×

Myanmar Ultimate Fight အတွက် MPT မှကူညီပံ့ပိုးမည်

15 Oct 2015

[:my]မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ မကြာခင်ကျင်းပမည့် လက်ဝှေ့ချန်ပီယံပွဲအတွက် အဓိက ပံ့ပိုးကူညီသူအဖြစ် ဆောင်ရွက်မည်

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် Myanmar Ultimate Fight လက်ဝှေ့ပြိုင်ပွဲကြီးတွင် အဓိကပံ့ပိုးသူစပွန်ဆာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။

Myanmar Ultimate Fight ပြိုင်ပွဲကြီးတွင် နာမည်ကျော်မြန်မာ့လက်ဝှေ့ချန်ပီယံများလည်း ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲကြီးကို အောက်တိုဘာ ၂၅ ရက်နေ့၌ ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပွဲစဉ်ပေါင်း ၁၁ ပွဲ ပါဝင်မည်ဖြစ်ပြီး မြန်မာ့လက်ဝှေ့ကျော် ဝမ်ချိုင်းနှင့် ရွှေဝါထွန်းတို့၏ ယှဉ်ပြိုင်ပွဲစဉ်ကလည်း အထူးပွဲစဉ်အဖြစ် ပါဝင်မည်ဖြစ်သည်။ MPT မှ ဤပွဲကြီးကို အဓိကပါဝင်ပံ့ပိုးကူညီရခြင်းမှာ မြန်မာ့ရိုးရာအားကစားနည်းကို လူအများပိုမိုသိရှိလာစေရန်နှင့် အားကစားကဏ္ဍရော ယှဉ်ပြိုင်ပွဲစဉ်များကိုပါ နိုင်ငံတကာအဆင့်သို့ မြှင့်တင်ပေးနိုင်ရန်ဖြစ်ပါသည်။

“မြန်မာ့ရိုးရာလက်ဝှေ့က တကယ့်ကိုစိတ်ဝင်စားစရာကောင်းပြီး ထူးခြားတဲ့အားကစားနည်းတစ်ခုဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်းကို ရေရှည်ထိန်းသိမ်းဖို့အတွက် ပြည်တွင်း ပြည်ပယှဉ်ပြိုင်ပွဲတွေ ပိုမိုစီစဉ်ကျင်းပဖို့လိုပါတယ်။ ဒါကြောင့်လည်း MPT က ဒီ Myanmar Ultimate Fight ပြိုင်ပွဲကြီးကို ကူညီပံ့ပိုးသွားဖို့ သဘောတူခဲ့တာပါ၊ ပြည်သူတွေအနေနဲ့ ဒီလို တမူထူးခြားတဲ့ အားကစားနည်းအကြောင်းကို ပိုမိုသိရှိပြီး ပိုမိုနားလည်လာစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ လက်ဝှေ့အားကစားနည်းကို ကျန်းမာရေးအတွက်ရော ကိုယ်ခံပညာအတွက်ပါ ဒီခေတ်လူငယ်တွေက နားလည်လက်ခံလာပြီး ပြည်တွင်း အပျော်တမ်းကစားတဲ့ အဆင့်တွေကနေ နိုင်ငံတကာအားကစားပွဲတွေမှာ ယှဉ်ပြိုင်နိုင်တဲ့အထိ ဖြစ်လာစေချင်ပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

Myanmar Ultimate Fight ပြိုင်ပွဲကြီးအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်၌ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲစဉ်အကြောင်းများနှင့် ကူညီပံ့ပိုးသူစပွန်ဆာအကြောင်း အသေးစိတ်များကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။ ပွဲစဉ်များကို ကြည့်ရှုရန် လက်မှတ်ဝယ်ယူလိုပါက hot line နံပါတ် ၁၈၇၆ ကိုဆက်သွယ်၍ဖြစ်စေ၊ အမှတ် ၄၇၊ လှည်းတန်းလမ်း၊ လမ်းမတော်မြို့နယ်တွင်ဖြစ်စေ၊ ၀၁-၂၃၀၂၂၂၂၊ ၀၁-၂၃၀၃၃၃၃၊ ၀၁-၂၂၂၁၈၀၊ ၀၉-၂၅၇၆၆၆၅၆၇၊ ၀၉-၇၉၃၆၆၆၅၆၇၊ နံပါတ်များသို့ ဆက်သွယ်၍ ဖြစ်စေ ဝယ်ယူနိုင်ပါသည်။

MPT   သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော Myanmar Idol ပြိုင်ပွဲနှင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ASEAN-JAPAN Cyber SEA Games အတွက်လည်း အဓိကပံ့ပိုးကူညီသူအဖြစ် ဆောင်ရွက်လျက်ရှိသည်။[:]