×

Myanmar IDOL ပြိုင်ပွဲကြီးတွင် MPT က Platinum Sponsor အဖြစ်ဆောင်ရွက်မည်

24 Sep 2015

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT မှ စိတ်လှုပ်ရှားဖွယ်ရာပြိုင်ပွဲကိုပံ့ပိုးကူညီ

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၁ – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မကြာမီစတင်ကျင်းပတော့မည့် Myanmar IDOL ပြိုင်ပွဲကြီးတွင် ပလက်တီနမ်စပွန်ဆာအဖြစ်ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

Myanmar IDOL ပြိုင်ပွဲကြီး၏ လူရွေးပွဲကို မြန်မာနိုင်ငံ၏ မြို့ကြီး ၅ မြို့တွင် လာမည့်အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MNTV နှင့် Channel 9 ရုပ်သံလိုင်းများတွင် ၂၀၁၅ ဒီဇင်ဘာလမှ ၂၀၁၆ ဧပြီလအတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။ အမေရိကတွင် အလွန်အောင်မြင်ခဲ့သော အစီအစဉ်ကို အခြေခံ၍ မြန်မာနိုင်ငံတွင်လည်း အရည်အချင်းရှိသော လူငယ်များ ပေါ်ထွန်းလာစေရန် Myanmar IDOL မှ ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

“ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံမှာ MPT က လူတိုင်းရဲ့နေ့စဉ်ဘဝမှာ ပါဝင်နေတာပါ။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို အတူခံစားရင်း အသုံးပြုသူအားလုံးကို အတွေ့အကြုံသစ်တွေ မိတ်ဆက်ပေးချင်တာပါ။ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ရည်ရွယ်ချက်နဲ့လည်း ဒီအစီအစဉ်က ကိုက်ညီတယ်လေ။ ဒါကြောင့် ဒီအစီအစဉ်မှာ sponsor အနေနဲ့ MPT ပါဝင်ခွင့်ရတာကို ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု MPT နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ထားသော KSGM (KDDI Summit Global Myanmar Co., Ltd) ၏ Marketing Director ဖြစ်သူ Mr.Takashi Shigeno က ပြောကြားသည်။

MPT မှ လက်ရှိတွင် LINE application နှင့် ပူးပေါင်းကာ ဆွေသဟာအသုံးပြုသူများအတွက် LINE app ကို အခမဲ့ဒေါင်းလုဒ်ရယူခွင့်ကိုလည်း စက်တင်ဘာ ၃၀ ရက်နေ့အထိ ပေးထားသည်။ ထို့ပြင် ဖုန်းကတ်အသစ်ကို စတင်ဝယ်ယူအသုံးပြုသူများအနေဖြင့်လည်း ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေရန် ဆွေသဟာအစီအစဉ်ကို လျှောက်ထားရန်မလိုဘဲ ချက်ချင်းအသုံးပြုနိုင်ရန် ပြင်ဆင်ပေးထားသည်။ အသုံးမပြုလိုသူများလည်း လွယ်ကူစွာဖြင့် unsubscribe လုပ်နိုင်သည်။ ဆွေသဟာအသုံးပြုသူများ ၅၅ မိနစ်အထိအများဆုံး ဖုန်းပြောဆိုနိုင်ပြီး ၅ မိနစ်စာသာ ကျသင့်မည့် “နာရီတိုင်းမှာ ၅ မိနစ်စာ” အထူးအစီအစဉ်ကိုလည်း စက်တင်ဘာလ ၃၀ ရက်နေ့အထိ အဆင်ပြေစွာသုံးစွဲနိုင်မည်ဖြစ်သည်။