MPT Myanmar | Moving Myanmar Forward Roaming & Promotion FAQs - MPT Myanmar | Moving Myanmar Forward
×

Roaming & Promotion

International Roaming Service ဆိုတာဘာလဲ။

International Roaming Service ဆိုတာ တခြားနိုင်ငံက မိုဘိုင်းအော်ပရေတာ ကွန်ယက်တစ်ခုခုမှာ လူကြီးမင်းရဲ့ဖုန်းကို အသုံးပြုနိုင်အောင် စီစဉ်ပေးထားတာပါ။ဒီဝန်ဆောင်မှုဟာ လူကြီးမင်းတို့ ပြည်ပနိုင်ငံတစ်ခုခုမှာ ရောက်နေတဲ့အချိန် မြန်မာနိုင်ငံက ဒါမှမဟုတ် တခြားပြည်ပနိုင်ငံတစ်ခုခုမှာရှိနေတဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကို ဖုန်းဆက်နိုင်အောင် စီစဉ်ပေးထားတာပါ။ ဒီဝန်ဆောင်မှု အတွက် သုံးစွဲသူတွေဆီကနေ ၀န်ဆောင်ခကို MPTက ကောက်ခံသွားမှာပါ။

တခြားနိုင်ငံတွေမှာမိုဘိုင်းဖုန်းကိုသုံးစွဲရာမှာ ဖုန်းအဝင်လက်ခံခြင်းနဲ့အဝင်မက်ဆေ့ချ်တွေအပေါ်မှာ ဝန်ဆောင်ခ ကောက်ခံပါသလား။

ဖုန်းအဝင်လက်ခံခြင်းအတွက် ၀န်ဆောင်ခကောက်ခံပါတယ်။ မက်ဆေ့ချ်အဝင် လက်ခံခြင်းအတွက်တော့ ၀န်ဆောင်ခ မပေးရပါဘူး။  ဒါပေမဲ့  ပြည်ပနိုင်ငံမှာ မ်ိုဘိုင်းဖုန်းကို အသုံးပြုနေတဲ့အချိန် မက်ဆေ့ချ်ပို့ခဲ့မယ်ဆိုရင် တော့ ၀န်ဆောင်ခ ပေးဆောင်ရမှာပါ။

Roaming ကိုဘယ်လိုရယူနိုင်မလဲ။

MPT Prepaid သုံးစွဲသူများအတွက် default မှတဆင့် activate ၍ သုံးစွဲနိုင်ပါသည်။ သို့သော် Postpaid သုံးစွဲသူများသည် Roaming ဝန်ဆောင်မှုကိုရယူရန်အတွက် ကြိုတင်ငွေများကိုတစ်ဦးချင်းစီအတွက် MPT Brand Stores များမှ လည်းကောင်း၊ B2B/Corporate များအတွက် Account Managers များမှ တစ်ဆင့်လည်းကောင်း ပေးဆောင်ရန် လိုအပ်ပါသည်။

ပရိုမိုးရှင်းမပါဝင်တဲ့ပုံမှန်နှုန်းထားဆိုတာဘာပါလဲ။

ပုံမှန်နှုန်းထားကို နိုင်ငံအလိုက် သတ်မှတ်ထားပါသည်။ ပရိုမိုးရှင်းကာလအတွင်းမှာ ပိုမိုသက်သာသော နှုန်းထားဖြင့် ရရှိနိုင်ပါတယ်။

ပရိုမိုးရှင်းနှုန်းထားဆိုတာဘာလဲ။

ပရိုမိုးရှင်းနှုန်းထားကို အောက်ပါအတိုင်း နိုင်ငံအလိုက် သတ်မှတ်ထားပါတယ်။

နိုင်ငံများ နှုန်းထား
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား 15 Ks/MB
ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter
9 Ks/MB ဖြင့် (၇)ရက်စာ
15 Ks/MB
ပိုမိုသက်သာေသာ နှုန်းထားြဖင့် Roaming rate cutter
9 Ks/MB ဖြင့် (၇)ရက်စာ
ဂျပန်၊တောင်ကိုရီးယား၊အိန္ဒိယ၊သီရိလင်္ကာ၊သြစတေးလျ၊အမေရိကန် 50 Ks/MB 50 Ks/MB
ယူကေ၊ ဆွီဒင်၊ရုရှား၊နော်ဝေ၊နယ်သာလန်၊အီတလီ၊ဟန်ဂေရီ၊ဂျာမနီ၊ပြင်သစ်၊ဖင်လန်၊ဒိန်းမတ် 50 Ks/MB

