“MPT က “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ် နှင့် Special Flash ပရိုမိုးရှင်း အစီအစဉ်များဖြင့် သီတင်းကျွတ်အခါသမယကို ကြိုဆို”

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သော MPT သည် သီတင်းကျွတ်အခါသမယကို ကြိုဆိုသည့်အနေဖြင့် စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ ၁၆ ရက် အထိ ကျင်းပလျက်ရှိသော “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ်တွင် Special Flash ပရိုမိုးရှင်းအား ထပ်မံထည့်သွင်းလိုက်ပြီ ဖြစ်သည်။ ယခု Special Flash ပရိုမိုးရှင်းတွင် ပါဝင်ရန်အတွက် MPT သုံးစွဲသူများသည် စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၇ ရက် အတွင်း *71010# ကို အခမဲ့ခေါ်ဆိုစာရင်းသွင်းပြီး MPT ၏ Special Days (၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်)များတွင် ၁၀၀% ပြန်အမ်းငွေကို ရရှိနိုင်မည် ဖြစ်သည့်အပြင် MPT Club ပွိုင့် ၂၀၀အထိလည်း ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ်မှ ကျန်ရှိနေသော အလန်းစား ဆုကြီးများဖြစ်သည့် Samsung Z Flip 4 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြား ဆုကြီးများကို ကံထူးနိုင်သည့် လက်မှတ်များကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်ခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံးငွေ ကျပ် ၁,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပြီး “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်။ “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်ကို အပတ်စဉ် ကျင်းပလျက်ရှိပြီး MPT သုံးစွဲသူများသည် မိမိတို့ဖုန်းဘေလ်ဖြည့်သည့် ပမာဏပေါ်မူတည်၍ လက်မှတ်အရေအတွက် ရရှိမည်ဖြစ်ပါသည်။ ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားထားခြင်း မရှိသောကြောင့် သုံးစွဲသူများ အနေဖြင့် ဖုန်းဘေလ်ဖြည့်သွင်းမှုများလေ ကံထူးခွင့် လက်မှတ်များ ပိုမိုရရှိလေ ဖြစ်ပါသည်။ ကံထူးခွင့် လက်မှတ်များလေ ကံထူးရှင်ဖြစ်ရန် အခွင့်အရေးပိုမိုများသောကြောင့် MPT သုံးစွဲသူများအား ယခုအခွင့်အရေးကို လက်လွတ်မခံရန် တိုက်တွန်းလိုပါသည်။ “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့် ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို http://bitly.ws/uqq5 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပထမအပတ် (စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက်ထိ)နှင့် ဒုတိယအပတ် (စက်တင်ဘာ ၂၆ရက်မှ အောက်တိုဘာ၂ရက်)နေ့အထိ ကံထူးရှင် (၁၂) ဉီးစာရင်းကို အောက်တွင်ဖော်ပြထားပါသည်။

ပထမအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဉီးရဲမင်းကျော်iPad Mini 6 Wi-Fi (64GB)ဘိုကလေးမြို့
ဉီးဒိလ်မမောက်iPad Mini 6 Wi-Fi (64GB)ရခိုင်ပြည်နယ်
ဉီးကြည်အေးiPad Mini 6 Wi-Fi (64GB)ကျောက်ပန်းတောင်းမြို့
ဉီးကြာလောiPad Mini 6 Wi-Fi (64GB)မိုင်းဆတ်မြို့
ဉီးမျိုးကိုကိုiPad Mini 6 Wi-Fi (64GB)နတ်မောက်မြို့
ဉီးအောင်ချိုဉီးiPad Mini 6 Wi-Fi (64GB)ပုဇွန်တောင်မြို့နယ်

ဒုတိယအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဦးကိုကိုဦးiPhone 13 Pro (128GB)တောင်ဥက္ကလာပမြို့နယ်
ဦးအထွေးiPhone 13 Pro (128GB)စစ်တွေမြို့
ဦးလှိုင်းကိုiPhone 13 Pro (128GB)လားရှိုးမြို့
ဒေါ်အိန္ဒာကျော်iPhone 13 Pro (128GB)ကျိုင်းတုံမြို့
ဒေါ်နွယ်နွယ်ဝင်းiPhone 13 Pro (128GB)ဘောနက်ကြီးရွာ၊ ပဲခူး
ဒေါ်မော်မော်ဝင်းiPhone 13 Pro (128GB)လမ်းမတော်မြို့နယ်

