×

MPT ကို အစဉ်တစိုက် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များ နှင့် အထူးအခွင့်အရေးများ ရရှိမည့် ပြန်လည်ဆန်းသစ်ထားသော “MPT Club” အစီအစဉ်သစ် မိတ်ဆက်

25 Feb 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်း၍ ကုန်ပစ္စည်းအမှတ်တံဆိပ် (၅၀)ကျော်ဖြင့် ချိတ်ဆက်ကာ MPT ကို အစဉ် တစိုက်သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များ နှင့် ထူးအခွင့်အရေးများ ရရှိခံစားနိုင်စေရန် ပြန်လည်ဆန်းသစ် ထားသော “MPT Club” အစီအစဉ်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ပြန်လည်ဆန်းသစ်တီထွင်ထားသော “MPT Club” အစီအစဉ်သစ်သည် သုံးစွဲသူများ၏ လူနေမှုဘဝကို ပိုမိုဖြည့်စွမ်းပေးနိုင်စေရန် အထူးကမ်းလှမ်းမှုများ၊ အထူးလျှော့‌ဈေးများနှင့် အခြားသော ခံစားခွင့်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။ “MPT Club” အဖွဲ့ဝင်များသည် ၎င်းတို့၏ အကျိုးခံစားခွင့်များကို အသုံးပြုနိုင်ရန်အတွက် မိမိအသုံးပြုသည့် ပမာဏအပေါ်မူတည်၍ ပွိုင့်များကို ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့ “MPT Club” အစီအစဉ်အသစ်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ MPT Club အဖွဲ့ဝင်များအားလုံးအတွက် အထူးအစီအစဥ်အဖြစ် ကံစမ်းမဲဆုလက်ဆောင်များကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်သည်။

MPT သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ “MPT Club” အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာစတင်မိတ်ဆက်ခဲ့ပါသည်။ “MPT Club” ကို မိတ်ဆက်လိုက်ခြင်းသည် MPT သုံးစွဲသူများအား အသိမှတ်ပြု ကျေးဇူးတုံ့ပြန်သောအားဖြင့် အကျိုးခံစားခွင့်များကို အမြဲမပြတ်ပေးနိုင်ရန် ပြန်လည်ပေးအပ်သွားမည့် ဝန်ဆောင်မှု ခြေလှမ်းသစ်တစ်ခုပင် ဖြစ်သည်။ ယခုအစီအစဉ်သည် MPT Club အဖွဲ့ဝင်များအားလုံးအတွက် နာမည်ကျော်ကြားသော ကုန်ပစ္စည်း အမှတ်တံဆိပ်များကိုဝယ်ယူအသုံးပြုရာတွင် MPT Club အဖွဲ့ဝင်များ အားလုံးအတွက် နေ့စဥ်အမှတ်တရများနှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံများဖြင့် အပြန်အလှန်အကျိုး ပြုနိုင်စေမည် ဖြစ်သည်။

MPT အသုံးပြုသူများအနေဖြင့် နေ့စဉ်သုံးစွဲမှုနှင့် သုံးစွဲမှုပမာဏအဆင့်သတ်မှတ်ချက်ပေါ် မူတည်၍ အထူးအခွင့်အရေးများနှင့် အကျိုးအမြတ်များစွာကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ဤအစီအစဉ်တွင် သုံးစွဲမှုပမာဏနှင့် မိတ်ဖက်အဖွဲ့အစည်းဆိုင်များတွင် ဝန်ဆောင်မှုရယူခြင်းများပေါ် အခြေခံကာပွိုင့်များကို နေ့စဥ် ပိုမိုရရှိနိုင်မည် ဖြစ်သည်။ ပြန်လည်ဆန်းသစ်ထားသော “MPT Club”အစီအစဉ်သစ်တွင် စာရင်းသွင်းသူများ၏ ၃လစာ သုံးစွဲမှုပမာဏကို ပျမ်းမျှတွက်ချက်ပြီး အဆင့်(၃)ဆင့် ခွဲခြား သတ်မှတ်ပေး သွားမည်ဖြစ်သည်။ အဆင့်သတ်မှတ်ချက်ကွာခြားမှုအလိုက် ပွိုင့်ရရှိမှုနှုန်းများ၊ အကျိုးအမြတ်များနှင့် ဆုလက်ဆောင်များလည်း ကွာခြားသွားမည်ဖြစ်ပါသည်။

Premium အဖွဲ့ဝင်အဆင့်သတ်မှတ်ချက် တစ်ကြိမ် ရရှိပါက အဆိုပါသုံးစွဲသူသည် အထူးရပိုင်ခွင့်များကို မဆုံးရှုံးသွားစေရန် သုံးလဆက်တိုက် Premium အဖွဲ့ဝင်အဖြစ် စာရင်းဝင်မည်ဖြစ်ပြီး MPT Club ခံစားခွင့်များကို အသုံးပြုနိုင်မည် ဖြစ်သည်။ “MPT Club” အဖွဲ့ဝင်များသည် ၎င်းတို့၏ ပွိုင့်များကို *345# သို့မဟုတ် “MPT4U”အက်ပလီကေးရှင်းတွင် စစ်ဆေး သိရှိနိုင်ပါသည်။

