
NLD x MPT Education Network Graduation Ceremony
19 Dec 2016NLD ပညာရေးကွန်ရက် နဲ့ MPT တို့ရဲ့ ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်တဲ့ “ ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ရဲ့ ပထမအသုတ် သင်တန်းဆင်းပွဲ အခမ်းအနားကို တော်ဝင်နှင်းဆီစားသောက်ဆိုင် မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ နှစ်လတာကြာမြင့်တဲ့ ကွန်ပျူတာသင်တန်းကို NLD ပညာရေးကွန်ရက်က ကျောင်းပေါင်း (၁၀) ကျောင်းမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသားပေါင်း ၂၇၈ ယောက်တိတိ တက်ရောက်အောင်မြင်ခဲ့ကြပါတယ်။ သင်တန်းတက်ရောက် အောင်မြင်ခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ပွဲရဲ့ပုံရိပ်တွေကို မျှဝေလိုက်ရပါတယ်။ MPT အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှာရှိတဲ့ NLD ပညာရေးကွန်ရက်က ကျောင်းပေါင်း ၁၀ ကျောင်းမှာ လက်ပ်တော့ ကွန်ပျူတာအလုံး ၂၀၀ နဲ့အင်တာနက်အသုံးပြုနိုင်မယ့် Router တွေအပြင် သင်တန်းဆရာတွေကိုပါ ပံ့ပိုးပေးခဲ့တာပါ။