ပထမအပတ်နှင့် ဒုတိယအပတ်အတွက် ထွက်ပေါ်လာသော ကံထူးရှင် (၁၂) ဦး အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။
အလန်းစားဆုလက်ဆောင်များဖြစ်သည့် Samsung Z Flip (8 GB/ 256 GB ROM) နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြား ဆုများအား ကံထူးနိုင်သည့် အခွင့်အရေးများ ဆက်လက်ကျန်ရှိနေပြီး MPT အနေဖြင့် တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ကျန်ရှိနေသော ကံထူးရှင် (၁၄) ဦးအား အောက်တိုဘာလ (၁၃) ရက်နှင့် (၂၀) ရက်တို့တွင် အသီးသီးရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် ပျော်ရွှင်စွာ ဆုလက်ဆောင်များကို ရရှိခံစားနိုင်ရန် ယခုအစီအစဉ်တွင် ပါဝင်ဆင်နွှဲကြပါရန် တိုက်တွန်းလိုက်ရပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများ အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။ မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယမှာ အားလုံးကျန်းမာရွှင်လမ်းကြစေရန် MPT က ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းပြောင်းလဲတပ်ဆင်မှုစတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းယန်း အိတ်ချိန်း၁၃-၁၀-၂၀၂၂၀၈၄-၂၀၆၅xxx၀၈၄-၄၇၆၅xxx
ရခိုင်ပြည်နယ်မြေပုံ အိတ်ချိန်း၂၁-၁၀-၂၀၂၂၀၄၃-၂၀၃၀xxx၀၄၃-၄၇၃၀xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

“အလန်းစားဆု_အလန်းစား Friday” ကံထူးရှင်များအားလုံး ရွေးချယ်ခဲ့ပြီးဖြစ်

အလန်းစားဆုလက်ဆောင်များကို ရရှိနိုင်မည့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်ကို အောက်တိုဘာလ (၁၆) ရက် အထိ ဆက်လက်ပါဝင်ကံစမ်းနိုင်
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်) – “အလန်းစားဆု_အလန်းစား Friday” အစီအစဉ်၏ တတိယ အပတ်နှင့် စတုတ္ထအပတ်ကာလအတွက် ကျန်ရှိနေသော ကံထူးရှင် (၁၃) ဦး ထွက်ပေါ်လာပြီ ဖြစ်ကြောင်း MPT က ထုတ်ပြန်ကြေညာလိုက်သည်။ MPT က သုံးစွဲသူများအား အလန်းစား ဆုလက်ဆောင်များဖြင့် ကျေးဇူးတုံ့ပြန်လို သည့် ရည်ရွယ်ချက်ဖြင့် ယခုပရိုမိုးရှင်းအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“အလန်းစားဆု_အလန်းစား Friday” အစီအစဉ်တစ်ခုလုံးအတွက် ကံထူးရှင်စုစုပေါင်း (၂၅) ဦးကိုရွေးချယ်ခဲ့ပြီး ပထမအပတ်နှင့် ဒုတိယအပတ်၏ ကံထူးရှင် (၁၂) ဦးကို စက်တင်ဘာ (၁၆) ရက်တွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။ ကျန်ရှိသော တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များထဲမှ ကံထူးရှင် (၁၃) ဦးကို စက်တင်ဘာလ (၂၁) ရက်နှင့် (၂၈) ရက်တို့တွင် ကျပန်းစနစ်ဖြင့် အသီးသီး ရွေးချယ်၍ ကြေညာခဲ့ပြီးဖြစ်ပါသည်။ ကံထူးရှင် (၁၃) ဦးကို အောက်တွင်ဖော်ပြထားပါသည်။

တတိယအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဝေလင်းအောင်iPad Air 5 (64GB) ပဲခူး
မျိုးကျော်သူiPad Air 5 (64GB) နေပြည်တော်
ဆဲဗင်းမျိုးလွင်ဦးApple Watch Series 7 ငပလီ(ရခိုင်)
ယုရီကိုApple Watch Series 7 မြောက်ဥက္ကလာပ
လဲ့နေဇင်ခိုင်Beats Fit Pro မြောက်ဒဂုံ
ခွန်သောင်းBeats Fit Pro စမ်းချောင်း

စတုတ္ထအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်ကံထူးဆုများနေရပ်လိပ်စာ
ဖြူဖြူiPad Air 5 (64GB) တောင်ဒဂုံ
ဇင်သူနိုင်iPad Air 5 (64GB) လေးမျက်နှာ (ဧရာဝတီတိုင်း)
NL ဆန်းပိApple Watch Series 7 တီးတိန် (ချင်းပြည်နယ်)
မောင်မောင်တင်Apple Watch Series 7 မုံရွာ
ကြည်သာApple Watch Series 7 တောင်ဥက္ကလာပ
ဟန်ညွန့်Beats Fit Pro ကျောက်တံတား
သက်ပိုင်Beats Fit Pro ပြင်ဦးလွင်

တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ထွက်ပေါ်လာသောကံထူးရှင် (၁၃) ဦး အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က အောက်တိုဘာလအတွင်း ဆက်သွယ်ပေးသွား မည် ဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် “အလန်းစားဆု_ အလန်းစား Friday” အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://bit.ly/3qvWGiR မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ယခုအစီအစဉ်တွင် ပါဝင်ခဲ့သည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပြီး နောင်လာမည့် စိတ်လှုပ်ရှားဖွယ် ပရိုမိုရှင်းအစီအစဉ်များကိုလည်း စောင့်မျှော်ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
MPT ၏ “အလန်းစားဆု_ အလန်းစား Friday” အစီအစဉ် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သော်လည်း သုံးစွဲသူများ အနေဖြင့် စက်တင်ဘာလ (၁၉) ရက်မှ အောက်တိုဘာလ (၁၆) ရက်အထိ ကျင်းပလျက်ရှိသည့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင် ထပ်မံဝင်ရောက်ကံစမ်းနိုင်ပါသည်။ အဆိုပါ ကံစမ်းမဲအစီအစဉ် တွင်လည်း iPad Mini 6 ၊ iPhone 13 Pro ၊ Samsung Z Flip 4 နှင့် ၁ကျပ်သား ရွှေဒင်္ဂါးများစသည့် အလန်းစား ဆုလက်ဆောင်များကို အပတ်စဉ် ပေးအပ်သွားမည် ဖြစ်ပါသည်။ MPT GSM/ CDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံး ၁,၀၀၀ ကျပ် ဖုန်းဘေလ် ဖြည့်သွင်းပြီး ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေနှင့် ယခု “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ် တွင် ပါဝင်ခြင်းအားဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သီတင်းကျွတ်ကာလကို ပိုင်ဆိုင်နိုင်မည့်အပြင် အလန်းစား ဆုလက်ဆောင်များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ MPT သုံးစွဲသူများ အနေဖြင့် ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ် အသေးစိတ်အချက်အလက်ကို http://bitly.ws/uLYT မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် အကောင်းဆုံးဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်သူ ဖြစ်ရန် စိတ်ဆုံးဖြတ်ထားပြီး နိုင်ငံတစ်ဝန်းရှိသုံးစွဲသူများအား အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။
MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

နေပြည်တော်ကောင်စီရှိ ခေတ်မီအိတ်ချိန်းစက်များလဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ နေပြည်တော်ကောင်စီရှိ အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်နှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်ကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
နေပြည်တော်ကောင်စီနေပြည်တော်ဘူတာကြီး (ရွာတော်) အိတ်ချိန်း၀၆၇-၇၇xxx၀၆၇-၈၀၇၇xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၆) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

MPT က “ထောဘီ ၅ ဆ” ပက်ကေ့ချ်များအတွက် အလိုအလျောက်သက်တမ်းတိုး (Auto-renewal) စနစ်ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်)- သုံးစွဲသူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသော MPT သည် “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) အား သက်သာသောနှုန်းထားဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ သုံးစွဲသူမှ အဆိုပြုဝယ်ယူ ထားပါက အဆိုပါ ပက်ကေ့ချ်၏  လက်ကျန် ထောဘီ ပမာဏ ၅၀၀ ကျပ် အောက်သို့ရောက်ရှိ သွားချိန် (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား) သုံးစွဲသူများသည် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၅ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့်အပြင် အဆိုပါ ပက်ကေ့ချ်ကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်းနှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း တို့အတွက် သတ်မှတ်ထား သော ထောဘီ ၅ ဆ အထူးနှုန်းထားဖြင့် (အလိုအလျောက် သက်တမ်းတိုးသည့် စနစ်အပါအဝင်) အသုံးပြုနိုင်မည် ဖြစ်သည်။ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များအား *500# သို့ ခေါ်ဆိုခြင်း၊ MPT4U ၊ CRM နှင့် MPT Pay တို့မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။   “ထောဘီ ၅ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များ  ဝယ်ယူသုံးစွဲသူများအနေဖြင့် ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားခွင့်ရရှိမည်ဖြစ်ပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိ ကံစမ်းရယူ နိုင်ပါသည်။ ထို့အပြင် ပရိုမိုးရှင်းကာလအတွင်း “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များကို MPT4U မှ ဝယ်ယူပါက ထိပေါက် ကစားခွင့် ၂ ကြိမ် ရရှိမည် ဖြစ်ပါသည်။

“ထောဘီ ၅ ဆ” ပက်ကေ့ချ်ကို တစ်နိုင်ငံလုံးရှိ သုံးစွဲသူအများစု၏ လိုအပ်ချက်များနှင့်အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးထားပြီး MPT ၏ အသက်သာဆုံးနှင့် အဆင်ပြေဆုံး ဝန်ဆောင်မှုအဖြစ် ရွေးချယ်နိုင်မည်ဖြစ်သည်။

“ထောဘီ ၅ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) တွင် သက်တမ်း ၁၅ ရက်၊ ရက် ၃၀၊ ရက် ၆၀ ဟူ၍ အမျိုးအစား (၃) မျိုး ပါဝင်ပါသည်။ “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များမှာ_

