×

Mr. Toshitake Amamiya မှ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်

02 Jan 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်) –Mr. Toshitake Amamiya မှာ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။
ဂျပန်နိုင်ငံရှိ KDDI ကော်ပိုရေးရှင်း (KDDI) ၏ Global Consumer Business ဌာန ၌ အမှုဆောင်အရာရှိချုပ်၊ အထွေထွေ မန်နေဂျာ တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.Amamiya သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ မှ စတင်၍ ဖွဲ့စည်းခဲ့သော MPT-KSGM Joint Operations လုပ်ငန်းတစ်ခုလုံး၏ ဦးဆောင်ခဲ့သူ Mr. Takashi Nagashima ၏ နေရာကို တာဝန်ယူဆက်ခံခြင်းလည်း ဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီ၏ ဖောက်သည် စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲရသည့် Mr. Amamiya သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြားကာလများတွင် ဂျပန်နိုင်ငံရှိ KDDI အုပ်စု၌ပင် Advanced Business Development ဌာန၏ အမှုဆောင်ချုပ် အဖြစ်လည်းကောင်း ၊ Consumer Business Strategy ဌာန၏ အထွေထွေ မန်နေဂျာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
သူသည် KDDI အုပ်စုမှ ပိုင်ဆိုင်မှုပါဝင်သည့် တောင်အမေရိကနိုင်ငံ၊ ပါရာဂွေးရှိ ကြိုးမဲ့ကွန်ရက် အော်ပရေတာ Hola Paraguay S.A ကုမ္ပဏီတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ခုနှစ်တိုင်တိုင် Chief Operating Officer (COO)နှင့် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
Mr. Amamiya သည် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သောနိုင်ငံများ၏ ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှ ရရှိခဲ့သည့် ဝန်ဆောင်မှု အတွေ့အကြုံများနှင့် စီးပွားရေးဖွံ့ဖြိုးမှု အတွေ့အကြံုများကို ယူဆောင်ကာ MPT ၏ မြန်မာနိုင်ငံအတွင်းတွင်ရှိနေသော ဦးဆောင်သူအခန်းကဏ္ဍကို ဆက်လက်ပြီးထိန်းသိမ်းထားကာ အနာဂတ်တွင် အဆင့်ဆင့် တိုးတက်စေရန်အတွက် ဦးစီးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Mr. Amamiya အနေဖြင့် MPT နှင့် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသော ဆက်သွယ်ရေး ကဏ္ဍအတွက် အရေးပါသည့်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ကာ အော်ပရေတာအသစ်များ ဝင်ရောက်လာခြင်း၊ စျေးကွက်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုအသစ်များ ပေါ်ပေါက်လာခြင်းတို့နှင့်အတူ မကြာခင် နှစ်ပိုင်းအတွင်းမှ စတင်ကာ ယှဉ်ပြိုင်မှုမြင့်မားလာချိန်တွင် ရောက်ရှိလာခြင်းလည်း ဖြစ်ပါသည်။
ယခင် CEO ဖြစ်သူ Mr. Takashi Nagashima အနေဖြင့် ဂျပန်နိုင်ငံပြန်လည်ထွက်ခွာပြီး KDDI ၏ စီးပွားရေးကဏ္ဍကို ကြီးကြပ်ရာတွင် အထောက်အပံ့ပြုသွားမည်ဖြစ်ကာ ယင်းမှာ နိုင်ငံအတွင်းရှိ ကော်ပိုရေးရှင်း လုပ်ငန်းများမှ သုံးစွဲသူဖောက်သည်များကို ဝန်ဆောင်မှု့ပေးရသောကဏ္ဍဖြစ်ပါသည်။ Mr. Nagashima သည် ၂၀၁၄ ခုနှစ်မှ စတင်၍ Joint Operations ကို ဖွဲ့စည်းခဲ့ချိန်မှစပြီး ယခုသုံးစွဲသူပေါင်း ၂၁ သန်းကျော် ရှိလာသည့်တိုင်အောင် အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသည့် ကာလအတွင်း ဦးဆောင်သူအဖြစ် ဆောင်ရွက်ခဲ့ကာ ယခုအချိန်တွင် မြန်မာနိုင်ငံအတိုင်းအတာဖြင့် လူဦးရေ၏ ၉၆ ရာခိုင်နှုန်းအထိ ကွန်ရက်ဖြန့်ကျက်ပြီး သိသိသာသာတိုးတက်လာခဲ့ပြီလည်း ဖြစ်ပါသည်။
“MPT နဲ့ လက်တွဲလုပ်ဆောင်ရတဲ့အပေါ် အလွန်ပဲဂုဏ်ယူမိပါတယ်။ ပြီးတော့လည်း မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မိုဘိုင်းအော်ပရေတာဖြစ်ပြီး ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှာ ဦးဆောင်အော်ပရေတာ တစ်ခုဖြစ်တဲ့ MPT-KSGM Joint Operations ရဲ့ ရှိရင်းစွဲအားသာချက်တွေကို အသုံးပြုပြီး ကျွန်တော့်အတွေ့အကြံုတွေနဲ့အတူ လုပ်ဆောင် သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကွန်ရက်ရဲ့ အရည်အသွေးတွေကို မြှင့်တင်ရင်းနဲ့ ပိုမိုအဆင်ပြေပြီး စိတ်ချယုံကြည်ရတဲ့ တယ်လီကွန်းဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ ရရှိနိုင်ဖို့နဲ့ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်ထားတဲ့ ကျွန်တော်တို့ရဲ့ ကွန်ရက်ကနေ ဒေတာအသုံးပြုတွေ၊ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို ရှေ့ဆက် ပံ့ပိုးပေးသွားဖို့ ရည်ရွယ်ပါတယ်” Mr. Toshitake Amamiya က ပြောကြားသည်။
“ကျွန်တော့အနေနဲ့ Mr. Takashi Nagashima ရဲ့ တာဝန်ထမ်းဆောင်ချိန်အတွင်း Joint Operatoins အတွက် အရေးပါတဲ့ ကနဦးကာလတွေမှာ MPT ရဲ့ပုံရိပ်ကို တိုးတက်လာေအောင်လုပ်ဆောင်နိုင်ခဲ့တဲ့ သူ့ရဲ့ စံနမူနာပြုလောက်တဲ့ ဦးဆောင်မှုစွမ်းရည်တွေအတွက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ သူ့ရဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် အနာဂတ်အတွက်လည်း အကောင်းဆုံးတွေ ရရှိပိုင်ဆိုင်စေနိုင်ပါကြောင်း MPT ကနေ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု Mr. Amamiya က ဆက်လက် ပြောကြားသည်။