၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ မိုဘိုင်းလ်၊ ကြိုးဖုန်း နှင့် ဖိုင်ဘာ နည်းပညာများဖြင့် အသုံးပြုသော အင်တာနက်ဒေတာ သုံးစွဲမှုများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁၅% ကျသင့်စေရမည် ဖြစ်သည့် ညွှန်ကြားချက်အရ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် နှင့် ADSL အင်တာနက် လစဉ်ကြေး ဝန်ဆောင်မှု နှုန်းထား များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့ မှစတင်၍ ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
MPT သည် သုံးစွဲသူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အကောင်းဆုံးကြိုးပမ်းအားထုတ်မှုများဖြင့် ဆက်လက်ပေးအပ်သွားနိုင်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖြစ်ပေါ်လာသော အပြောင်းအလဲများ နှင့် သုံးစွဲသူများ၏ အဆင်မပြေမှုများအတွက် နားလည်ပေးမှုပြုပေးပါရန် MPT အနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။