အလိုအလျောက် သက်တမ်းတိုး ထောဘီ
၅ ဆ ဖုန်းဘေလ်
ထောဘီ ၅ဆ
သက်တမ်း
ရယူနိုင်သည့်နည်းလမ်းများနှုန်းထားလက်ကျန် စစ်ဆေးရန်
တိုက်ရိုက်
USSD
ပုံမှန် USSDအက်ပလီကေးရှင်း
ပုံမှန်ဖုန်းဘေလ် ၉၈၀ကျပ်= ထောဘီ၅ဆဖုန်းဘေလ်
၅၀၀၀ကျပ်
၁၅ရက်စာရင်းသွင်းရယူရန်- *500*1*3#
ပယ်ဖျက်ရန်- *500*1*4#
*500#

(or)

*106#
MPT4U App
(သို့မဟုတ်)MPT Pay
1 MB လျှင် ဒေတာ ၁၀.၇ ကျပ် ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု
တစ် မိနစ် လျှင် ၃၂.၅ ကျပ် ၊
MPT အချင်းချင်း စာတိုပေးပို့မှု တစ်စောင်လျှင် ၂၀ ကျပ်
*224#
ပုံမှန်ဖုန်းဘေလ်၁၉၆၀ကျပ်=ထောဘီ၅ဆဖုန်းဘေလ် ၁၀,၀၀၀ကျပ်ရက် ၃၀စာရင်းသွင်းရယူရန်- *500*2*3#
ပယ်ဖျက်ရန်- *500*2*4#
ပုံမှန်ဖုန်းဘေလ် ၄၉၀၀ကျပ်= ထောဘီဖုန်းဘေလ် ၂၅,၀၀၀ကျပ်ရက် ၆၀စာရင်းသွင်းရယူရန်- *500*3*3#
ပယ်ဖျက်ရန်- *500*3*4#

“ထောဘီ ၅ ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များတွင် ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်ကို ပြောင်းလဲဝယ်ယူ၍ မရသည်မှအပ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး  ထောဘီ ၅ ဆ ဖုန်းဘေလ် ပမာဏများအားလုံး ပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းရှိသည့် ပက်ကေ့ချ်၏ သက်တမ်းကာလအတိုင်း အသုံးပြုနိုင်ပါသည်။

MPT သုံးစွဲသူများအနေဖြင့် “ထောဘီ ၅ ဆ” ၏ ပက်ကေ့ချ်အမျိုးအစား ၂ မျိုးဖြစ်သော “Regular” နှင့် “Autorenewal” နှစ်မျိုးမှ မိမိနှစ်သက်ရာပက်ကေ့ချ်ကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ထို့အပြင် မိမိတို့ ခင်မင်ရသူများနှင့် မိတ်ဆွေများသို့ လက်ဆောင်အဖြစ်ပေးလိုပါက “ထောဘီ ၅ ဆ” ပုံမှန် (Regular) ပက်ကေ့ချ်များကို MPT4U (သို့မဟုတ်) *500# ကိုခေါ်ဆိုပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးပို့ နိုင်မည်ဖြစ်သည်။

“Regular” နှင့် “Autorenewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော “ထောဘီ ၅ ဆ” အကျိုးခံစားခွင့်များကို ခံစားနိုင်မည်ဖြစ်သော်လည်း အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ဝယ်ယူသူများအတွက်မူ ပိုမိုသက်သာစေမည်ဖြစ်သည်။ “ထောဘီ ၅ ဆ” ဖုန်းဘေလ်ကို အခြားသူများသို့ လွှဲပြောင်းပေး၍ မရပါ။ ထို့အပြင် ဒေတာပက်ကေ့ချ်များ၊ အသံပက်‌ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဝယ်ယူခြင်းအတွက် အသုံးပြုနိုင်မည် မဟုတ်ပါ။

MPT ကိုအစဉ်တစိုက်သုံးစွဲပေးသည့်အတွက် သုံးစွဲသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ “ထောဘီ ၅ ဆ” အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအကြောင်းပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့်တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက် သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

MPT က အလန်းစားဆုလက်ဆောင်များ ပါဝင်သည့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်ကို မိတ်ဆက်

