MPT Myanmar | Moving Myanmar Forward MPT4u More mm - MPT Myanmar | Moving Myanmar Forward
×

MPT4u

၆။ MPT4U App ကိုအခြားဘယ် Network နဲ့ မဆိုသုံးလို့ရနေပြီလား။

MPT Network သာမက အခြား Network နှင့်လည်းကောင်း၊ Wifi ဖြင့်လည်းကောင်းအသုံးပြုလို့ရပါသည်။ MPT Network ဖြင့်ဝင်ရောက်ပါက အင်တာနက် အခမဲ့ဖြစ်ပါသည်။

၇။ MPT4U Version အသစ်ကဘာလဲ။ Version အသစ်ကို အသုံးပြုရန် အနိမ့်ဆုံး Android နဲ့ iOS ဗားရှင်းကဘယ်လောက်ရှိရမှာလဲ။

IOS : 1.4.0 နှင့် Andorid : 4.3.0 ဗားရှင်း ဖြစ်ပါတယ်။ Android ဗားရှင်း “ 5” ထက်နိမ့်ပြီး iOS ဗားရှင်း “ 9” ထက်နိမ့်လျှင် အသုံးပြုမရပါ။

၈။ သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများသည် MPT4U Versionအသစ်ကိုအသုံးပြုရန် ဒေါင်းလုတ်လုပ်ပြီးတပ်ဆင်နိူင်ပါသလား။

သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများတွင် အက်ပလီကေးရှင်းကို ​ဒေါင်းလုတ် လုပ် နိူင်သော်လည်း တစ်ချို့လုပ်ဆောင်မှုများကို အသုံးမပြုနိုင်ဘဲ အလိုအလျောက် အက်ပလီကေးရှင်းထဲမှထွက်သွားလိမ့်မည်။

၉။ မိမိဖုန်းတွင် MPT4U အက်ပလီကေးရှင်း ဗားရှင်းကိုဘယ်လိုစစ်ဆေးနိုင်မလဲ။

Side bar menu အောက်ရှိ Setting page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၀။ ဘာသာစကားကိုဘယ်လိုပြောင်းရမှာလဲ။

Side bar menu ထဲက -> Setting အောက်ရှိ Language ကိုရွေးပြီး ပြောင်းနိုင်ပါတယ်။

၁၁။ MPT4U အဟောင်းကိုဆက်ပြီးအသုံးပြုနိူင်ပါသလား။

လက်ရှိတွင် MPT4U အဟောင်းကိုဆက်ပြီးအသုံးပြုနိူင်သော်လည်း ဗားရှင်းအသစ်ကို (၃)လအတွင်း update လုပ်ပေးဖို့လိုပါသည်။

၁၂။ MPT4U အက်ပလီကေးရှင်း ဗားရှင်းအဟောင်းတွင် "ထိပေါက်" ကိုကစားနိုင်ပါသလား။

MPT4U အက်ပလီကေးရှင်း ဗားရှင်းအဟောင်းတွင် “ ထိပေါက်” ကို သတ်မှတ်ထားသော အချိန်တစ်ခုအတွင်း ပုံမှန်အတိုင်းကစားနိုင်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အသစ်အဆင့်မြှင့်တင်ထားသော MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို အသုံးပြုပြီး ထိပေါက်ကစားပြီး ကံစမ်းကြရန် အကြံပြုအပ်ပါသည်။

၁၃။MPT Club member များအတွက်ပေးသော Free chance များကို MPT4U အက်ပလီကေးရှင်းဗားရှင်း အဟောင်းတွင် ရရှိနိုင်ပါသလား။

အကယ်၍ အက်ပလီကေးရှင်း အဟောင်းတွင်သာ log in ဝင်ပြီးအသုံးပြုပါက မူလအဟောင်းအတိုင်းသာ Free chance ကိုရရှိမည်ဖြစ်ပြီး အက်ပလီကေးရှင်း အသစ် (သို့) website အသစ်တွင် log in ဝင်ပြီးအသုံးပြုပါက Lucky Draw Free chance ကို အသစ်မှရရှိမည်ဖြစ်ပြီး အက်ပလီကေးရှင်း အဟောင်းကိုထပ်မံအသုံးပြု၍ရတော့မည်မဟုတ်ပါ။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို အသုံးပြုရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

၁၄။ MPT4U Web အသုံးပြုသူသည် ဘာကြောင့် အက်ပလီကေးရှင်း အဟောင်းကို အသုံးပြု၍မရတော့ပါသလဲ။

MPT4U Website တွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ထားသော MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကိုသာ Support လုပ်လိမ့်မည်ဖြစ်သည်။ အက်ပလီကေးရှင်း အဟောင်းကိုဝင်ရောက်အသုံးပြုသည့်အခါ ရရှိသော lucky draw chance များအတွက် နောက်ဆုံးပေါ် ဗားရှင်း ကိုဖွင့်ပြီး အသုံးပြုရန် pop up မက်ဆေ့ပို့၍ သတိပေးလိမ့်မည်။

