MPT Myanmar | Moving Myanmar ForwardShal Pyaw - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

မြန်မာနိုင်ငံရဲ့ အသက်သာဆုံး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး သင့်ရဲ့ချစ်သူခင်သူတွေဆီ ဖုန်းခေါ်ဆိုလိုက်ကြရအောင်။

(၁)မိနစ်ကို (၁၅)ကျပ်တည်းနဲ့ MPT မိသားစုကြီးတစ်ခုလုံးကို ဆက်သွယ်နိုင်ဖို့ *234*3# ကိုခေါ်ဆိုပြီး ရှယ်ပြောအစီအစဉ်ကိုရယူလိုက်ပါ။

MPT ဖုန်းအချင်းချင်းခေါ်ဆိုခ – ၁မိနစ်လျှင် ၁၅ကျပ်

အခြားပြည်တွင်းဖုန်းများသို့ခေါ်ဆိုခ – ၁မိနစ်လျှင် ၂၇ကျပ်

စာတိုပေးပို့ခ – ၁စောင်လျှင် ၁၅ကျပ်

အင်တာနက်ဒေတာ- ၈ကျပ်/1MB

Commands Table

Plan NameCostTo Subscribe
PrepaidPostpaid
ရွှေစကားFree*234*4# သို့ခေါ်ဆိုပါ။*235*4# သို့ခေါ်ဆိုပါ။
ရှယ်ပြောFree*234*3# သို့ခေါ်ဆိုပါ။*235*3# သို့ခေါ်ဆိုပါ။
ဆွေသဟာFree*234*2# သို့ခေါ်ဆိုပါ။*235*2# သို့ခေါ်ဆိုပါ။

*106# ကိုရိုက်နှိပ်ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U App ကို အသုံးပြုခြင်းတို့ဖြင့်လည်း အစီအစဉ်ကိုလျှောက်ထားရယူနိုင်ပါသည်။

Other Promotions

စည်းကမ်းသတ်မှတ်ချက်များ

  • ၂၀၁၉ ခုနှစ် မတ်လ (၁) ရက်နေ့မှ စတင်၍ ရှယ်ပြော အစီအစဉ်၏ နှုန်းထားအသစ်ကို ရယူနိုင်ပါသည်။
  • နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
  • စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။
  • ပြည်တွင်းဖုန်းခေါ်ဆိုမှုများအားလုံး ကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားပါမည်။
  • MPT အသုံးပြုသူများသည် အခြားသောအစီအစဉ် (ရွှေစကား နှင့် ဆွေသဟာ အစီအစဥ်) များကို တစ်ရက်လျှင် တစ်ကြိမ်သာ ပြောင်းလဲရယူမှု ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
  • “ရှယ်ပြော” အစီအစဉ်ကို အချိန်မရွေး အခမဲ့ရယူနိုင်ပါသည်။
  • “ရှယ်ပြော” အစီအစဥ်တွင် ပါဝင်ခြင်းအားဖြင့်၊ ဤပြင်ဆင်ထားသော စည်းကမ်းသတ်မှတ်ချက်များအား စတင်အသုံးပြုမည့် MPT  အသုံးပြုသူများနှင့် လက်ရှိ အစီအစဥ်ရယူထားသော MPT အသုံးပြုသူများမှ သဘောတူလက်ခံပါသည်။
  • https://www.mpt.com.mm/en/terms-conditions-ver-2/ တွင် ဖော်ပြထားသော MPT ၏အထွေထွေစည်းကမ်းချက်များသည်လည်းဤစည်းကမ်းသတ်မှတ်ချက်များနှင့် အကျုံးဝင်သက်ဆိုင်မည် ဖြစ်သည်။

Frequently Asked Questions

၁။ “ရှယ်ပြော” အစီအစဉ်ဆိုတာ ဘာပါလဲ။

“ရှယ်ပြော” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း မြန်မာနိုင်ငံတွင် အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှှင် ၁၅ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။
– MPT ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၁၅ကျပ်
– အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုပါက တစ််မိနစ်လျှင် ၂၇ကျပ်
– အင်တာနက်အသုံးပြုပါက 1MBလျှင် ၈ကျပ်
– စာတိုပေးပို့ပါက တစ်စောင်လျှင် ၁၅ကျပ်

၂။ “ရှယ်ပြော” အစီအစဉ်ကို ဘယ်လိုရယူနိုင်ပါသလဲ။

• *234*3# ကို ရိုက်နှိပ်ခေါ်ဆိုပြီး ရှယ်ပြောအစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။

၃။ “ရှယ်ပြော” အစီအစဉ်ကို ဘယ်သူတွေရယူနိုင်ပါသလဲ။

• MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် “ရှယ်ပြော” အစီအစဉ်ကို လျှောက်ထား ရယူနိုင်ပါသည်။

၄။ “ရှယ်ပြော” အစီအစဉ်ကို ရယူထားပါက အင်တာနက်ပက်ကေ့ချ်များကို ၀ယ်ယူအသုံးပြုနိုင်မှာပါလား။

• ၀ယ်ယူနိုင်ပါသည်။
• MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရှယ်ပြော” အစီအစဉ်တွင်လည်း ၀ယ်ယူအသုံးပြုနိုင်ပါသည်။
• 1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။

၅။ အင်တာနက်ကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်ဖို့ ဘယ်လိုအစီအစဉ်တွေရှိပါသလဲ။

ဒေတောပက်ကေ့ချ်မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီး စျေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

အမေးအဖြေများ