×

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် (MYTDP) ၂၀၂၀မှ နည်းပညာနှင့်ဆက်စပ်သည့် လုပ်ငန်းသစ် များ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်

03 Mar 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၃ ရက်) – မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ ကို ယခုအခါ အောင်မြင်စွာ ကျင်းပ ပြီးဆုံးခဲ့ပြီဖြစ်ပြီး၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့မှ နောက်ဆုံးအဆင့်အဖြစ် ရွေးချယ်ခံထားရသည့် အဖွဲ့၁၀ ဖွဲ့ အနက်မှ အဖွဲ့ (၄) ကို အကဲဖြတ်ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ် လိုက်ပြီဖြစ်သည်။ Technopreneurship Accelerate Award နှင့် Startup Award ဆုများအတွက် ‌ရွေးချယ်ခြင်းခံရသည့် အဖွဲ့များသည် ဆုကြေးငွေ အဖြစ် ကျပ် သိန်း (၁၀၀) နှင့် ကျပ် သိန်း (၈၀) အသီးသီးရရှိခဲ့ကြပြီး၊ Technopreneurship dea Awards (၂) ဆုအတွက် ရွေးချယ်ခံရသည့် အဖွဲ့ (၂) ဖွဲ့သည် ဆုကြေးငွေကျပ် သိန်း (၃၀) အသီးသီး ရရှိခဲ့သည်။ Accelerate Award နှင့် Startup ward များ ရရှိခဲ့သည့် အဖွဲ့များသည် ဆုကြေးငွေအပြင် ထင်ရှားသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ လမ်းညွှန်ပြသမှုရရှိနိုင်မည့် အခွင့်အရေး၊ Kanaung Hub Incubation စင်တာတွင် လုပ်ငန်းခွင်နေရာကို ၆ လ ကြာ အသုံးပြုနိုင်မည့် အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းသစ်အဖြစ် စတင်တည်ထောင်နိုင်ရန် ပံ့ပိုးကူညီမှု အခွင့်အရေးများကို ရရှိသွားမည် ဖြစ်သည်။

ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုများနှင့် အကဲဖြတ် ဒိုင်လူကြီးများက ယခုနှစ် ပြိုင်ပွဲတွင် အနိုင်ရရှိသူများကို စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့ MICT park တွင် ကျင်းပခဲ့ပါသည်။ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ ၏ အနိုင်ရရှိသူများ အတွက် ကြေညာထားသည့် ဆုအမျိုးအစားသုံးမျိုးမှာ