(ရန်ကုန်မြို့၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) – MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများထံသို့ အကျိုးခံစားခွင့်များ ပိုမိုပေးအပ်နိုင်ရန်အတွက် ထူးခြားဆန်းသစ်သော “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်အသစ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှစတင်၍ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်၊၊ ကံစမ်းမဲအစီအစဉ်ကာလအတွင်း MPT သုံးစွဲသူများသည် iPad Mini 6 ၊ iPhone 13 Pro ၊Samsung Z Flip 4 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြားများပါဝင်သော အလန်းစားဆုလက်ဆောင်များကို အပတ်စဉ် ကံထူးနိုင်မည် ဖြစ်ပါသည်၊၊ အဆိုပါ အစီအစဉ်ကို အောက်တိုဘာလ ၁၆ ရက်အထိ အပတ်စဉ် ကျင်းပသွားမည် ဖြစ်ပြီး စုစု​ပေါင်း ကံထူးရှင် (၂၆) ဦးအား ​ ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည်  MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံးငွေ ကျပ် ၁,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပြီး “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်၊၊ MPT သုံးစွဲသူများသည် MPT4U အက်ပလီးကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်တိုင်း ဖုန်းဘေလ်ဖြည့်သည့် (ကျပ် ၁,၀၀၀/ ၃,၀၀၀/ ၅,၀၀၀/ ၁၀,၀၀၀/ ၃၀,၀၀၀) ပမာဏပေါ်မူတည်၍ လက်မှတ်အရေအတွက် ရရှိမည်ဖြစ်ပါသည်၊၊ သုံးစွဲသူများသည် ၁,၀၀၀ ကျပ် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း လက်မှတ် (၁) စောင်ရရှိမည်ဖြစ်ကာ ဖုန်းဘေလ် ၃,၀၀၀ ကျပ်ဖြည့်သွင်းပါက  လက်မှတ် (၃) စောင်ရရှိမည် ဖြစ်ပါသည်။ ၎င်းလက်မှတ်များဖြင့် သုံးစွဲသူများသည် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင် ဝင်ရောက်ပါဝင် ကံစမ်းနိုင်မည်ဖြစ်ပါသည်၊၊

ထို့အပြင် MPT သုံးစွဲသူများသည် MPT Special Flash ၏ MPT Special Day တွင် သတ်မှတ်ထားသော ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အလန်းစားဆုလက်ဆောင်များကို ကံထူးနိုင်မည့်အခွင့်အလမ်းများလည်း ရရှိနိုင်မည် ဖြစ်သည်၊၊

MPT သုံးစွဲသူများအနေဖြင့် ငွေဖြည့်ကံစမ်းမဲအစီအစဉ်မှ အလန်းစားဆုလက်ဆောင်များကို အောက်ပါအတိုင်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး အစီအစဉ်နှင့်ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို http://bitly.ws/uqpY  တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊၊

ကံထူးရှင် ရွေးချယ်ခြင်းကံထူးဆုများဆုအရေ
အတွက်
ကံထူးရှင်အရေအတွက်ငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ရန် ငွေဖြည့်သွင်းနိုင်သည့်နည်းလမ်းများ
အပတ်စဉ်ပထမအပတ်ကံထူးဆု_ iPad Mini 6 Wi-Fi (64GB)
ကံထူးရှင်စုစုပေါင်း (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်မှ အောက်တိုဘာလ (၁၆) ရက်) – ၂၆ ဦး
 MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း
 ခဲခြစ်ဖုန်းငွေဖြည့်ကတ်
 MPT Special Flash ၏ MPT Special Day တွင် သတ်မှတ်ထားသော ပက်ကေ့ချ်များ ဝယ်ယူခြင်း
ဒုတိယအပတ်ကံထူးဆု_ iPhone 13 Pro (128 GB)
တတိယအပတ်ကံထူးဆု_Samsung Z Flip 4 (8 GB RAM/ 256 GB ROM)
စတုတ္ထအပတ်ကံထူးဆု_ ၁ ကျပ်သား ရွှေဒင်္ဂါးပြား (၁၆ ပဲရည်)

*အပတ်စဉ်အလိုက် ကံထူးရှင်များကို ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ သောကြာနေ့တိုင်း MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့တွင် ကြေညာသွားမည်ဖြစ်သည့်အပြင် MPT မှလည်း အပတ်စဉ်ကံထူးရှင်များကိုဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် အပတ်စဉ်အလိုက် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည်ဖြစ်ပြီး ယခင်အပတ်၏ ကံစမ်းလက်မှတ်များသည် နောက်အပတ်ကံစမ်းမဲကာလတွင် အကျုံးဝင်မည်မဟုတ်ပါ။ ပါဝင်ကံစမ်းထားသည့်လက်မှတ်များကို အပတ်စဉ်အလိုက် *224# သို့ခေါ်ဆိုစစ်ဆေးနိုင်မည်ဖြစ်သည်။ (ဥပမာ ပထမအပတ်တွင် အကျုံးဝင်သော ကံစမ်းလက်မှတ်များသည် ပထမအပတ်အတွက်သာ အကျုံးဝင်သည်။ အခြားအပတ်များအတွက် အကျုံးမဝင်ပါ)

အဆိုပါအစီအစဉ်တွင် ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါ၊၊ ထို့အပြင် အခြားသူသို့ ဖုန်းဘေလ်ဖြည့်သွင်းပေးနိုင်ပြီး ဖုန်းဘေလ်လက်ခံရရှိသူများသည် ဆုလက်ဆောင်များ ကံထူးနိုင်ရန် လက်မှတ်များကို ရရှိမည်ဖြစ်ပါသည်၊၊ ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏများ​လေလေ အလန်းစားဆုလက်ဆောင်များ ကို ကံထူးနိုင်မည့် အခွင့်အလမ်း ပိုများလေလေဖြစ်ပါသည်၊၊ လက်ကျန် ဖုန်းဘေလ်လွှဲပြောင်းပေးခြင်းနှင့် ချေးငွေရယူခြင်းသည် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းရန် အကျုံးမဝင်ပါ၊၊

