MPT 4U နဲ့ MPT Money စာရင်းပေးသွင်းရုံနဲ့ ပွိုင့်ပေါင်း ၂၀၀၀ ဆုလက်ဆောင်များ ရယူလိုက်ပါ။ သီတင်းကျွတ် အခါသမယလေးကို MPT ရဲ့ အထူးပရိုမိုးရှင်း အစီအစဥ်လေးနဲ့ အတူ ဆင်နွှဲလိုက်ကြရအောင်။
ပွိုင့်ပေါင်း ၂၀၀၀ ဆုလက်ဆောင်
သီတင်းကျွတ် အထူးပရိုမိုးရှင်း
ပွိုင့် ၂၀၀၀
ပွိုင့် ၂၀၀၀ ရယူဖို့ သီတင်းကျွတ် ပရိုမိုးရှင်း ကို ဘယ်လိုပါ၀င်ဆင်နွှဲမလဲ။
၁။ အပိုဆု ပွိုင့်လက်ဆောင် ၁၀၀၀ ရယူရန်
MPT 4U ကိုစာရင်းပေးသွင်းပါ
ဤနေရာမှ စာရင်းသွင်းပါ။
စည်းမျဉ်းစည်းကမ်းများ
၁။ ဤ ပရိုမိုးရှင်း အစီအစဉ်သည် ပြီးခဲ့သည့် တစ်လအတွင်း ဖုန်းဘေလ် ၁၀၀၀၀ ကျပ်နှင့် အထက် အသုံးပြုထားသည့် ရှမ်းပြည်နယ်မှ MPT သုံးစွဲသူများအတွက် ဖြစ်ပါသည်။
၂။ စာတိုလက်ခံရရှိသည့် ရှမ်းပြည်နယ်မှ သီးသန့်ရွေးချယ်ထားသော သုံးစွဲသူများသာ ပရိုမိုးရှင်း အစီအစဉ်မှာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
၃။ ပရိုမိုးရှင်းကာလမှာ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဖြစ်ပါသည်။
၄။ သုံးစွဲသူများသည် ပရိုမိုးရှင်းကာလအတွင်း MPT 4U ကို စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
၅။ သုံးစွဲသူများသည် MPT 4U ကို မဖြစ်မနေ စာရင်ပေးသွင်းရမည်ဖြစ်ပြီး ထပ်ဆောင်းအပိုဆု ရယူရန် MPT Money ကို စာရင်းပေးသွင်းရပါမည်။
၆။ MPT ဆင်မ်ကဒ် နံပါတ် တစ်ခုတည်းဖြင့်သာ MPT 4U နှင့် MPT Money ကိုစာရင်းပေးသွင်းရပါမည်
၇။ ဤပရိုမိုးရှင်းအတွက် အပိုဆုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
– MPT 4U စာရင်းပေးသွင်းခြင်းအတွက် အပိုဆု ပွိုင့် ၁၀၀၀
– MPT Money စာရင်းပေးသွင်းခြင်းအတွက် ထပ်ဆောင်းအပိုဆု ပွိုင့် ၁၀၀၀
၈။ MPT ဆင်မ်ကဒ် အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ အပိုဆုပွိုင့်များ ရရှိခံစားနိုင်မှာဖြစ်ပါသည်။
၉။ ပွိုင့် အပိုဆုများကို နို၀င်ဘာလ (၉) ရက်နေ့ထက်နောက်မကျဘဲ ရရှိမည် ဖြစ်ပါသည်။
၁၀။ ပွိုင့် အပိုဆုများ ရရှိကြောင်း စာတိုပေးပို့ ၍ အကြောင်းကြားပါမည်။
၁၁။ ဤပရိုမိုးရှင်းအစီအစဉ်ကို MPT မှ မည်သည့်အကြောင်းပြချက်နှင့်မဆို ရုပ်သိမ်း (သို့) ပြောင်းလဲ ပိုင်ခွင့်ရှိသည်။
မေးလေ့ရှိသောမေးခွန်းများ
၁။ ယခု ပရိုမိုးရှင်းအတွက် ဘယ်သူတွေ အကျုံးဝင်နိုင်ပါသလဲ။
ပရိုမိုးရှင်းကာလ အတွင်း MPT 4U ကိုစာရင်းပေးသွင်းသူများ အကျုံးဝင်နိုင်ပါတယ်။
၂။ ရန်ကုန်ကဆို ယခုပရိုမိုးရှင်းကိုပါဝင်နိုင်ပါသလား။
မပါဝင်နိုင်ပါ။ ရှမ်းပြည်နယ်အတွက်သီးသန့်ပရိုမိုးရှင်းဖြစ်ပါတယ်။
၃။ ကျွန်ုပ်သည် MPT 4U နှင့် MPT Money အသုံးပြုနေသူဖြစ်ပါက ယခုပရိုမိုးရှင်းကို ပါဝင်နိုင်ပါသလား။
မပါဝင်နိုင်ပါ။ ပရိုမိုးရှင်းကာလအတွင်းတွင် စာရင်းပေးသွင်းသူ အသစ်များအတွက်သာ ဖြစ်ပါသည်။
၄။ ပွိုင့်လက်ဆောင်တွေရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။
ပွိုင့်လက်ဆောင်တွေကို ထည့်ပေးပြီးရင် SMS နဲ့ အကြောင်းကြားပေးပါမယ်။
၅။ ပွိုင့်လက်ဆောင်ကို ဘာလုပ်နိုင်ပါသလဲ။
MPT ဝန်ဆောင်မှုများ (သို့) ပါတနာဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်ပါသည်။