×

MPT4U

၁။ MPT4U ဆိုတာဘာလဲ။

MPTသုံးစွဲသူများအတွက် MPT၏ဝန်ဆောင်မှုများကို အလွန်အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်သော မိုဘိုင်းအက်ပလီကေးရှင်းလေးဖြစ်ပါတယ်။

၂။ MPT4U ကိုဘယ်သူတွေအသုံးပြုလို့ရပါသလဲ?

GSM အသုံးပြုသူများအားလုံး MPT4U ကိုအသုံးပြုနိုင်ပါတယ်။

၃။ MPT4U အက်ပလီကေးရှင်းကို ဘယ်လိုရယူနိုင်ပါသလဲ

MPT4U အက်ပလီကေးရှင်း Android Versionကို လိုတရမှ ဒေတာကုန်ကျမှုမရှိဘဲရယူနိုင်ပါသည်။ Google Play Store နှင့် Apple Store တို့မှလဲ သတ်မှတ်ဒေတာကုန်ကျမှုဖြင့် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Google Play Store: http://bit.ly/2z4ZhrJ
Apple Store: http://apple.co/2yNZJWY
Lo Ta Ya – http://lotayamm.com
Direct Download Link – Click Here

၄။ ကျွန်တော်တို့ဖုန်းမှာ MPT4U အက်ပလီကေးရှင်းက ဘယ်လောက်နေရာယူပါသလဲ?

MPT4U အက်ပလီကေးရှငး်ကို သွင်းယူပြီးချိန်တွင် 19MB နေရာယူပါတယ်။

၅။ MPT4U တွင် ဘယ်လိုဝန်ဆောင်မှုများရရှိနိုင်ပါသလဲ

“ MPT4U အက်ပလီကေးရှင်းကိုအသုံးပြုခြင်းဖြင့်
– MPT၏ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအားလွယ်ကူစွာသိရှိဝယ်ယူအသုံးပြုနိုင်ခြင်း
– လက်ကျန်ငွေနှင့်ဝယ်ယူထားသောဝန်ဆောင်မှု၏သုံးစွဲမှုကိုစစ်ဆေးနိုင်ခြင်း
– ငွေဖြည့်သွင်းနိုင်ခြင်း နှင့် MPT အချင်းချင်းလက်ကျန်ငွေလွှဲပြောင်းနိုင်ခြင်း
– အသံဝန်ဆောင်မှု၊ ဒေတာဝန်ဆောင်မှုများဝယ်ယူနိုင်ခြင်း နှင့် နှစ်သက်ရာ MPT အစီအစဉ်သို့ပြောင်းလဲရယူနိုင်ခြင်း
– ယူထားဝန်ဆောင်မှုနှင့် MPT၏အခြားသောထပ်ဆောင်းဝန်ဆောင်မှုများကို အခမဲ့အလွယ်တကူရယူနိုင်ခြင်း
– SIM ကဒ်မှတ်ပုံတင်နိုင်ခြင်း”

၆။ ငွေဖြည့်သွင်းမှုပြုလုပ်ရတွင် QR Code ဖြင့်ဘယ်လိုဖြည့်သွင်းရပါလဲ

၁။ MPT4U အက်ပလီကေးရှင်းကို ဖွင့်ပါ။
၂။ ညာဘက်ထောင့်ရှိ ပင်မစာမျက်နှာ(သို့) အောက်ခြေဘားရှိ ဝန်ဆောင်မှုမှတ်တမ်းကိုဖွင့်၍ ငွေဖြည့်သွင်းမှုကိုရွေးချယ်ပါ။
၃။ ငွေဖြည့်သွင်းသည့် စာမျက်နှာရှိ ငွေဖြည့်ကဒ်နံပါတ်နေရာထောင့်တွင်ရှိသော QR codeလေးအား ဖိလိုက်ပါ။
၄။ ထိုအခါ QR code ကိုဖတ်ရန်အကွက်လေးပေါ်လာပါမည်။ ထိုအကွက်လေးအား ငွေဖြည့်ကဒ်ရှိ QR code ပေါ်တွင် အကွက်ကျကျတင်ပေးပါက အလိုအလျောက် ဖတ်သွားမည်ဖြစ်ပါသည်။
၅။ အောင်မြင်စွာငွေဖြည့်သွင်းပြီးကြောင်း အကြောင်းကြားစာပေါ်လာပါမည်။ ထိုအကြောင်းကြားစာတွင် မိမိလက်ကျန်ငွေပမာဏကိုဖော်ပြပေးမည်ဖြစ်ပါသည်။

၇။ MPT4U တွင် ဒေတာပက်ကေ့ချ်များမည်သို့ဝယ်ယူနိုင်ပါသနည်း။

MPT4U အက်ပလီကေးရှင်းကိုဖွင့်ပါ။ ထို့နောက်ဝန်ဆောင်မှုမှတ်တမ်းကိုရွေးချယ်ပါ ထပ်မံ၍ ကမ်းလှမ်းမှုဝယ်ယူသည်ကိုရွေးချယ်ပါ။ ထို့နောက်မိမိနှစ်သက်ရာ ပက်ကေ့ချ်ကို ရွေးချယ်၍ အသေးစိတ်အချက်အလက်များကိုဖတ်ရှုနိုင်ပါသည်။ စိတ်ကြိုက်ဖြစ်ပါက ဝယ်ယူသည်ကိုနှိပ်၍ ဝယ်ယူနိုင်ပါသည်။

၈။ IOSဖြင့် MPT4U ကိုအသုံးပြုနိုင်ပါသလား။

IOSဖြင့်လည်းMPT4U ကိုအသုံးပြုနိုင်ပါသည်။
http://apple.co/2yNZJWY လင့်မှ တိုက်ရိုက်ရယူနိုင်သည့်အပြင် Apple Store မှလည်း MPT4Uဟု ရှာဖွေရယူနိုင်ပါသည်။

၉။ Zapya ဖြင့်လွှဲပြောင်းယူနိုင်ပါသလား

Zapya ဖြင့်လည်းလွှဲပြောင်းယူနိုင်ပါသည်။

၁၀။ MPT4U ကိုအသုံးပြု၍မရပါက မည်သို့ပြုလုပ်နိုင်ပါလဲ။

MPT4U ကိုအသုံးပြု၍မရပါက MPT၏ ၂၄နာရီဝန်ဆောင်မှုဖြစ်သော သုံးစွဲသူဝန်ဆောင်မှုဌာန ၁၀၆ ( သို့) ၀၁၂၃၉၉၁၀၆ သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

၁၁။ MPT4U ကိုအသုံးပြုရာတွင် ဒေတာကုန်ကျမှုရှိပါလား။

MPT4U ကိုအသုံးပြုရာတွင် ဒေတာကုန်ကျမှုမရှိပါ။

၁၂။ MPT4U ကို Wifi / အခြားအော်ပရေတာကွန်ရက်ဖြင့် အသုံးပြု၍ရနိုင်ပါသလား။

MPT4U ကို အသုံးပြုရာတွင် Wifi / အခြားအော်ပရေတာ ကွန်ရက်ဖြင့် အသုံးပြု၍မရပါ။ MPT မိုဘိုင်းဒေတာကွန်ရက်ဖြင့်သာအသုံးပြုနိုင်ပါသည်။

၁၃။ MPT4U သည် Free App ပါလား (သို့) ဝယ်ယူရန်လိုအပ်ပါသလား။

MPT4U သည် Free အက်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။