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုလို စိန်ခေါ်မှုများသောကာလအတွင်း သုံးစွဲသူများထံသို့ ဆန်းသစ်ပြီး လွယ်ကူအဆင်ပြေသောဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဒုတိယအပတ်အပြီးတွင် “အလန်းစားဆု_အလန်းစား Friday” အစီအစဉ်မှတစ်ဆင့် ကံထူးရှင် (၁၂) ဦး ထွက်ပေါ်လာ

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်) – MPT က သုံးစွဲသူများအား iPad Air 5၊ Apple Watch Series 7 နှင့် Beats Fit Pro စသော ဆုများစွာဖြင့် ပြန်လည်ပေးအပ်လျက်ရှိသော အထူးကံစမ်းမဲ ပရိုမိုးရှင်း အစီအစဉ် “အလန်းစားဆု_အလန်းစား Friday” အစီအစဉ်သည် ဒုတိယအပတ်ကာလပြီးဆုံးလွန်မြောက်၍ ခရီးတစ်ဝက်ကို ရောက်ရှိလာပြီဖြစ်ပါသည်။

MPT သည် ပထမအပတ် နှင့် ဒုတိယအပတ်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များထဲမှ ကံထူးရှင် (၁၂) ဦးကို စက်တင်ဘာလ (၇) ရက် နှင့် (၁၄) ရက်တို့တွင် ကျပန်းစနစ်ဖြင့် အသီးသီးရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။ ကံထူးရှင် (၁၂) ဦးကို အောက်တွင်ဖော်ပြထားပါသည်။

ပထမအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်အမည်နေရပ်လိပ်စာ
ဒေါ်ချမ်းမြေ့မေiPad Air 5 (64GB) ရန်ကုန်တိုင်းဒေသကြီး
ဦးမင်းမင်းiPad Air 5 (64GB) ဧရာဝတီတိုင်းဒေသကြီး
ဦးကိုဟိန်းApple Watch Series 7 မကွေးတိုင်းဒေသကြီး
ဦးနောင်းနိုင်းနိုင်းApple Watch Series 7 တနင်္သာရီတိုင်းဒေသကြီး
ဒေါ်ဆုသီရိမောင်Beats Fit Pro ရန်ကုန်တိုင်းဒေသကြီး
ဦး Pj PaiBeats Fit Pro ကရင်ပြည်နယ်

ဒုတိယအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်အမည်နေရပ်လိပ်စာ
ဦးဝေဖြိုးiPad Air 5 (64GB) မကွေးတိုင်းဒေသကြီး
ဒေါ်ခင်ပြည့်ပြည့်ဖြိုးiPad Air 5 (64GB) နေပြည်တော်ကောင်စီနယ်မြေ
ဒေါ်မြတ်သင်ဇာမိုးApple Watch Series 7 ရန်ကုန်တိုင်းဒေသကြီး
ဒေါ်ဇင်မာတင့်Apple Watch Series 7 ရန်ကုန်တိုင်းဒေသကြီး
ဒေါ်ရွှေရီBeats Fit Pro ရန်ကုန်တိုင်းဒေသကြီး
ဒေါ်ဖြိုးသင်ဇာထွန်းBeats Fit Pro ရန်ကုန်တိုင်းဒေသကြီး

ပထမအပတ် နှင့် ဒုတိယအပတ်အတွက် ကံထူးရှင် (၁၂) ဦး အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

MPT သည် “အလန်းစားဆု_ အလန်းစား Friday” အစီအစဉ်၏ တတိယအပတ် နှင့် စတုတ္ထအပတ်အတွက် ကျန်ရှိနေသော ကံထူးရှင် (၁၃) ဦးကို စက်တင်ဘာလ (၂၁) ရက် နှင့် (၂၈) ရက်တို့တွင် အသီးသီး ရွေးချယ်ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများ အတွက် ဆုလက်ဆောင်များစွာလည်း ကျန်ရှိနေပါသေးသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် ပျော်ရွှင်ဖွယ်ရာနှင့် ဆုလက်ဆောင်များ ကံထူးနိုင်ရန်အတွက် အဆိုပါအစီအစဉ်တွင် ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းလိုက်ရပါသည်။

Facebook Campaign Postကံထူးဆုများဆုအရေအတွက်ကံထူးရှင်အရေအတွက်
တတိယအပတ်
(စက်တင်ဘာလ ၁၆ ရက်)
iPad Air 5 (64GB)
Apple Watch Series 7
Beats Fit Pro
စတုတ္ထအပတ်
(စက်တင်ဘာလ ၂၃ ရက်)
iPad Air 5 (64GB)
Apple Watch Series 7
Beats Fit Pro

