MPT Myanmar | Moving Myanmar Forward Roaming Promotions - MPT Myanmar | Moving Myanmar Forward
×

Roaming Promotions

၁။ ဒီပက်ကေ့ချ်ကို နိုင်ငံတိုင်းမှာ ဝယ်ယူအသုံးပြုနိုင်မှာလား?

အသုံးမပြုနိုင်ပါဘူး။ ပရိုမိုးရှင်းပြုလုပ်ထားသော ထိုင်း/မလေးရှား/တရုတ်(ထိုင်ဝမ်၊ ဟောင်ကောင်နှင့်မကာအိုမှလွဲ၍)/စင်္ကာပူနိုင်ငံများမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၂။ ဒီပရိုမိုးရှင်းကို ဘယ်လိုရယူနိုင်မှာလဲ?

သုံးသလောက်ပေး အင်တာနက်ကို ပရိုမိုးရှင်းကာလအတွင်း အလိုလျောက်ရရှိနိုင်မှာဖြစ်ပြီးတော့ data roaming ပက်ကေ့ချ်ကိုတော့ အောက်ပါအတိုင်း ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
က။ *8007# (သို့) *106*2*5# သို့ ခေါ်ဆိုရန်
ခ။ 1332 သို့ “ROAM” ဟု ပို့ရန်

၃။ ပရိုမိုးရှင်းကို အောင်မြင်စွာ ဝယ်ယူပြီးပြီဆိုတာ ဘယ်လိုသိနိုင်မလဲ?

ပရိုမိုးရှင်းကို အောင်မြင်စွာ ဝယ်ယူပြီးဖြစ်ကြောင်း SMS လက်ခံရရှိမှာ ဖြစ်ပါတယ်။ သုံးသလောက်ပေး အင်တာနက်အတွက်ဆိုလျှင် ပရိုမိုးရှင်းကာလအတွင်း ထိုင်း/မလေးရှား/တရုတ်/စင်္ကာပူနိုင်ငံတွင်းမှာ ရောက်ရှိနေလျှင် MPT မှပို့သော SMS အကြောင်းကြားစာကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

၄။ ပရိုမိုးရှင်းထဲမှာ ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် အဝင်ဖုန်းလက်ခံခြင်းများပါ ပါဝင်မှာလား?

ပါဝင်ခြင်းမရှိပါဘူး။ Data roaming အတွက်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုနှင့် စာတိုပေးပို့ခြင်းနှုန်းထားများကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါတယ်။

နိုင်ငံများ အမျိုးအစားများ နှုန်းထား ကျပ်/မိနစ်
ထိုင်း ဖုန်းခေါ်ဆိုခြင်း နိုင်ငံတွင်း ဖုန်းခေါ်ဆိုခြင်း ၅၀၀
မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခြင်း ၅၀၀
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်း ၁၅၀၀
အဝင်ဖုန်းလက်ခံခြင်း ၃၀၀
စာတိုပေးပို့ခြင်း ၄၀၀
မလေးရှား ဖုန်းခေါ်ဆိုခြင်း နိုင်ငံတွင်း ဖုန်းခေါ်ဆိုခြင်း ၁၅၀
မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခြင်း ၂၀၀
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်း ၅၀၀
အဝင်ဖုန်းလက်ခံခြင်း အခမဲ့
စာတိုပေးပို့ခြင်း ၅၀
တရုတ် ဖုန်းခေါ်ဆိုခြင်း နိုင်ငံတွင်း ဖုန်းခေါ်ဆိုခြင်း ၁၂၀၀
မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခြင်း ၃၀၀၀
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်း ၄၀၀၀
အဝင်ဖုန်းလက်ခံခြင်း ၁၂၀၀
စာတိုပေးပို့ခြင်း ၄၀၀
စင်္ကာပူ ဖုန်းခေါ်ဆိုခြင်း နိုင်ငံတွင်း ဖုန်းခေါ်ဆိုခြင်း ၉၀၀
မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခြင်း ၁၀၀၀
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်း ၁၅၀၀
အဝင်ဖုန်းလက်ခံခြင်း ၇၀၀
စာတိုပေးပို့ခြင်း ၄၀၀

၅။ ဖော်ပြထားတဲ့နိုင်ငံတွေကို မသွားခင် ပက်ကေ့ချ်ကို ကြိုတင်ဝယ်ယူသွားရမှာလား?

ဖော်ပြထားသော နိုင်ငံများသို့ ရောက်ရှိပြီးမှဖြစ်စေ၊ မသွားခင် မြန်မာနိုင်ငံတွင်းမှာဖြစ်စေ ဝယ်ယူနိုင်ပါတယ်။

၆။ ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ကြောင်း ဘယ်လိုသိနိုင်မှာလဲ?

ဒေတာပမာဏသက်တမ်းနှင့် ပက်သက်၍ SMS အကြောင်းကြားစာကို လက်ခံရရှိမှာပါ။

၇။ ပက်ကေ့ချ်ဝယ်ယူပြီး ရ ရက်အတွင်း အသုံးမပြုလျှင် ပြန်အမ်းငွေ ပြန်ရနိုင်မှာလား?

ပက်ကေ့ချ်၏သက်တမ်းမှာ ဝယ်ယူသည့်နေ့မှ စတင်၍ ရ ရက်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူပြီးနောက် အသုံးပြုခြင်းမရှိလျှင် ပြန်အမ်းငွေ မရရှိနိုင်ပါ။

၈။ ဝယ်ယူပြီးနောက် အသုံးမပြုလိုတော့လျှင် ပြန်အမ်းငွေ ရရှိနိုင်မှာလား?

ပြန်အမ်းငွေ မရရှိနိုင်ပါ။

၉။ ပက်ကေ့ချ်ကို အကြိမ်အရေအတွက် ဘယ်လောက်အထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်။ ဒေတာပမာဏ၊ ဒေတာသက်တမ်းများကို နောက်ဆုံးဝယ်ယူထားသည့် ပက်ကေ့ချ်သက်တမ်းအတိုင်း ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၁၀။ ပက်ကေ့ချ်သက်တမ်း ကုန်သွားလျှင် ပက်ကေ့ချ်အသစ်ကို အလိုလျောက် ဝယ်ယူပြီးဖြစ်မှာလား? ထပ်မံဝယ်ယူရမှာလား?

ပက်ကေ့ချ်သက်တမ်း ကုန်သွားလျှင် အလိုလျောက် ဝယ်ယူပြီးဖြစ်မှာ မဟုတ်သောကြောင့် ထပ်မံဝယ်ယူရမှာ ဖြစ်ပါတယ်။

၁၁။ Data roaming ကို ဘယ်လို enable/disable လုပ်ရမှာလဲ?

Prepaid သုံးစွဲသူများအတွက် data roaming ကို အသင့်အသုံးပြုနိုင်ရန် MPT မှ စီစဉ်ထားပြီးဖြစ်ပါတယ်။ Postpaid သုံးစွဲသူများကတော့ အနီးဆုံး MPT brand-shop တွေမှာ သွားရောက်ရယူရမှာ ဖြစ်ပါတယ်။
အကယ်၍ သင်ဟာ prepaid စနစ်သုံးစွဲသူဖြစ်ပြီး ယခင်က roaming ပိတ်ထားဖူးသူဖြစ်လျှင် roaming ပြန်လည်ရယူရန် 1332 သို့ RMON ဟု ပေးပို့ရပါမည်။