အဆင့်သတ်မှတ်ချက်လစဉ်အသုံးပြုမှုပွိုင့်ရရှိမှုနှုန်းများ
Diamond၃၀, ၀၀၀ ကျပ်နှင့်အထက်၁.၅%
Platinum၁၀, ၀၀၀ ကျပ် မှ ၂၉,၉၉၉ ကျပ်အထိ၁.၀%
Member၉, ၉၉၉ ကျပ်နှင့်အောက်၀.၅%

“ကျွန်တော်တို့ ပြန်လည်ဆန်းသစ်ထားတဲ့ MPT Club အစီအစဉ်အသစ်ကြောင့် သုံးစွဲသူတွေကို ကျေနပ်ပျော်ရွှင်စေမယ်ဆိုရင် တကယ်ကို ဝမ်းသာပီတိ ဖြစ်ရမှာပါ။ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကောင်းတွေနဲ့ “နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့စေတနာ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ “MPT Club” အစီအစဉ်ကနေ သုံးစွဲသူတွေကို အကျိုးခံစားခွင့်တွေပိုမိုရရှိစေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ MPT Club က အားလုံးသော မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာ ဆိုင်တွေ၊ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ MPT ကို အသုံးပြု သူတွေကြားမှာ အကျိုးရှိစေပြီး ကောင်းမွန်တဲ့ ရေရှည်ဆက်ဆံရေး တစ်ခုကို တည်ဆောက်ပေးထားတာ ဖြစ်လို့ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုအဖြစ် ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

“MPT Club” အနေဖြင့် လက်ရှိတွင် MPT Club အဖွဲ့ဝင်များသို့ သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ MPT သည် Aureum Palace Hotel & Resort, Coffee Bean & Tea Leaf, IPPUDO Ramen Restaurant နှင့် Crystal Jade Chinese Restaurant စသော ဆိုင်များ အပါအဝင် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ အပြင် နိုင်ငံတစ်ဝန်းရှိ လက်ရှိဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်နေသော မိတ်ဖက်အဖွဲ့အစည်း (၅၀)ကျော်ဖြင့် ချိတ်ဆက်ထားပြီး စွဲသူများကို အထူးလျှော့‌ဈေး ၅၀ ရာခိုင်နှုန်း အထိ ရရှိနိုင်စေမည် ဖြစ်ပါသည်။ ထို့အပြင် “MPT Club” ၏ အဖွဲ့ဝင်တိုင်းသည် လစဉ် (၅) ရက်၊ (၁၅)ရက် နှင့် (၂၅)ရက်များတွင် “Lucky5” ဆုလက်ဆောင်များကို ခံစားရယူနိုင်မည်။

ထိုသို့သော အကျိုးခံစားမှုများအပြင် MPT Club သုံးစွဲသူ အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတုံ့ပြန်သောအားဖြင့် MPT က စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များအား ပါဝင်သည့် ကံစမ်းမဲအစီအစဉ်ကိုလည်း ၅ ပတ်ကြာ ဆောင်ရွက်သွားမည် ဖြစ်သည်။ Diamond အဆင့် “MPT Club” အဖွဲ့ဝင်များအနေဖြင့် ၁.၀ ကာရက်ရှိသော စိန်လက်စွပ်နှင့် Platinum အဆင့် အဖွဲ့ဝင်များ အနေဖြင့် ပလက်တီနမ်ဆွဲကြိုးကို ကံစမ်းနိုင်မည် ဖြစ်သည်။ အဆိုပါ ကံစမ်းမဲအစီအစဥ်၏ အထူးဆုကြီးများကို မတ်လ ၁၈ ရက်တွင် ရွေးချယ်ကြေညာသွားမည် ဖြစ်ပြီး “MPT Club” ၏ အဖွဲ့ဝင်တိုင်း ပါဝင်ကံစမ်းနိုင်မည် ဖြစ်သည်။

နောက်ဆုံးအဆင့် အထူးဆုများအား ကံထူးသူများသည် ကံထူးဆုများကို ရရှိမည့်အပြင် မိမိ၏ ကံထူးဆုနှင့် တူညီသော နောက်ထပ်ဆုတစ်ခုကိုပါ မိမိချစ်ရသောသူအတွက် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်ထားသူတိုင်းသည် မိမိချစ်ရသောသူ ၃ ဦးနှင့်အတူ ပုဂံခရီးစဉ် သို့မဟုတ် “MPT Club” ၁၅၀၀ ပွိုင့်အား ပါဝင်ကံစမ်းနိုင်မည် ဖြစ်သည်။ “MPT Club” အဖွဲ့ဝင်များသည် ပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း၊ USSD သို့မဟုတ် SMS မှ တစ်ဆင့် စာရင်းသွင်းရန်လိုအပ်ပါသည်။

MPT သည် အကြီးမားဆုံး 3G ကွန်ရက်နှင့် မြန်မာနိုင်ငံ၏အမြန်ဆုံးနှင့် အဆင့်မြင့်ဆုံး 4G/LTE+ ကွန်ရက်အပါအ၀င် နိုင်ငံတစ်၀န်းသုံးစွဲသူ ၂၆ သန်းကျော် ပိုင်ဆိုင်ထားကာ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

MPT သုံးစွဲသူများ သည် 345 သို့ REG M/F (ဥပမာ- REG F) ဟု စာတို (SMS) ပေးပို့ခြင်းဖြင့် “MPT Club” အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ စိတ်လှုပ်ရှားဖွယ်ရာ “MPT Club” အထူးအစီအစဉ် အသစ် နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၁၀၆, MPT ၏ ဝက်ဘ်ဆိုက် သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော
www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင် ပါသည်။