MPT Myanmar | Moving Myanmar Forward Point Offter mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

လေးစားရပါသော MPT အသုံးပြုသူတို့ခင်ဗျာ….

ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း အင်တာနက်ဒေတာအသုံးပြုမှု အမြန်နှုန်းကျဆင်းခဲ့စဉ် MPT သုံးစွဲသူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းအတွက် MPT မှ အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှုများကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖြစ်ပါသဖြင့် ဒေတာဝန်ဆောင်မှုများကို ပုံမှန် အမြန်နှုန်းအတိုင်း သုံးစွဲနိုင်ပြီဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

Point Offer

အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက် MPT မှ အနူးအညွတ်တောင်းပန်သည့်အနေဖြင့် သုံးစွဲသူများအား MPT Club ၃၀၀ ပွိုင့်လက်ဆောင်ကို စီစဉ်ပေးထားတာကြောင့် *2006# ကိုခေါ်ဆိုပြီး လက်ခံရယူပေးရန် မေတ္တာရပ်ခံအပ်ပါသည်၊

MPT ရဲပွိုင့်လက်ဆောင်တွေကို အသံ၊ ဒေတာနှင့် စာတို (SMS) အစရှိတဲ့ MPT မိုဘိုင်းလ်ဝန်ဆောင်မှုအမျိုးမျိုးနှင့် စိတ်တိုင်းကျ လဲလှယ်နိုင်မည့်အပြင် MPT၏ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုတွေနှင့်လည်း လဲလှယ်နိုင်မည်ဖြစ်ပါသည်။

အခမဲ့ MPT Club ပွိုင့်တွေကို သြဂုတ်လ (၁၄)ရက်မှ (၂၇)ရက် အတွင်း ရယူနိုင်ပါတယ်။

အခမဲ့ ပွိုင့်လက်ဆောင်ရယူနည်း

*MPT club မှာ စာရင်းသွင်း ထားဖို့တော့လိုမယ်နော်!

မှတ်ချက်:

  • တစ်ကြိမ်ရယူပြီးတာနဲ့ *2006# USSD page မှ ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ (သုံးစွဲသူတစ်ဦးလျှင် (၁)ကြိမ်သာ)
  • MPT Club အဖွဲ့ဝင်များအားလုံး ဒီအစီအစဉ်မှာ ပါဝင်နိုင်ပါသည်။

MPT Club အဖွဲ့ဝင် မဖြစ်သေးဘူးလား?

  • MPT Club အဖွဲ့ဝင်ဖြစ်ရန်အတွက် စာရင်းပေးသွင်းကာ ၃၀၀ပွိုင့်လက်ဆောင်ကို *2006#မှတစ်ဆင့် ရယူပါ။
  • *345# မှာစာရင်းသွင်းနိုင်သလို MPT4U App ကိုလည်း ဒီလင့်ခ်မှာ <https://lotaya.mpt.com.mm/event/191> အခမဲ့ဒေါင်းလုတ်ရယူနိုင်ပါတယ်။
  • MPT Club အတွက် စာရင်းပေးသွင်းပြီး ၂၄နာရီနောက်ပိုင်းတွင် *2006# ကိုခေါ်ဆိုကာ ဆုလက်ဆောင်ရယူ နိုင်ပါသည်။

အမေးများသောမေးခွန်းများ

၁။ ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း MPT သုံးစွဲသူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းအတွက် MPT မှ ပေးအပ်သည့် MPT Club ပွိုင့်လက်ဆောင် အစီအစဥ်ဆိုတာဘာလဲ။

MPT မှ လေးစားတန်ဖိုးထားအပ်သော MPT သုံးစွဲသူများကို ဖိုင်ဘာဆက်ကြောင်းပြတ်တောက်မှုကာလအတွင်း MPT သုံးစွဲသူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ခြင်းအတွက် တောင်းပန်သည့်အနေဖြင့် ပေးအပ်သည့် MPT Club ပွိုင့်လက်ဆောင် ရရှိမည့် အထူးစီအစဉ် တစ်ခုဖြစ်ပါတယ်။ အစီအစဥ်ကာလအတွင်း MPT သုံးစွဲသူများသည် *2006# ကိုခေါ်ဆိုခြင်းဖြင့် MPT Club ပွိုင့်လက်ဆောင်(၃၀၀) ပွိုင့် ကို ရရှိမည်ဖြစ်ပါတယ်။ MPT Club ပွိုင့် လက်ဆောင်ကို သုံးစွဲသူ တစ်ဦးလျှင် (၁) ကြိမ်သာ ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

၂။ ပွိုင့်လက်ဆောင် ဘယ်သူတွေ ရခွင့်ရှိမှာလဲ။

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ရနိုင်ပါတယ်။

၃။ ပွိုင့်လက်ဆောင်ကို ဘယ်လိုရနိုင်မလဲ။

အစီအစဥ်ကာလအတွင်း MPT သုံးစွဲသူများမှ MPT Club ပွိုင့် လက်ဆောင် ရယူနိုင်ရန် USSD ကုဒ် ကို ရိုက်နှိပ်ခေါ်ဆို ရမည်ဖြစ်ပြီး ပွိုင့်လက်ဆောင်များကို ရယူနိုင်မည်ဖြစ်ပါတယ်။
အစီအစဥ်ကာလအတွင်း MPT Club အဖွဲ့ဝင် မဖြစ်သေးပါက စာရင်းပေးသွင်းနိုင်ပြီး သုံးစွဲသူများသည် စာရင်းသွင်းပြီး 24 နာရီအတွင်း *2006# ကိုခေါ်ဆို၍ MPT Club ပွိုင့် လက်ဆောင် ရယူနိုင်ပါသည်။

၄။ MPT Club ပွိုင့် လက်ဆောင် ကို ဘယ်အချိန်မှာ လက်ခံရရှိမလဲ။

လက်ရှိ MPT Club အဖွဲ့ဝင်များအတွက် USSD ကုဒ် *2006# ကိုခေါ်ဆိုပြီးနောက် MPT Club ပွိုင့် လက်ဆောင် များကို ချက်ချင်း ရရှိမည်ဖြစ်ပါသည်။

၅။ MPT Club ပွိုင့် လက်ဆောင် ကို ဘယ်နှစ်ကြိမ်ရနိုင်ပါသလဲ။

သုံးစွဲသူ တစ်ဦးလျှင် (၁) ကြိမ်သာ ခံစားခွင့် ရရှိမည်ဖြစ်သည်။

၆။ MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူခြင်းဖြင့်လည်းကောင်း၊ *345# အား ခေါ်ဆို၍ လည်းကောင်း အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့ခြင်းဖြင့် လည်းကောင်း MPT Club အဖွဲ့ဝင် ဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။

၇။ အစီအစဥ်ကာလက ဘယ်အထိလဲ။

၂၀၂၂ခုနှစ် သြဂုတ် လ ၁၄ရက်နေ့ မှ သြဂုတ် လ၊ ၂၇ ရက် အထိ။