၁၅။ USSD ဖြင့်ပက်ကေ့ချ်များဝယ်ယူပြီးနောက် ရရှိသော ထိပေါက် chance များကို SMS မှတဆင့်ပေးပို့ပြီးသော်လည်း MPT4Uအက်ပလီကေးရှင်း ထဲတွင်ဘာကြောင့်မတွေ့ရှိရပါသလဲ။

MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို မိတ်ဆက်ပေးပြီးသည့်နော်ကတွင် USSD အပါအဝင် အခြား channel များမှပက်ကေ့ချ်ဝယ်ယူခဲ့ပါက ရရှိသော chance များသည် MPT4U အက်ပလီကေးရှင်းအသစ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်သည့်အတွက် ဗားရှင်းအသစ်တွင်သာ သွားရောက်ကစားနိုင်မှာဖြစ်ပါတယ်။

၁၆။ မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက ->Account detail page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၇။ Home screen မှာ Icon ဘယ်နှခုထိ ထားလို့ရမလဲ။? အဲ့Icon လေးတွေကိုဘယ်လိုပြောင်းလို့ရမလဲ။

Icon (၁၁)ခုထိ ထားလို့ရပါတယ်။ Icon လေးတွေပြောင်းရွေ့ဖို့ရန်အတွက်Service ထဲမှာ edit ကို click လုပ်ပြီး Icon လေးတွေကို drag လုပ်၍ပြောင်းလို့ရပါတယ်။
မှတ်ချက်။ ။ အပေါ်ဆုံးမှာတွေ့မြင်ရမည့် icons ၄ ခုကိုတော့ ကိုယ်လိုချင်သလို ပြောင်းလို့ရမှာမဟုတ်ပါဘူး။ Default ထားထားခြင်းအတွက်ကြောင့် ဖြစ်ပါသည်။

၁၈။ Home screen မှာမြင်ရတဲ့ Privilegeအိုင်ကွန်လေးသည် မည်သည့်အတွက်ထားရှိထားတာပါလဲ?

Privilege icon သည် MPT Club နှင့်ပတ်သက်၍ ပိုမိုသိလိုပါက ၎င်း icon ကိုနှိပ်၍ ဝင်ရောက်ကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။

၁၉။ Account Details တွင်ဖော်ပြထားသော Balance, Daily Usage, Top Up History, Order History များကို မည်သည့်ရက်ပေါင်းအတွင်း စစ်ဆေးလို့ရနိူင်မလဲ။

Account Details တွင်
Balance ကို Real Time Balance အဖြစ် စစ်ဆေးနိုင်မည်ဖြစ်သည်။
Daily usage ကို ရက် ၉၀ ထိနှင့် လက်ရှိ အချိန်ထိစစ်ဆေးနိုင်ပြီး
Top Up History နှင့် Package Purchase History
များကို (၆) လစာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၂၀။ ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို စစ်ဆေးလို့ရပါသလား။

ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို main page ရှိ Lucky Draw ကို နှိပ်ပြီးထိပေါက် Historyတွင် (၇)ရက်ထိစစ်ဆေးလို့ရပါတယ်။

၂၁။ My Profile မှာပါတဲ့ % ကဘာလဲ။

သုံးစွဲသူ၏မှတ်ပုံတင် သတင်းအချက်အလက်ရာခိုင်နှုန်းဖြစ်ပါတယ်။

၂၂။ Package Purchase page တွင်ပေါ်နေသော Gift icon ဆိုတာဘာလဲ။

MPT သုံးစွဲသူ အချင်းချင်း လက်ဆောင်ပေးလို့ရတဲ့ လုပ်ဆောင်ချက်ပါ။

၂၃။ MPT4U game ဝန်ဆောင်မှုဆိုတာဘာလဲ။ မည်သို့ကစားရမလဲ။

MPT4U ၏မူလစာမျက်နှာမှတစ်ဆင့် game icon အားနှိပ်၍ MPT4U game များကို ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂၄။ MPT4U game ကို မည်သူတွေပါဝင်ကစားခွင့်ရှိပါသလဲ။

MPT4U ၏မူလစာမျက်နှMPT4U App အား ဖုန်းတွင်ထည့်သွင်းထားသည့် MPT အသုံးပြုသူများ ပါဝင်ကစားခွင့်ရှိပါသည်။ MPT ကဒ်အသုံးပြုပြီး MPT4U App အားမထည့်သွင်းရသေးသူများ အနေဖြင့်လည်း အောက်ပါလင့်မှ တစ်ဆင့်သော်လည်းကောင်း *4040# အားခေါ်ဆို၍ ဒေါင်းလုတ်လင့်ရယူ၍လည်းကောင်း MPT4U App အားဖုန်းတွင် ထည့်သွင်း၍ ပါဝင်ကစားနိုင်ပါသည်။
ဒေါင်းလုတ်ရယူရန်လင့် – https://bit.ly/MPT4Ufree  မှတစ်ဆင့် game icon အားနှိပ်၍ MPT4U game များကို ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂၅။MPT4U game မှာ game ဘယ်လောက်ပါဝင်မှာလဲ။