အဆိုပါ ကံထူးဆုများအပြင် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် “အလန်းစား Friday” ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုသူများသည် ထိပေါက်ကစားခြင်းဖြင့် 200GB အထိ ကံထူးခွင့်နှင့် သောကြာနေ့အထူးဘောနပ်စ် အဖြစ် ပြန်အမ်းငွေ ၅၅၅ ကျပ်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်သည့် အပြင် “ အလန်းစားဆု_အလန်းစား Friday” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် များများဝယ်ယူလေလေ၊ ဆုလက်ဆောင်များကံထူးရန် အခွင့်အရေး ပိုမိုများပြားလေလေ ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများအနေဖြင့် ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန် အသေးစိတ်အချက်အလက်များကို https://bit.ly/3qvWGiR  မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကံထူးရှင်များ သို့ ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ခဲ့သည့် အမှတ်တရဓါတ်ပုံများကို အောက်တွင်ဖော်ပြပေးထားပါသည်။

 

ဒေါ်ချမ်းမြေ့မေ အား iPad Air 5 (64GB) လွှဲပြောင်းပေးအပ်ခဲ့စဥ်(ရန်ကုန်)

ဦးနောင်နိုင်းနိုင်း ကိုယ်စား ဦးသန်းအောင်အား Apple Watch Series 7 လွှဲပြောင်းပေးအပ်ခဲ့စဥ် (တနင်္သာရီ)

ဦးမင်းမင်းအား iPad Air 5 (64GB) လွှဲပြောင်းပေးအပ်ခဲ့စဥ်(ဧရာဝတီ)

ဒေါ်မြတ်သင်ဇာမိုး အား Apple Watch Series 7 လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါ်ဆုသီရိမောင် အား Beats Fit Pro လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါ်ရွှေရီအား Beats Fit Pro လွှဲပြောင်းပေးအပ်ခဲ့စဥ်(ရန်ကုန်)

ဒေါ်ဇင်မာတင့် Apple Watch Series 7 လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါဖြိုးသင်ဇာထွန်း Beats Fit Pro လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းပြောင်းလဲတပ်ဆင်မှုစတင်ပြုလုပ်မည့် ရက်စွဲလက်ရှိအသုံးပြု
နေသော ဖုန်းနံပါတ်
အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နောင်တရား အိတ်ချိန်း၁၂-၉-၂၀၂၂၀၈၁-၄၁၀xxx၀၈၁-၄၇၆၈၈xx
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၁၃-၉-၂၀၂၂၀၅၄-၂၄xxx၀၅၄-၄၇၈၂၈xx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

MPT သုံးစွဲသူများအနေဖြင့် အထူးဆုကြီးများကို အလန်းစား Friday အစီအစဉ်မှ ကံထူးနိုင်

(MPT သုံးစွဲသူများ အဆိုပါကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲခြင်းဖြင့် iPad Air 5, Apple Watch Series 7 နှင့် Beats Fit Pro များကို ကံထူးနိုင်ပါသည်၊၊)

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်မှ စက်တင်ဘာလ (၂၃) ရက်အထိ MPT သုံးစွဲသူတိုင်း စုစုပေါင်း သိန်း (၄၀၀) ကျပ်တန်ဖိုးရှိ စိတ်လှုပ်ရှားဖွယ်ရာ ဆုကြီးများ ကံထူးနိုင်မည့် “အလန်းစား ဆု_ အလန်းစား Friday” ကံစမ်းမဲအစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်၊၊

အဆိုပါ အစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် MPT သုံးစွဲသူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါသည်။

အဆင့် ၁။ MPT မှ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်သည့် “အလန်းစား Friday” ပရိုမိုးရှင်း ပက်ကေ့ချ် (Data Carry Plus ပက်ကေ့ချ်များကို MPT4U အက်ပလီကေးရှင်း (သို့) *777# ကို ခေါ်ဆို၍ (သို့) MPT Pay အက်ပလီကေးရှင်း) ကို ဝယ်ယူပါ။

အဆင့် ၂။ MPT မှ ဝယ်ယူပြီးမြောက်ကြောင်း ပေးပို့ထားသော စာတို (SMS) ကို Screenshot (ဓာတ်ပုံ) ရိုက်ပါ။

အဆင့် ၃။ ရရှိလာသော Screenshot (ဓာတ်ပုံ) အား Pinned လုပ်ထားသော “အလန်းစား Friday” ​Facebook ပို့စ်အောက်တွင် Comment (မှတ်ချက်) ပေးပို့ပါ။

အဆင့် ၄။ Screenshot (ဓာတ်ပုံ) ပေးပို့ရာတွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မပေါက်ကြားစေရန် ဖုန်းနံပါတ်၏ နောက်ဆုံး (၃) လုံးကို ဖျက်၍ ပေးပို့ပါ။

