1.MPT Club သို့ စာရင်းပေးသွင်းထားသော MPT အသုံးပြုသူများအားလုံး ပါဝင်နိုင်ပါသည်။
2.MPT Club သို့ စာရင်းပေးသွင်းရာတွင် MPT 4U application မှတစ်ဆင့် ကျား/မ၊ မွေးနေ့ တို့ကိုပြည့်စုံစွာ ဖြည့်သွင်းစာရင်းပေးသွင်းထားသူဖြစ်ရပါမည်။ (ဥပမာပြထားသော “01.01.1900” မွေးနေ့အချက်အလက်အား ပြန်လည်ဖြည့်သွင်းခြင်းမပြုရ)
3.ပရိုမိုးရှင်းကာလမှာ ၂၀၂၀၊ ဇွန်လ ၄ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့ထိဖြစ်သည်။
4.ပရိုမိုးရှင်းကာလအတွင်း MPT Club အဖွဲ့ဝင်များအနေဖြင့် MPT 4U application မှ ကြိုက်နှစ်သက်ရာ mobile ဆုလက်ဆောင် တစ်ခုခု ကို အနည်းဆုံး (၁)ကြိမ် လဲလှယ်ထား ရှိရန်လိုအပ်သည်။
5.ပရိုမိုးရှင်းကာလအတွင်း mobile ဆုလက်ဆောင်များကိုလဲလှယ်ထားသူသည် အပိုလက်ဆောင် point များအား (၁) ကြိမ်သာ ခံစားခွင့်ရှိသည်။
6.အပိုလက်ဆောင် point များမှာ Member level အတွက် ၅၀၀ points၊ Platinum level အတွက် ၈၀၀ points နှင့် Diamond level အတွက် ၁,၀၀၀ points တို့ဖြစ်သည်။
7.လွန်ခဲ့သော ၃လ အတွင်း ပျမ်းမျှအသုံးပြုလိုက်သော မိုဘိုင်း ငွေပမာဏမှာ ၁၀,၀၀၀ ကျပ်အောက်ဖြစ်ပါက Member level၊ ၁၀,၀၀၀ ကျပ်မှ ၂၉,၉၉၉ ကျပ် ဖြစ်ပါက Platinum level နှင့် ၃၀,၀၀၀ ကျပ် နှင့်အထက် ဖြစ်ပါက Diamond level သို့ရောက်ရှိမည်ဖြစ်သည်။
8.အပိုလက်ဆောင် point များအား ပရိုမိုးရှင်းကာလပြီးဆုံးပါက (၁)ပတ်အတွင်း ပြန်လည်ဖြည့်သွင်းပေးသွားမည်ဖြစ်သည်။ အပိုလက်ဆောင် point များ ရရှိကြောင်း SMS ဖြင့်အကြောင်းကြားပေးပါမည်။
9.ဤပရိုမိုးရှင်းအစီအစဉ်ကို MPT မှ မည်သည့်အကြောင်းပြချက်နှင့်မဆို ရုပ်သိမ်း (သို့) ပြောင်းလဲ ပိုင်ခွင့်ရှိသည်။