×

Prepaid Mobile Services

SIM ကတ် ဘယ်မှာ ဝယ်လို့ရနိုင်မလဲ။

SIM ကတ်များကို နိုင်ငံတစ်ဝှမ်းလုံးရှိ ဈေးဆိုင်ထောင်ပေါင်းများစွာတွင် ဝယ်ယူရရှိနိုင်ပါသည်။
SIM ကတ် ဝယ်ယူရန်အတွက် Customer Registration Form တွင် အချက်အလက်များ မှန်ကန် ပြည့်စုံစွာထည့်သွင်းပြီး မိမိ၏ အထောက်အထားမှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲပေးရမည် ဖြစ်ပါသည်။
SIM Card Registration အတွက်ပေးနိုင်သော အထောက်အထား မှတ်ပုံတင်အမျိုးအစားများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသားများအတွက်
• နိုင်ငံသားမှတ်ပုံတင်ကတ်ပြား (နှစ်ဖက်စလုံး)
• ပတ်စ်ပိုစ့် (ပထမစာမျက်နှာ သို့ Photo Page)
• ယာဉ်မောင်းလိုင်စင်
• မြန်မာနိုင်ငံတက္ကသိုလ် သို့ ကောလိပ်မှ ကျောင်းသားမှတ်ပုံတင်ကတ်ပြား
• ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်လက်မှတ် (အနည်းဆုံး အဘအမည် နှင့် နေရပ်လိပ်စာ ပါဝင်ရပါမည်)

နိုင်ငံခြားသားများအတွက်
• ပတ်စ်ပိုစ့် (ပထမစာမျက်နှာ သို့ Photo Page နှင့် ဗီဇာ)

SIM ကတ် တစ်ကတ်ကို ဘယ်လောက်ကျပါသလဲ။

၁၅၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

ငွေဘယ်လို ဖြည့်ရပါမလဲ။

ငွေဖြည့်ကတ်များကို အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းဆိုင် (၄၅၀၀) ကျော်တွင် ဝယ်ယူရရှိနိုင်ပါသည်။ ဖြည့်သွင်းရန်အသေးစိတ်အချက်အလက်များကို ငွေဖြည့်ကတ်၏ နောက်ကျောတွင် ကြည့်ရှုနိုင်ပါသည်။

ဖြည့်သွင်းထားသော ငွေပမာဏကို ဘယ်လောက်ကြာကြာသုံးစွဲနိုင်ပါသလဲ။

ငွေဖြည့်ကတ်သက်တမ်းသည် သင်ဝယ်ယူသော ငွေဖြည့်ကတ်အမျိုးအစားပေါ်မူတည်၍ အောက်ပါအတိုင်း ကွာခြားနိုင်ပါသည်။
၅၀၀ ကျပ်တန် e-top up ငွေဖြည့်ကတ်တွင် ငွေကျပ် ၅၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
၁၀၀၀ ကျပ်တန် ငွေဖြည့်ကတ်တွင် ငွေကျပ် ၁၀၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
၃၀၀၀ ကျပ်တန် ငွေဖြည့်ကတ်တွင် ငွေကျပ် ၃၀၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
၅၀၀၀ ကျပ်တန်ငွေဖြည့်ကတ်တွင် ငွေကျပ် ၅၀၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
၁၀၀၀၀ ကျပ်တန်ငွေဖြည့်ကတ်တွင် ငွေကျပ် ၁၀၀၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
၂၀၀၀၀ ကျပ်တန်ငွေဖြည့်ကတ်တွင် ငွေကျပ် ၂၀၀၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
၃၀၀၀၀ ကျပ်တန်ငွေဖြည့်ကတ်တွင် ငွေကျပ် ၃၀၀၀၀ ပါဝင်ပြီး (၁)နှစ်အတွင်း အသုံးပြုနိုင်ပါသည်။
ဖြည့်သွင်းထားသောငွေသည် တစ်ကြိမ်ငွေဖြည့်သွင်းတိုင်း သွင်းထားသောပမာဏပေါ်လိုက်၍ သက်တမ်းတိုးသွားပါသည်။

ဖြည့်သွင်းထားသောငွေ သက်တမ်းကုန်လွန်သွားလျှင် ဘာဖြစ်နိုင်ပါသလဲ။

စက်တင်ဘာလ (၄) ရက်နေ့မှစ၍ စတင်အသုံးပြုသော SIM ကတ်များတွင် ဖြည့်သွင်းထားသောငွေ သက်တမ်းကုန်လွန်သွားပါက
• ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ မရတော့ပါ။
• ရက်ပေါင်း (၃၀) အတွင်း ငွေဖြည့်သွင်းခြင်းမရှိပါက အဝင်ခေါ်ဆိုမှု၊စာတိုလက်ခံခြင်းတို့
မရတော့ပါ။ အဆိုပါ အချိန်ကာလအတွင်း ငွေဖြည့်သွင်းပါက လက်ကျန်ငွေပမာဏကို
ပြန်လည်ထပ်ပေါင်းပေးမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက လက်ကျန်ငွေပမာဏကိုပါ
ရရှိနိုင်မည်မဟုတ်ပါ။
• ဖြည့်သွင်းထားသောငွေသက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ငွေဖြည့်သွင်းရန် ရက်ပေါင်း (၉၀) ရရှိမည်ဖြစ်ပြီး အဆိုပါကာလကျော်လွန်ပါက ဖုန်းနံပါတ်ကို ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
အခြား SIM ကတ်များအတွက် ၁၀၆ ကိုဆက်သွယ်ပါ။

