများ အပါအဝင် ကွန်ပျူတာနှင့် တက်ဘလက်တို့ကို အသုံးပြုခြင်းအတွက် နည်းလမ်းများ စသည်တို့ကိုလည်း အများပြည်သူသို့ လမ်းညွှန်ပေးခြင်းဖြင့် အထောက်အကူ ပေးသွားမည်ဖြစ်သည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ MPT telecenter များတွင် မိုဘိုင်းလ် ဆက်သွယ်ရေးကိရိယာများဖြင့် ဝိုင်ဖိုင်စနစ်ကို အခမဲ့အသုံးပြုခွင့် ပေးသွားမည့်အပြင် လက်ပ်တော့များနှင့် တက်ဘလက်များ ကိုလည်း အခမဲ့အသုံးပြုနိုင်ရန် ပံ့ပိုးပေးထားမည် ဖြစ်သည်။ အဆိုပါ ကိရိယာများသည် မြန်မာပြည်သူများ အလွယ်တကူ အသုံးပြုနိုင်ရန် အဆင်သင့်ဖြစ်နေပြီး အသုံးဝင်သည့် အက်ပလီကေးရှင်းများ ဖြစ်သည့် အင်္ဂလိပ်စာ သင်ခန်းစာများ၊ စာအုပ်များဖတ်ရှုနိုင်မည့် ဝန်ဇင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဖျော်ဖြေရေးဆိုင်ရာ ဆော့ဖ်ဝဲများ အစရှိသည်တို့ကိုပါ ထည့်သွင်းထားပါသည်။ MPT telecenter များသို့ လာရောက်သူများအနေဖြင့် လိုအပ်သည်များကို ကူညီပေးရန်အတွက် ဝန်ထမ်းများလည်းရှိနေကာ ၎င်းတို့ထံတွင် သတင်းအချက်အလက်များ ထပ်မံမေးမြန်းနိုင်မည့်အပြင် လမ်းညွှန်မှုများကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် နီးစပ်ရာ MPT Branded Shops များတွင် MPT telecenter အမှတ်တံဆိပ်ကို ရှာဖွေ ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။

MPT Telecenter ဖွင့်လှစ်ထားသည့်နေရာများ

စဉ် တိုင်းနှင့်ပြည်နယ် မြို့
ကချင်မြစ်ကြီးနား
ကယားလွိုင်ကော်
ချင်းဟားခါး
မွန်မော်လမြိုင်
ရခိုင်စစ်တွေ
ရခိုင်သံတွဲ
ရှမ်း (အရှေ့ပိုင်း)ကျိုင်းတုံ
ရှမ်း (တောင်ပိုင်း)တောင်ကြီး
ရှမ်း (မြောက်ပိုင်း)လားရှိုး
၁၀ရှမ်း (တောင်ပိုင်း)ညောင်ရွှေ
၁၁ရှမ်း (တောင်ပိုင်း)အေးသာယာ
၁၂ရှမ်း (တောင်ပိုင်း)နမ့်ဆမ်
၁၃ရန်ကုန်ဆူးလေ
၁၄ရန်ကုန်လမ်း ၄၀
၁၅မန္တလေးမန္တလေး
၁၆မန္တလေးညောင်ဦး
၁၇မန္တလေးမိတ္ထီလာ
၁၈မန္တလေးမြင်းခြံ
၁၉စစ်ကိုင်းမုံရွာ
၂၀စစ်ကိုင်းကလေး
စဉ် တိုင်းနှင့်ပြည်နယ် မြို့
၂၁ပဲခူးပဲခူး
၂၂ပဲခူးပြည်
၂၃ပဲခူးမင်းလှ
၂၄ပဲခူးလက်ပံတန်း
၂၅ပဲခူးပေါက်ခေါင်း
၂၆ပဲခူးတောင်ငူ
၂၇မကွေးမကွေး
၂၈မကွေးတောင်တွင်းကြီး
၂၉မကွေးမင်းဘူး
၃၀မကွေးဂန့်ဂေါ
၃၁မကွေးအောင်လံ
၃၂ဧရာဝတီပုသိမ်
၃၃ဧရာဝတီဟင်္သာတ
၃၄ဧရာဝတီဘိုကလေး
၃၅ဧရာဝတီမြောင်းမြ
၃၆ဧရာဝတီမြန်အောင်
၃၇ဧရာဝတီမအူပင်
၃၈တနင်္သာရီထားဝယ်
၃၉တနင်္သာရီပုလော
၄၀တနင်္သာရီမြိတ်