×

MY MPT USSD Menu

ဤ MY MPT USSD Menu ဝန်ဆောင်မှုအကြောင်းကို ရှင်းပြပါ။

MY MPT USSD Menu ဆိုသည်မှာ MPT သုံးစွဲသူမိဘပြည်သူများအား ၀န်ဆောင်မှုများကို လွယ်ကူလျှင်မြန်စွာအသုံးပြုစေမည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပါသည်။
MY MPT USSD Menu သို့ဝင်ရောက်လိုက်သည်နှင့် Menu မှ ရရှိနိုင်သောဝန်ဆောင်မှုများကိုတစ်နေရာထဲတွင်မြင်တွေ့ရမည်ဖြစ်ပါသည်။
(၁) မိမိစာရင်း – မိမိ၏လက်ကျန်ငွေ အသေးစိတ်အချက်အလက်များ၊ ၀ယ်ယူထားသောအင်တာနက်အစီအစဉ်များ၏လက်ကျန်အချက်အလက် စသည်တို့ကိုအသေးစိတ်စစ်ဆေးနိုင်ခြင်း၊ ဖုန်းငွေလက်ကျန်နဲစဉ်အသုံးပြုနိုင်သောဝန်ဆောင်မှုများ၊ ဖုန်းငွေဖြည့်သွင်းခြင်းများကို တိုက်ရ်ိုက်ပြုလုပ်နိုင်ခြင်း။
(၂) အင်တာနက်အစီအစဉ်များ – ၀ယ်ယူရရှိနို်င်သော အင်တာနက်Package များကို တစ်နေရာတည်းတွင်အလွယ်တကူစုစည်းတွေ့ရှိနိုင်ခြင်း။
(၃) အပိုထပ်ဆောင်းဝန်ဆောင်မှုများ – ဖုန်းခေါ်ဆိုမှုအပြင်ထပ်မံရရှိနို်င်သေးသည့် အပိုထပ်ဆောင်းဝန်ဆောင်မှုများမည်ကဲ့သို့ရယူနိုင်မည်ကို အချက်အလက်ပြည့်စုံစွာ SMS ဖြင့်ရရှိနိုင်ခြင်း ။
ယခင်စာမျက်နှာသို့ပြန်လည်သွားရောက်လိုပါက Back ကိုရွေးချယ်၍သွားရောက်နိုင်ပါသည်။

MPT USSD Menu ကို ဘယ်လို အသုံးပြုရမည်နည်း။

MY MPT USSD Menu ကို *106# နှိပ်ရုံဖြင့်စတင်အသုံးပြုနိုင်ပါသည်။

My MPT USSD Menu တွင် မည်သည့် ဝန်ဆောင်မှုများ ရရှိနိုင်သလဲ။

မိမိအကောင့် အချက်အလက်များ
• ဖုန်းငွေလက်ကျန် နှင့် ကုန်ဆုံးရက်
• ဖုန်းခေါ်ဆိုမှု၊ SMS၊ အင်တာနက် bundle လက်ကျန် နှင့် ကုန်ဆုံးရက်
• မိမိနံပါတ်ကိုစစ်ဆေးနိုင်ခြင်း
• ဆွေသဟာအစီအစဉ်
လက်ကျန်ငွေအချက်အလက်များ
• မိမိဖုန်းနံပါတ်ကို ဖုန်းငွေဖြည့်ခြင်း
• အခြားဖုန်းနံပါတ်သို့ ဖုန်းငွေဖြည့်ခြင်း
• ဖုန်းငွေလွှဲပြောင်းခြင်း
• ယူထား (ငွေချေးယူုခြင်း)
Package များ ဝယ်ယူုခြင်း
• အင်တာနက် packages (ရရှိနိုင်သော ဝန်ဆောင်မှုများပေါ် မူတည်၍)

MPT သို့ ဆက်သွယ်ခြင်း

မိမိဖုန်းသည် MPT USSD Menu သုံးရန် ကိုက်ညီမှုရှိပါသလား။

MY MPT USSD Menu ကိုမည့်သည့်Handset ဖြင့်မဆိုအလွယ်တကူအသုံးပြုနိုင်ပါသည်။

MY MPT USSD Menu ကိုမြန်မာဘာသာဖြင့်အသုံးပြုနိုင်ပါသလား။

MY MPT USSD Menu ကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့်အသုံးပြုနိုင်ပါသည်။