Payment Through Bank Channel
၁။ Payment through bank channel အသစ်ဆိုတာဘာလဲ။
Payment through bank channel ဆိုသည်မှာ မကြာသေးခင်ကအထိ မိမိပေးဆောင်ရမည့် MPT ဘေလ်များအား TRA counter ၊ MEB online payment နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာပေးချေနိုင်ရာမှ ယခုအခါ ဇွန်လ (၁) ရက်နေ့မှစ၍ KBZ နှင့် CB bank ဘဏ်များ၏ ဘဏ်ခွဲတိုင်းတွင်မက mobile/ibanking များမှတဆင့်လည်း ငွေပေးချေနိုင်သော ဝန်ဆောင်မူဖြစ်ပါသည်။
၂။ မည်သည့်ဘေလ်အမျိုးအစားများကိုပေးချေနိုင်ပါသလဲ?
မြန်မာကျပ်ငွေဖြင့် ပေးဆောင်ရသော လိုင်းဖုန်းဘေလ်များ , ADSL , FTTH and postpaid mobile phone ဘေလ်များအားလုံးအကျုံးဝင်ပါသည်။
၃။ ယခင် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာနများတွင် ငွေပေးချေမူများ ဆက်လက်ပြုလုပ်နိုင်ပါသလား။
ယခင်ပေးချေနေသော MPT မှသတ်မှတ်ထားသော ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် တယ်လီဖုန်းဌာနများတွင် လည်းငွေပေးချေမူများ ဆက်လက်ပြုလုပ်နိုင်ပါသည်။
၄။ Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက် မည်သည့်အချက်များလိုအပ်သနည်း။
Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက် KBZ ဘဏ် နှင့် CB ဘဏ် တို့်မှ ဘဏ်စာရင်းရှိရန် နှင့် မိမိ၏ ဘဏ်စာရင်းနှင့် Mobile / Internet Banking အကောင့်ချိတ်ဆက်ထားရန် လိုအပ်ပါသည်။
၅။ ဘေလ်ပေးဆောင်ရန် အတွက် အခြား အပိုဝန်ဆောင်ခများ ထပ်မံပေးဆောင်ရန်လိုအပ်ပါသလား။
ဘေလ်ပေးဆောင်ရန် အတွက် ဘဏ်ဝန်ဆောင်ခ အခမဲ့ ဖြစ်၍ မည်သည့်ုဝန်ဆောင်ခမျှ ထပ်မံပေးဆောင်ရန်မလိုအပ်ပါ။
၆။ မိမိ၏ KBZ bank/ CB bank ဘဏ်စားရင်းနှင့် mobile/internet banking ချိတ်ဆက်ထားချင်းမရှိသော် ဘဏ်မှတဆင့်ငွေပေးချေနိုင်သောဝန်ဆောင်မူကိုဆက်လက်ပြုလုပ်လိုရနိုင်ပါသလား။
mobile/internet banking ချိတ်ဆက်ထားချင်းမရှိသော်လည်း KBZ bank/ CB bank ဘဏ်ခွဲတိုင်းတွင် လက်ငင်းငွေသား ဖြင့်ဖြစ်စေ၊ cheque ဖြင့်ဖြစ်စေ ပေးဆောင်ခြင်းဖြင့် ငွေပေးချေမူလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်နိုင်ပါသည်။
၇။ ဘဏ်တွင်ငွေပေးချေရန် မည်သည့်အချက်အလတ်များ ယူဆောင်လာရန်လိုအပ်ပါသနည်း။
ဘဏ်ကောင်တာမှတဆင့် ငွေပေးချေရန်အတွက် ငွေတောင်းခံလွာ မူရင်း သို့ မိတ္တူ၊ လက်ငင်းငွေသား နှင့် cheque ဖြင့်ပေးဆောင်မည်ဆိုပါက သက်ဆိုင်ရာဘဏ်များ၏ ချက်လက်မှတ်များယူဆောင်လာရန်လိုအပ်ပါသည်။
၈။ ငွေပေးချေရန် ကိုယ်စားလွတ်၍ပေးဆောင်နိုင်ပါသလား။
ကိုယ်စားလွတ်၍ပေးဆောင်ပါက ငွေပေးချေရန် ငွေတောင်းခံလွာ မူရင်း သို့ မိတ္တူ ပြသရန် လိုအပ်ပါသည်။
၉။ Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက် မည်သည့်အချက်များလိုအပ်သနည်း။
Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက်
(၁) KBZ ဘဏ် နှင့် CB ဘဏ် တို့်မှ ဘဏ်အကောင့်ရှိရန်
(၂) မိမိ၏သက်ဆိုင်ရာဘဏ်အကောင့်သို့ Mobile / Internet Banking လျှောက်ထားရန်
(၃) Mobile / Internet Banking မှတဆင့်ငွေပေးချေရန်အတွက် application တွင်လိုအပ်သည့်အချက်အလက်များကို ငွေပေးချေသူမှ ဖြည့်စွက်ရန်လိုအပ်ပါသည်။
၁၀။ Mobile / Internet Banking ငွေပေးချေရာတွင် ပေးချေရမည့် ပမာဏထက် နည်း၍ /များ၍ပေးချေမိသော် မည်ကဲ့သို့ပြုလုပ်ရမည်နည်း။
(၁) ပေးချေရမည့်ပမာဏထက် ပိုမို၍ပေးချေမိပါက နောက်လ၏ဘေလ်နှင့်သာ ညှိနှိုင်းပေးချေရမှာဖြစ်ပါသည်။
(၂) ပေးချေရမည့်ပမာဏထက် နည်း၍ပေးချေမိပါက လိုအပ်သည့် ပမာဏကိုနောက်တကြိမ်ထပ်မှန်ပေးချေရန် လိုအပ်ပါသည်။ (အကယ်၍ လိုအပ်သည့်ပမာဏကို ထပ်မံမဖြည့်ဆောင်ခဲ့ပါက ဘေမဆောင်သည်ဟု ယူဆ၍ ယာယီလိုင်းဖြတ်တောက်ခြင်းမျာဖြစ်ပေါ်နိုင်ပါသည်။)
၁၁။ KBZ bank mobile/internet banking ဖြင့်ဘေလ်ပေးဆောင်ပါက မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း။
KBZ bank mobile/internet banking ဖြင့်ဘေလ်ပေးဆောင်ရန် အသေးစိတ်အချက်အလက်များကို (Link ) သို့ဝင်ရောက်လေ့လာနိုင်ပါသည်။
၁၂။ CB bank mobile/internet banking ဖြင့်ဘေလ်ပေးဆောင်ပါက မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း။
CB bank mobile/internet banking ဖြင့်ဘေလ်ပေးဆောင်ရန် အသေးစိတ်အချက်အလက်များကို (Link ) သို့ဝင်ရောက်လေ့လာနိုင်ပါသည်။