DATA » Night Safety Data Pack
Night Safety Data Pack
1. Night Safety Data Packs ဆိုတာဘာလဲ။ ဘယ်လိုဝယ်လို့ရနိုင်ပါသလဲ?
Night safety Data Packs ဆိုသည်မှာ ည ၁၁နာရီ မှ မနက် ၇နာရီအတွင်း အင်တာနက်အသုံးပြုမှုများအတွက် ဒေတာ အသုံးပြုနိုင်သော Package များဖြစ်ပါတယ်။
ဈေးနှုန်းများ (ကုန်သွယ်ခွန်ပါပြီး) | ဝယ်ယူနိုင်သော နည်းလမ်း | ဒေတာပမာဏ(MB) | ကန့်သတ်မြန်နှုန်း | အသုံးပြုနိုင်သည့် ကာလ | Direct USSD |
---|---|---|---|---|---|
၁၉၉ကျပ် | USSD | 180 MB | ပုံမှန်အမြန်နှုန်း | ၁ရက် | *233*1# |
၄၉၉ကျပ် | 466 MB | ၃ရက် | *233*2# | ||
၇၉၉ကျပ် | 746 MB | ၇ရက် | *233*3# | ||
၁၉၉ကျပ် | 180 MB | Max1.5Mbps | ၁ရက် | *233*4# | |
၄၉၉ကျပ် | 466 MB | ၃ရက် | *233*5# | ||
၇၉၉ကျပ် | 746 MB | ၇ရက် | *233*6# | ||
၁၉၉ကျပ် | MPT4U | 184 MB | ပုံမှန်အမြန်နှုန်း | ၁ရက် | None |
၄၉၉ကျပ် | 475 MB | ၃ရက် | |||
၇၉၉ကျပ် | 760 MB | ၇ရက် | |||
၁၉၉ကျပ် | 184 MB | Max 1.5Mbps | ၁ရက် | ||
၄၉၉ကျပ် | 475 MB | ၃ရက် | |||
၇၉၉ကျပ် | 760 MB | ၇ရက် |
အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို ဝယ်ယူထားပြီး ည ၁၁ နာရီမှ မနက် ၇နာရီအတွင်း ဒေတာ အသုံးပြုပါက Night Safety Data Package မှ ဖြတ်တောက်မည်ဖြစ်ပြီး အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ပါသည်။
အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Package များကို အသုံးပြုလိုပါက
*233*4# သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 180MB လျှင် ၁၉၉ကျပ် ကျသင့်သော ၁ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊
*233*5 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 466MB လျှင် ၄၉၉ကျပ် ကျသင့်သော ၃ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ၊
*233*6 # သို့ ရိုက်နှိပ်ခေါ်ဆိုပြီး 746MB လျှင် ၇၉၉ကျပ် ကျသင့်သော ၇ရက်သုံး Night Safety Data Package ကို ဝယ်ယူ၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။
2.Night Safety Data Pack ကိုဘယ်သူတွေဝယ်ယူနိုင်မှာလဲ?
ဆွေသဟာ/ရှယ်ပြော/ရွှေစကားအစီအစဉ်ရယူထားသော Prepaid/Postpaid GSM /WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။
3. Night Safety Data Pack ကိုအကြိမ်အရေအတွက်ဘယ်လောက်အထိဝယ်ယူနိုင်မှာလဲ?
အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ဒေတာပမာဏနှင့် သက်တမ်းကို လည်းပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
4. အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ဝယ်ယူထားပြီးသုံးစွဲနိုင်သော ပမာဏနှင့် သက်တမ်းလက်ကျန်ကျန်ရှိနေချိန်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီးအသုံးပြုနိုင်ခြင်းမရှိသော Night Safety Data Pack ကိုထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်သွားမှာလဲ?
နောက်ဆုံး ဝယ်ယူထားသော Package ရဲ့ ပမာဏ နှင့် သက်တမ်းအတိုင်း အင်တာနက် မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ပါတယ်။
(ဥပမာ – အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ခြင်း မရှိသော Night Safety Data Pack ကို ဝယ်ယူထားပြီးနောက် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကို ထပ်မံဝယ်ယူပါက သုံးစွဲနိုင်သော ပမာဏ သည် ပေါင်းစည်းသွားပြီး သက်တမ်းမှာ နောက်ဆုံး ဝယ်ယူထားသည့် အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ၏ သက်တမ်းအတိုင်း ကုန်ဆုံးပါမည်။
5. အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5MB ထိန်းညှိပြီး အသုံးပြုနိုင်သော Night Safety Data Pack ကိုဝယ်ယူထားပြီး သက်တမ်းမကုန်ခင် ဒေတာပမာဏ အားလုံးအသုံးပြုလိုက်ပါတယ်။ ဘယ်လိုဖြတ်တောက်မှာပါလဲ။
အခြား ဝယ်ယူထားသော Data Pack များမှ ဖြစ်စေ၊ Main Balance မှ ဖြစ်စေ ဖြတ်တောက်ပါမည်။ သို့သော် အင်တာနက်မြန်နှုန်း ထိန်းညှိ၍ အသုံးပြုမှု မရရှိနိုင်ပါ။ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် 1.5 MB ထိန်းညှိနိုင်သော Night Safety Data Pack ကို ထပ်မံ ဝယ်ယူ၍ အသုံးပြုနိုင်ပါတယ်။