×

PROMOTION » ပြောသာပြောလိုက်

ပြောသာပြောလိုက်

၁။ ပြောသာပြောလိုက် Pack ဆိုတာ ဘာလဲ?

ပြောသာပြောလိုက် Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

အမည် နှုန်းထား မိနစ် အသုံးပြုနိုင်ပုံ သက်တမ်း ဝယ်ယူရန် တိုက်ရိုက်

ဝယ်ယူရန်

၇ရက်သုံး ပြောသာပြောလိုက်

Voice Pack

၈၅၀ ကျပ် ၁၃၅ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၇ ရက် *600#

 

*600*3#
၃၀ရက်သုံး ပြောသာပြောလိုက်

Voice Pack

၁၇၀၀ ကျပ် ၂၇၀ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၃၀ ရက် *600#

 

*600*2#
၉၀ ရက်သုံး ပြောသာပြောလိုက်

Voice Pack

၄၂၀၀ ကျပ် ၆၆၇ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း

(ကြိုးဖုန်းအပါအဝင်)

၉၀ ရက် *600#

 

*600*1#

၂။ ပြောသာပြောလိုက် Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?

MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။

၃။ ဒီ pack နဲ့ တခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?

မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။

၄။ ပြောသာပြောလိုက် Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?

ပြောသာပြောလိုက် Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။

၅။ ပြောသာပြောလိုက် Pack အပြင် ၃၉၉ ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?

၃၉၉ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၉ ကျပ် Voice Pack ထဲက အရင်ဖြတ်မှာဖြစ်ပါသည်။ ပြီးမှ ပြောသာပြောလိုက် Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါသည်။

၆။ ပရိုမိုးရှင်းကာလက ဘယ်အချိန်ထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ
၂၆ ရက်နေ့အထိ ဖြစ်ပါသည်။

၇။ ပြောသာပြောလိုက် Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။

ပြောသာပြောလိုက် Pack ကို ပရိုမိုးရှင်းကာလအတွင်း စိတ်ကြိုက် ဝယ်ယူနိုင်ပါပြီ။ မိနစ်နဲ့သက်တမ်းကတော့ပေါင်းစည်းသွားမှာမဟုတ်ပါဘူး။

၈။ ပြောသာပြောလိုက် Pack သည် သက်တမ်းကုန်လွန်သွားသည့်အခါ အလိုအလျောက် သက်တမ်းတိုးပါသလား။

ပြောသာပြောလိုက် Pack သည် သက်တမ်းကုန်လွန်သွားသည့်အခါ အလိုအလျောက် သက်တမ်းမတိုးပါ။ အသစ်တစ်ဖန်ဝယ်ယူလိုပါက *600# ကို ခေါ်ဆိုပါ။