ငွေလက်ကျန် ဘယ်လိုစစ်ရပါမလဲ။

ငွေလက်ကျန်စစ်ဆေးရန်အတွက် *124# ကိုနှိပ်ပြီး Enter နှိပ်ပါ။ သို့မဟုတ် BAL ဟုရိုက်ကာ 1331 သို့လည်း အခမဲ့ SMS ပေးပို့ပြီး စစ်ဆေးနိုင်ပါတယ်။

ဖုန်းခေါ်ဆိုနိုင်ရန် SIM ကတ်ကို ဘယ်လိုအသုံးပြုရပါမလဲ။

စတင်အသုံးပြုနိုင်ရန် သင့်ဖုန်းထဲသို့ SIM ကတ်ကိုထည့်ပါ၊ ပြီးလျှင် ဖုန်းဖွင့်ပြီးခေါ်ကြည့်လိုက်ပါ သို့ MPT ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်ပါ။
အသုံးပြု၍ရပြီဖြစ်ကြောင်း SMS ဝင်လာပြီး သင့် ဖုန်းနံပါတ်ကိုလည်းပြောပြပါလိမ့်မည်။
MPT ၏ မေတ္တာလက်ဆောင်အနေဖြင့် စုစုပေါင်း (၉၀၀) ကျပ် အပိုချီးမြှင့်ငွေရရှိပါမည်။
• SIM ကတ်စတင်အသုံးပြုသည်နှင့် အပိုချီးမြှင့်ငွေ ၃၀၀ ကျပ် လက်ခံရရှိပါမည်။
• SIM ကတ်အသုံးပြု ပြီး ရက် (၃၀) ကြာလျှင် အပိုချီးမြှင့်ငွေ ၃၀၀ ကျပ် လက်ခံရရှိပါမည်။ (ငွေဖြည့်ကတ် သက်တမ်းကျန်ရှိမှသာ)
• SIM ကတ်အသုံးပြု ပြီး ရက် (၆၀) ကြာလျှင် အပိုချီးမြှင့်ငွေ ၃၀၀ ကျပ် လက်ခံရရှိပါမည်။ (ငွေဖြည့်ကတ် သက်တမ်းကျန်ရှိမှသာ)
MPT ၏ မေတ္တာလက်ဆောင်အပိုချီးမြှင့်ငွေမှာ ရက် (၃၀) သက်တမ်းရှိပြီး ဖုန်းခေါ်ဆိုမှုများ၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်ဝန်ဆောင်မှုများတွင် သုံးစွဲနိုင်ပါသည်။

ငွေဖြည့်ကတ် အမျျိုးအစားကို မည်သို့ ခွဲခြားထားပါသလဲ။

ငွေဖြည့်ကတ်များကို ခဲခြစ်ငွေဖြည့်ကတ်ပုံစံနှင့်သော်လည်းကောင်း e-top up အနေနဲ့သော်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။ ရရှိနိုင်တဲ့ ငွေဖြည့်ကတ်ပမာဏများကတော့ ၅၀၀ကျပ် (e-top up အတွက်သာ)၊ ၁၀၀၀ကျပ်၊ ၃၀၀၀၀ကျပ်၊ ၅၀၀၀ကျပ်၊ ၁၀၀၀၀ကျပ်၊ ၂၀၀၀၀ကျပ် နှင့် ၃၀၀၀၀ကျပ် တို့ ဖြစ်ကြပါသည်။
၁၀၀၀ကျပ် နှင့် ၃၀၀၀ကျပ်တန် ငွေဖြည့်ကတ်အမျိုးအစားများကတော့ လတ်တလောမှာ GSM နှင့် WCDMA ဖုန်းများအတွက်သာ ရရှိနိုင်ပါသေးသည်။

အခြားဖုန်းထဲသို့ ငွေဘယ်လို ဖြည့်ရပါမလဲ။

အခြားဖုန်းထဲသို့ ငွေဖြည့်သွင်းပေးနိုင်ပါတယ်ခင်ဗျာ။ ငွေဖြည့်ကတ်ဝယ်ယူပြီးပါက အောက်ပါအတိုင်း ဖြည့်သွင်းပေးနိုင်ပါတယ်။
*123*<16-digit-coupon-code>*<09xxxxnumber>#

မိုဘိုင်းအင်တာနက် အသုံးပြုရန် ဘယ်လိုလျှောက်ထားရမှာပါလဲ။

အကယ်၍ သင်၏ဖုန်းတွင် ဆွေသဟာအစီအစဉ်အား လျှောက်ထားအသုံးပြုနေပြီဖြစ်ပါက အင်တာနက်မရှိသေးသောဖုန်းဖြစ်လျှင် အင်တာနက်လျှောက်ထားရန်မလိုဘဲ အသုံးပြုလို့ရပြီဖြစ်ပါသည်။ MPT ၏ အင်တာနက်ဝန်ဆောင်မှုအား အသုံးပြုရန် သင်၏ဖုန်းရှိ APN setting တွင် mptnet ဟု ပြောင်းလဲကာ အသုံးပြုရမှာ ဖြစ်ပါသည်။
အကယ်၍ သင်၏ဖုန်းမှာ ဆွေသဟာအစီအစဉ်အား လျှောက်ထားအသုံးပြုခြင်း မရှိသေးဘဲ အင်တာနက်စတင်လျှောက်ထားအသုံးပြုလိုပါက “Orderdata service” ဟုရိုက်ကာ 1331 သို့ SMS ပေးပို့ကာ အခမဲ့လျှောက်ထားရမှာ ဖြစ်ပါသည်။ အင်တာနက်လျှောက်ထားပြီးကြောင်း အတည်ပြုပေးသည့် SMS အား လက်ခံရရှိပြီးပါက မိုဘိုင်းအင်တာနက်အား စတင်အသုံးပြုလို့ရပြီဖြစ်ပါသည်။