ကံစမ်းမဲအစီအစဉ်ကာလတစ်လျှောက်လုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များမှ ကံထူးရှင်စုစုပေါင်း (၂၅) ဦးကို MPT က ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်များ ကို အပတ်စဉ်တိုင်း ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်၊၊ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို https://www.mpt.com.mm/mm/a-lann-sar-friday-lucky-draw-terms-and-conditions-mm/  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊၊

MPT သုံးစွဲသူများသည် ယခု ကံစမ်းမဲ ဒီဂျစ်တယ်ကမ်ပိန်း အစီအစဉ်တွင် အောက်ဖော်ပြပါ ကံထူးဆုများကို ရရှိ ကံထူးနိုင်မည် ဖြစ်သည်၊၊

ကံထူးရှင်ရွေးချယ်ခြင်းကံထူးဆုများဆုအရေအတွက်ကံထူးရှင်အရေအတွက်
အပတ်စဉ်iPad Air 5 (64GB)ကံထူးရှင်စုစုပေါင်း (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ စက်တင်ဘာလ ၂၃ ရက်အထိ)- (၂၅) ဦး
Apple Watch Series 7
Beats Fit Pro

*သက်ဆိုင်ရာ အပတ်စဉ်ကံထူးရှင်များကို ဗုဒ္ဓဟူးနေ့တိုင်း MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာပေးသွားမည် ဖြစ်ပါသည်၊၊

အဆိုပါ ကံထူးဆုများအပြင် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် “အလန်းစား Friday” ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုသူများသည် ထိပေါက်ကစားခြင်းဖြင့် 200GB အထိ ကံထူးခွင့်နှင့် သောကြာနေ့အထူးဘောနပ်စ် အဖြစ် ပြန်အမ်းငွေ ၅၅၅ ကျပ်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်သည့်အပြင် “ အလန်းစားဆု အလန်းစား Friday” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းဖြင့်  များများဝယ်ယူလေလေ ၊ ဆုလက်ဆောင်များကံထူးရန်  အခွင့်အရေး ပိုမိုများပြားလေလေ ဖြစ်ပါသည်၊၊

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း MPT သုံးစွဲသူများသို့ အသိပေးအကြောင်းကြားခြင်း

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ အိတ်ချိန်းများကို လက်ရှိအသုံးပြုနေသည့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖိုင်ဘာကေဘယ်လ်စနစ် (“FTTH စနစ်”) (နှင့်/သို့မဟုတ်) Fixed wireless စနစ် (“FWA စနစ်”) များကဲ့သို့သော အဆင့်မြင့်စနစ်များသို့ အိတ်ချိန်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို MPT ၏ ဝက်ဘ်ဆိုက်နှင့် သတင်းစာများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အတွင်း အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသဖြင့် အောက်ဖော်ပြပါအိတ်ချိန်းရှိ တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ်  (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအားလုံးကို (၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၂၉ ရက်) အတွင်း အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တယ်လီဖုန်းကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) သုံး အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်တော့မည်မဟုတ်ပါကြောင်း MPT က အသိပေး အကြောင်းကြားအပ်ပါသည်။

နယ်မြေအိတ်ချိန်းရပ်ဆိုင်းမည့် ဖုန်းနံပါတ်အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်ကြေညာခဲ့သည့် ဝက်ဘ်ဆိုက်လင့်ခ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန် အိတ်ချိန်း၀၈၁-၈၀xxx၀၈၁-၂၃၈၀xxxhttp://bitly.ws/sWmG
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၀၅၄-၂၃xxx~၀၅၄-၂၆xxx ၀၅၄-၂၈၂၃xxx~၀၅၄-၂၈၂၆xxxhttp://bitly.ws/sWmG
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည် အိတ်ချိန်း၀၅၃-၂၄xxx~၀၅၃-၂၉xxx ၀၅၃-၂၀၂၄xxx~၀၅၃-၂၀၂၉xxxhttp://bitly.ws/sWmG

သို့ဖြစ်ပါ၍ မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် MPT ၏ အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုလိုသော သုံးစွဲသူများသည် အောက်ပါဇယားတွင်ဖော်ပြထားသည့် MPT ရုံး သို့ ဆက်သွယ်နိုင်ပြီး MPT အနေဖြင့် သုံးစွဲသူများအား ဝန်ဆောင်မှုပေးရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါသည်။

နယ်မြေအိတ်ချိန်းဆက်သွယ်နိုင်မည့် MPT ရုံး ဖုန်းနံပါတ်
ရှမ်းပြည်နယ် (တောင်ပိုင်း)နမ့်စန် အိတ်ချိန်း၀၈၁-၂၃၈၀၀၀
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တောင်ငူ အိတ်ချိန်း၀၅၄-၂၈၂၃၁၁၁
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ပြည် အိတ်ချိန်း၀၅၃-၂၀၂၅၀၂၄