(နှုန်းထားများသည် အခွန် ပါဝင်ပြီး ဖြစ်ပါသည်)

Promotion Subscription Validity
9 Ks/MB Promotion
(rate cutter)
7 days
Package Promotion (10000 Ks) 7 days
Paygo Promotion x

စာရင်းပေးသွင်းရန် လိုအပ်ပါသလား။

စာရင်းပေးသွင်းရန် လိုအပ်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Promotion စာရင်းပေးသွင်းခြင်း သက်တမ်း
9 Ks/MB Promotion
(rate cutter)
လိုအပ်ပါသည် ၇ရက်
Package Promotion (10000 Ks) လိုအပ်ပါသည် ၇ရက် လိုအပ်ပါသည် ၇ရက်
Paygo Promotion မလိုအပ်ပါ ၇ရက်

9Ks/MB ပရိုမိုးရှင်းဆိုတာဘာပါလဲ။

အောက်ဖော်ပြပါနိုင်ငံများသို့ သွားရောက်လျှင် ရရှိနိုင်မည့် Roaming Package ဖြစ်ပါသည်။

တန်ဖိုး ၉၀၀ ကျပ်
နှုန်းထား 9Ks/MB
သက်တမ်း ၇ ရက်
Activation *9007#
ရရှိနိုင်ေသာ နိုင်ငံများ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ်၊ကမ္ဘောဒီးယား၊ ၊ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ အင်ဒိုနီးရှား။

Package ကိုဘယ်လိုဝယ်ယူရမလဲ။

  • 1332 သို့ “NINE” ဟု စာတိုပေးပို့၍ ဖြစ်စေ
  • *9007# သို့ခေါ်ဆို၍ဖြစ်စေ
  • *106*2*5*2# သို့ခေါ်ဆို၍ဖြစ်စေ
  • From MPT4U > Package Purchase > Others > Roaming & IDD
  • နီးစပ်ရာ retailer များကို သွားရောက်မေးမြန်း၍ DMS မှ တစ်ဆင့်လည်း ဝယ်ယူနိုင်ပါသည်။

Roaming Rate cutter pack 7 days ဝယ်ယူထားပါတယ်။ သုံးစွဲနိုင်သော သက်တမ်းနှင့် ပမာဏကျန်ရှိချိန်မှာ နောက်ထပ် Roaming Rate cutter pack ကိုထပ်မံဝယ်ယူလိုပါတယ်။ ဘယ်လိုဖြစ်ပါမလဲ။

  • ဝယ်ယူ၍ မရနိုင်ပါ။ မူလ ဝယ်ယူထားသော Roaming Rate cutter pack 7 days ၏ သက်တမ်းနှင့် ပမာဏ ကျန်ရှိနေချိန်တွင် နောက်ထပ် rate cutter pack ဝယ်ယူ၍ မရနိုင်ပါ။ မူလ Roaming Rate cutter pack ၏ ပမာဏ နှင့် သက်တမ်း ကုန်ဆုံးပြီးမှသာ ဝယ်ယူနိုင်ပါမည်။

ဖော်ပြပါ ပရိုမိုးရှင်းနှုန်းထားသည် ဒေတာတစ်ခုအတွက်သာဖြစ်ပါသလား။

ဒေတာနှုန်းထားအတွက်သာဖြစ်ပါသည်။ ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းအတွက် ပုံမှန်နှုန်းထားများဖြင့် အသုံးပြုနိုင်ပါသည်။

ထိုနိုင်ငံများအတွက်ယခု ကိုမဝယ်ယူချင်ပါက အခြားပရိုမိုးရှင်းများရှိပါသလား။

အဆိုပါ package ကို မဝယ်ယူချင်ပါက ထို ၁၂ နိုင်ငံ (ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊လာအို၊ဘရှုနိုင်း၊အင်ဒိုနီးရှား ) အတွက် 15Ks/MB သုံးသလောက်ပေး အင်တာနက်နှုန်းထားဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။

15 Ks မှ 9Ks ဖြင့် ၄၀% သက်သာသော အဆိုပါ အထူး Package ကို ဝယ်ယူရန် အကြံပြုလိုပါသည်။