အနည်းဆုံး game ပေါင်း (၅) ခုပါဝင်မှာ ဖြစ်ပါတယ်။

၂၆။ Game တွေကို ကစားရင် ဒေတာဖိုး ကုန်ကျပါမည်လား။

MPT4U game များကစားရာတွင် မည်သည့်ဒေတာဖိုးမျှပေးရန် မလိုပဲ အခမဲ့ဒေတာဖြင့် ကစားနိုင်ပါသည်။

၂၇။ Game တွေကို ကစားရင် မည်မျှပေး၍ ကစားရမလဲ။

Game ကစားသူများသည် Game များကို အောက်ပါအခြေအနေနှစ်မျိုးနှင့် ကစားနိုင်ပါသည်။
အခမဲ့ပွဲစဉ်များ – ကစားသူများအနေဖြင့် မည်သည့်အခကြေးငွေပေးစရာမလိုပဲ အခမဲ့ကစားနိုင်ပါသည်။
ဝင်ကြေးပေးပွဲစဉ်များ – ကစားသူများအနေဖြင့် သတ်မှတ်ထားသည့် ဝင်ကြေးပေး၍ ကစားနိုင်ပါသည်။

၂၈။ အခမဲ့ဂိမ်းတွေအတွက် ဆုလက်ဆောင်တွေပါမည်လား။

အခမဲ့ဂိမ်းများအတွက် ဆုလက်ဆောင်များပါဝင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ကစားသူများအတွက် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များကို ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဆုလက်ဆောင်များ ရရှိမှာ ဖြစ်ပါသည်။

၂၉။ ဂိမ်းကစားခြင်း၏ အဆင့်သတ်မှတ်ချက်မှာ အဘယ်နည်း။

သတ်မှတ်ထားသည့် ပွဲစဉ်အချိန်များအတွင်း အမှတ်အများဆုံး ရရှိသူသည် ပထမနေရာကို ရရှိမည် ဖြစ်ပြီး အခြားသော အဆင့်များကိုလည်း အမှတ်ပေါ်မူတည်၍ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ကစားချိန်အတွင်း အမှတ်တူနေ ရှိနေပါက ရမှတ်ပထမဆုံး ရရှိသူသည့် အဆင့်ပိုမှာ ဖြစ်ပါတယ်။

၃၀။ ဝင်ကြေးပေး၍ ကစားရသောဂိမ်းများအတွက် ဆုလက်ဆောင်ဟာ မည်သည့်အရာများဖြစ်သလဲ။ ဝင်ကြေး မည်မျှရှိမည်နည်း။

ဝင်ကြေးပေးရသော ဂိမ်းများအတွက် ဆုလက်ဆောင်များအဖြစ် MPT ဘေလ်များကို ရမှတ်နှင့်အဆင့်အလိုက် ရရှိမည်ဖြစ်ပြီး ဝင်ကြေးမှာ အနည်းဆုံး ၉၉ကျပ်မှ စတင်မည်ဖြစ်ပါသည်။

၃၁။ ဆုရရှိသူများသည် မည့်သည့်အချိန်တွင် လက်ဆောင်များရရှိပါမည်နည်း။

ဆုရရှိသူများသည် ပွဲစဉ်ပြီးဆုံးသည့် အချိန်မှစတင်၍ ၁၀ရက်အတွင်း လက်ဆောင်ရရှိမည်ဖြစ်ပါသည်။

၃၂။ ဆုရရှိသည့်အခါ စာတိုဖြင့် အကြောင်းကြားမည်လား။

ရရှိသည့်ဆုအား ပေးအပ်သည့်အခါတွင် စာတိုဖြင့် အကြောင်းကြားမည်ဖြစ်ပါသည်။
ကစားသမားများသည် မိမိရရှိသည့် အဆင့်နှင့်ဆုလက်ဆောင်များကို ပြိုင်ပွဲကျင်းပနေစဉ်သော်လည်းကောင်း၊ ပြီးဆုံးသွားသည့်သော်လည်းကောင်း ဂိမ်းစာမျက်နှာတွင် စစ်ဆေးကြည့်နိုင်ပါသည်။

၃၃။အကယ်၍ ဂိမ်းကစားသူသည် ယခုပြိုင်ပွဲများအပြင် ယခင်ပြိုင်ပွဲများတွင်ပါ တယ်လီကွန်းဆုများ ဆွတ်ခူးထားပါက ဆုလက်ဆောင်များ၏ သက်တမ်းကို မည်ကဲ့သို့ဖြတ်တောက်သွားမည်နည်း။

တယ်လီကွန်းဆုလက်ဆောင်များ၏ သက်တမ်းသည် ရက်(၃၀)ဖြစ်ပါသည်။
တယ်လီကွန်းဆုလက်ဆောင်အား အစောပိုင်းရရှိသည့် ဆုလက်ဆောင်အား စတင်ဖြတ်တောက်ပြီး အဆိုပါဆုလက်ဆောင်ကုန်သွား၍သော်လည်းကောင်း သက်တမ်းကုန်သွား၍သော်လည်းကောင်း အခြေအနေမှသာ နောက်ဆုံးရရှိသည့် ဆုလက်ဆောင်အား ဖြတ်တောက်သွားပါမည်။