MPT Myanmar | Moving Myanmar Forward Service Guide Book Lucky Pack Promotion MM - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

Data Carry Pack ဆိုတာဘာလဲ? ဘယ်လိုဝယ်ယူလို့ရနိုင်မှာလဲ?

DataCarryPackသည်အင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာအသုံးပြုနိုင်သောPackageများဖြစ်ပြီးပက်ကေ့ချ်ဒေတာနှင့်သက်တမ်းကိုပေါင်းစည်းသယ်ဆောင်ခွင့်ရှိပါတယ်။ Data Carry Pack ဝယ်ယူတိုင်း 200 GB အထိ ကံထူးခွင့်များရရှိနိုင်မှာပါ။

ဈေးနှုန်း [ကုန်သွယ်ခွန်ပါဝင်ပြီး] ဒေတာပမာဏ Lucky Data သက်တမ်း ၀ယ်ယူရန်
699 Ks 415 MB Data Carry ဝယ်ယူတိုင်း 200GB အထိ ကံထူးနိုင်မည့် အခွင့်အရေး! ၃၀ ရက်
[သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဒေတာသယ်ဆောင်ခွင့် ရှိသည်]
*777*1#
999 Ks 1000 MB *777*2# or *777*3#
1399 Ks 1400 MB *777*4#
1999 Ks 2000 MB *777*5#
2999 Ks 3000 MB *777*6#
4999 Ks 5000 MB *777*7#
9,999 Ks 10000 MB *777*8#
19,999 Ks 20000 MB *777*9#
29,999 Ks 30000 MB *777*0#

သောကြာနေ့မှာ Data Carry Pack ဝယ်ယူပါက ကံစမ်းခွင့်ရရှိမှာပါလား ?

သောကြာနေ့တွင် Data Carry ဝယ်ယူပါက Happy Friday အပိုဆောင်း ဒေတာ (MBs) များရရှိမှာဖြစ်ပါတယ်။
ကံထူးထားတဲ့ဒေတာကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

Data Carry Pack ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်ဒေတာပမာဏနှင့် သက်တမ်းကိုလည်း ပေါင်းစည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို ပေါင်းစည်းအသုံးမပြုနိုင်ပါ။

Data Carry Pack ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

Packageတစ်ခု၏သက်တမ်းက(၃၀)ရက်ဖြစ်ပြီးဒေတာသယ်ယူနိုင်သောကာလမှာ(၇)ရက်ဖြစ်ပါတယ်။ဒေတာသယ်ယူနိုင်သောကာလတွင်Packအသစ်ဝယ်ယူပါကပက်ကေ့ချ်ဒေတာပမာဏကိုပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ကံထူးထားည့်ဒေတာကို(၇)ရက်အသုံးပြုနိုင်မှာဖြစ်ပြီးသက်တမ်းနှင့်ဒေတာလက်ကျန်ကိုပေါင်းစည်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

ဒေတာသယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ ဒေတာတွေက ဘယ်လို ဖြစ်သွားမှာလဲ?

ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ် တစ်ခုဝယ်လျှင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်ဒေတာပမာဏကို ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကံထူးထားသည့်ဒေတာသက်တမ်းနှင့် ဒေတာလက်ကျန်ကို ပေါင်းစည်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

Data Carry Pack ကို တခြားသူများသို့ လက်ဆောင်ပေးလို့ရပါသလား?

*106*2# (သို့) *777# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့်ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး တခြားသူများသို့ လက်ဆောင်ပေးနိုင်ပါတယ်။

ပရိုမိုးရှင်းကာလက ဘယ်အထိလဲ ?

၂၀၁၉ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ။

Data Carry Pack ကို ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA အသုံးပြုသူများနှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်မည် မဟုတ်ပါ။