MPT Myanmar | Moving Myanmar Forward New Data Carry FAQs MM - MPT Myanmar | Moving Myanmar Forward
×

New Data Carry

၁။ New Data Carry Pack ဆိုတာဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ။

New Data Carry Pack ဆိုတာ အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်သော Package များ ဖြစ်ပါတယ်။ New Data Carry Pack အသစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဈေးနှုန်း [ကုန်သည်ခွန်ပါဝင်ပြီး] Volume (MB)              Validity Direct USSD
၆၉၉ ကျပ် ၄၀၀ MB  

 

 

 

၃၀ရက် [ဒေတာသယ်ဆောင်ခွင့်ရှိသည်]

*777*1#
၈၉၉ ကျပ် ၉၀၀ MB *777*2#(နှင့်)*777*3#
၁၄၉၉ ကျပ် ၁၅၀၀ MB *777*4#
၂၄၉၉ ကျပ် ၂၅၀၀ MB *777*5#
၃၄၉၉ ကျပ် ၃၅၀၀ MB *777*6#
၆၉၉၉ ကျပ် ၇၀၀၀ MB *777*7#
၁၄၉၉၉ ကျပ် ၁၅၀၀၀ MB *777*8#
၂၄၉၉၉ ကျပ် ၂၅၀၀၀ MB *777*9#

၂။ New Data Carry Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

(ဆွေ/ရှယ်/ရွှေ အစီအစဉ် ရယူထားသော GSM/WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများမှာ ဝယ်ယူနိုင်မည် မဟုတ်ပါ။

၃။ New Data Carry Pack ရဲ. လက်ကျန်ငွေကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး New Data Carry Pack ၏ လက်ကျန်ပမာဏကို စစ်ဆေးနိုင်ပါတယ်။

၄။ New Data Carry Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဒေတာသက်တမ်းများကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၅။ New Data Carry Pack ရဲ. သက်တမ်းက ဘယ်လောက်လဲ?

Package တစ်ခု၏ သက်တမ်းက ၃၀ရက်ဖြစ်ပြီး ဒေတာသယ်ယူနိုင်သောကာလမှာ ၇ရက် ဖြစ် ပါတယ်။

၆။ ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ ကျန်ရှိနေသော ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခုဝယ်လျှင် အသုံးပြုရန်ကျန်ရှိနေသော ဒေတာများကို ထည့်ပေါင်းအသုံးပြုနိုင်မည်ဖြစ်ပါတယ်။

၇။ ယခင် Data Carry Plus Pack ကိုဝယ်ယူအသုံးပြုထားပါတယ် ဒါပေမဲ့ MPT4U ၏အသုံးပြုမှုမှတ်တမ်းတွင် New Data Carry Pack ၏ ပမာဏပေါ်နေပါတယ် ဘာကြောင့်လဲ။

၂၀၁၈ ဒီဇင်ဘာလ ၂၂ ရက်မှစတင်ပြီး MPT4U ရဲ့အသုံးပြုမှုမှတ်တမ်းတွင် ယခင် Data Carry Plus Pack ပမာဏနှင့်ဈေးနှုန်းများမှာ New Data Carry Pack ၏ ပမာဏနဲ့ဈေးနှုန်း သို့ပြောင်းလဲသွားမှာဖြစ်ပါတယ်။

၈။ ယခင် Data Carry Plus Pack ရဲ့ဒေတာကျန်ရှိနေတဲ့အချိန်မှာ New Data Carry Pack ကိုဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။

ဝယ်ယူထားသော ဒေတာများအားလုံး ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်းမှာလည်း ပေါင်းသွား မည် ဖြစ်ပါသည်။

၉။ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ ?

၂၀၁၈ ဒီဇင်ဘာလ၂၂ ရက်နေ့မှ ၂၀၁၉ မတ်လ ၂၁ ရက်နေ့အထိ။