ဆုအမျိုးအစားဆုကြေး‌‌အဖွဲ့/ လုပ်ငန်းလုပ်ငန်းဆောင်ရွက်ချက်
Technopreneurship 2020 Accelerate Award ဆုကျပ် သိန်း (၁၀၀)Aung Myin Online Learning PlatformAung Myin Online Learning Platform ကို mobile app မှတစ်ဆင့် access ပြုလုပ်၍ စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော သင်ခန်းစာများ HR, Marketing, Finance စသည့်သင်တန်းများကို ဗွီဒီယိုဖိုင် များဖြင့် လေ့လာနိုင်ပါသည်။ လူငယ်များနှင့် ဝန်ထမ်းများအတွက် မဖြစ်မနေ သိရှိထားသင့်သော soft skills များကိုလည်း လေ့လာနိုင်ပြီး ကမ္ဘာကျော်စာအုပ်ကောင်းများ၏ အနှစ်ချုပ် (summary) များကို Animation နှင့် ရှင်းပြထားသည့် ဗွီဒီယို များကိုလည်း ကြည့်ရှု နိုင်ပါသည်၊၊ လစဉ်ကြေး subscription သို့မဟုတ် course တစ်ခုချင်းအလိုက် ဝယ်ယူ၍ လေ့လာနိုင်ပြီး ယခုလက်ရှိပြည်နယ်နှင့် တိုင်းများ အသီးသီးမှ သုံးစွဲသူများ ရှိနေပြီဖြစ်သည်။
Technopreneurship 2020 Startup Award ဆုကျပ် သိန်း (၈၀)All In One Sports Appမြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲ အများအပြား ကျင်းပပြုလုပ်နေ သော်လည်း ပွဲရလဒ်များကို ပရိသတ်များ အလွယ်တကူ ပြန်လည်ကြည့်ရှု နိုင်ရန် ကြေညာထားခြင်း၊ မှတ်တမ်း ထိန်းသိမ်း နိုင်ခြင်း မရှိသေးပေ၊၊ ထို့ကြောင့် ယခု App မှတစ်ဆင့် နိုင်ငံတကာမှ Premier League နှင့် Champions League စသည့် ပြိုင်ပွဲများ၏ ရလဒ်များကို ဖုန်းဖြင့်ကြည့်ရှုနိုင်သကဲ့သို့ မြန်မာ ပြည်တွင်းမှ ပြိုင်ပွဲများကိုလည်း ကြည့်နိုင်အောင် ဆောင်ရွက်သွားမည့် App တစ်ခုဖြစ်သည်။ ထို့အပြင် ဘောလုံး အားကစားကို အထူးစိတ်ဝင်စားသည့် ကစားသမားများ ဖွံ့ဖြိုး တိုးတက်မှု ရှိလာစေရေးအတွက် လေ့ကျင့်ရေး နည်းစနစ် ဗွီဒီယိုများ ဆောင်းပါးများနှင့် နည်းစနစ်ပိုင်း နားလည်စေရန် Law of the Games တို့ကို တစ်နေရာတည်းတွင် စုစည်း ထည့်သွင်း ဖော်ပြပေးသွားမည်ဖြစ်သည်။
Technopreneurship 2020 Idea Award ဆုကျပ် သိန်း (၃၀)Productive Chicken Farmကြက်မွေးမြူရေးအတွက် အထောက်အကူပြုမည့် IoT (Internet of Things ) System တစ်ခု ဖြစ်သည်။ ကြက်မွေးမြူရေးအတွက် အရေးကြီး သော အပူချိန် ၊ စိုထိုင်းဆ ၊ အလင်း ၊ noise နှင့် ရေ၏ အချဉ်ဓာတ် (Acidity) တို့ကို Sensor Data များအပေါ် မူတည်၍ လိုအပ်သလို ထိန်းညှိ ပေးမည့် Product တစ်ခု ဖြစ်ပါသည်၊၊ Sensor အချက်အလက်များကို website တွင် လွယ်ကူစွာ ကြည့်နိုင်ခြင်း ကြက်စာကျွေးစနစ် ရေတိုက်သည့် စနစ်နှင့် website တွင် ကြက်စာနှင့် ကြက်ချေး မြေသြဇာ ရောင်းဝယ်သည့်စနစ်တို့ ပါဝင်သည်။
Technopreneurship 2020 Idea Award ဆုကျပ် သိန်း (၃၀)Futsal Plusမြန်မာနိုင်ငံတွင်ရှိသည့် futsal ဘောလုံးကွင်း ပိုင်ရှင်နှင့် ကစားသူများအကြား အဆင်ပြေ လွယ်ကူရန် ချိတ်ဆက်ပေးသည့် platform တစ်ခု ဖြစ်သည်။ ယခု app မှာ futsal ကစားသူ များအတွက် အချိန်ကုန်သက်သာပြီး ကွင်းများကို လွယ်လွယ် ကူကူ ငှားရမ်းနိုင်မည်ဖြစ်ကာ ယခင်ကထက် ပိုအဆင်ပြေ လွယ်ကူလာပြီး ကွင်းပိုင်ရှင်များ အနေဖြင့်လည်း လစ်လပ်နေသည့် အချိန် နည်းနိုင်သမျှ နည်းသွားမည် ဖြစ်သည်၊၊ ယခု app ကို အသုံးပြုနေသည့် futsal က စားသမား များအနေဖြင့်လည်း futsal ကို free ကစာနိုင်မည့် point များရရှိနိုင်မည် ဖြစ်သည်။ futsal ကွင်းများ များပြား လာပြီဖြစ်သဖြင့် business ပိုင်းလည်း အခိုင်အမာ ရရှိနိုင်မည် ဖြစ်သည်။

အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်က ပြိုင်ပွဲဝင်ခဲ့တဲ့အသင်းတွေအားလုံးနဲ့တကွ ဆန်ခါတင် အဆင့်ကို ရောက်ခဲ့တဲ့ အသင်းတွေအပါအဝင် ဆုရရှိကြသူတွေအတွက် ဂုဏ်ဝမ်းမြောက်မိပါတယ်။ MPT ဟာ မြန်မာနိုင်ငံရဲ့ စွန့်ဦးတီထွင်လုပ်ငန်း ‌‌‌ဂေဟစနစ် ဖွံ့ဖြိုးစေဖို့ စဥ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပြီးတော့ ဒီအစီအစဉ်က စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ အရင်းအမြစ်တွေ ဖွံဖြိုးတိုးတက်လာဖို့၊ နောင်လာမယ့် မျိုးဆက်သစ်တွေ အကျိုးကျေးဇူး ရဖို့အတွက် အရေးကြီးတဲ့ လူမှုစီးပွားရေးရာ ပြဿနာအချို့ကို ဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေနဲ့ အထောက်အကူပြု ဖြေရှင်းစေနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr. Koichi Kasuya မှ ပြောကြားခဲ့သည်။

“လုပ်ငန်းတိုးချဲ့နိုင်မှုနဲ့ အဆင်အသွယ်ကောင်းများ ရရှိနိုင်‌ရေးတို့ဟာ လုပ်ငန်းသစ်တိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။ ယခု နောက်ဆုံးအဆင့်မှာ ပါဝင်ယှဥ်ပြိုင်သွားတဲ့ အဖွဲ့များအားလုံးဟာ သူတို့ရဲ့ ဆန်းသစ်တဲ့ အကြံဥာဏ်များကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ စိတ်ဓါတ်ပြင်းပြစွာနဲ့ ဆောင်ရွက်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အနိုင်ရတဲ့ အသင်းများကို မဖြစ်မနေ ရွေးချယ်ခဲ့ရပေမဲ့ အဖွဲ့တိုင်းဟာ အနိုင်ရရှိဖို့ ထိုက်တန်တဲ့ အဆင့်ရှိ‌ကြောင်း ပြသနိုင်ခဲ့လို့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဥ်တွေမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိမှာ သေချာပါတယ်။” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဦမင်းဇေယျာလှိုင်မှ ပြော ကြားခဲ့သည်။

ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အဖွဲ့ဝင်များမှာ ထူးခြားဆန်းသစ်သည့် စိတ်ကူးများဖြင့် ဖန်တီးထားသည့် စီမံချက်များကို မိတ်ဆက်ခဲ့ကြကာ အွန်လိုင်း အဝတ်လျှော် ဝန်ဆောင်မှုနှင့် စားသောက်ဆိုင်လျှော့စျေး အက်ပလီကေးရှင်းများသာမက စိတ်ပိုင်းဆိုင်ရာ ရောဂါ ခံစားနေရသည့် လူနာများအား ပေးကူညီသော ဝက်ဘ်ဆိုက် သို့မဟုတ် အွန်လိုင်းပို့ချချက် ဆိုင်ရာ ဝက်ဘ်ဆိုက်များအထိ ဆန်းသစ်သည့် တီထွင်ဖန်တီးမှု များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

“အခုလို ပြိုင်ပွဲမှာ အနိုင်ရရှိသူအဖြစ် ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မယုံနိုင်စရာ အခွင့် အလမ်းတစ်ခုဖြစ်လို့ တကယ့်ကို ဇူးတင်ပါတယ်။ ဒါဟာတကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံ တစ်ခုပါပဲ။ ဒီပြိုင်ပွဲမှာ မျှော်လင့်ထားတာထက်ပိုတဲ့ အတွေ့အကြုံတွေကို ရရှိခဲ့ပါတယ်။” ဟု မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် (MYTDP) ၂၀၂၀ တွင်ဆု ရရှိခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော All in One Sport အဖွဲ့မှ သူရိန်မင်းမှ ပြောကြားခဲ့သည်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ သည် မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းပြီး စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များကို မြေတောင်မြှောက်ပေးနေသည့် စီအစဥ် တစ်ခုဖြစ်သည်။ ယခုအစီအစဥ်မှတစ်ဆင့် အစွမ်းအစရှိပြီး ရည်မှန်းချက်ကြီးမားကာ ထူးခြားဆန်းသစ်သည့် အကြံဉာဏ်ကောင်းများရှိသူ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်သစ်များကို ရှာဖွေရွေးချယ်ပြီး အကူအညီများ ပေးအပ်ကာ လူမှုစီးပွားဆိုင်ရာ န်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် နည်းပညာကို အသုံးပြုပြီး ပြည်သူအများ၏ နေထိုင်မှုဘဝများကို ပြောင်းလဲလာစေရန် ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက www.mmtechnopreneurship.com နှင့် တရားဝင် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mmtechnopreneurship တို့တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။