MyanCare telemedicine
မြန်ကဲ ဆိုတာ ဆရာ၀န်နှင့် လူနာ ကြားမှာ နည်းပညာသုံးပြီး အဆင်ပြေအောင် ၀န်ဆောင်မှု ပေးတဲ့ application ဖြစ်ပါတယ်။ မြန်ကဲ ၀န်ဆောင်မှု ဖြင့် ဆရာ၀န် နှင့် လူနာ တို့၏
အချိန်ကုန်သက်သာခြင်း၊ ငွေကုန် သက်သာခြင်း နှင့် လူပင်ပန်းမှု သက်သာခြင်းများ စတဲ့ အကျိုးကျေးဇူး များ ရရှိနိုင်ပါတယ်။
လူနာများ အနေဖြင့် မိမိနေအိမ် (သို့) အလုပ်မှ ထွက်ခွာစရာ မလိုပဲ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ကျွမ်းကျင်ဆရာ၀န်များဖြင့် ယုံကြည်စိတ်ချရစွာ ကျန်းမာရေး ၀န်ဆောင်မှု ကို ရယူနိုင်ပါတယ်။
အထူးပြု ပညာရပ်ပေါင်း ၂၆ ခုမှ အထူးကု ဆရာ၀န်ပေါင်း ၁၅၀ ကျော်မှ နေ့စဥ် မြန်ကဲ platform မှတဆင့် ကျန်းမာရေး တိုင်ပင်ဆွေးနွေးခြင်းများ၊ ကျန်းမာရေး ၀န်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။