Promotions » Shwe Zagar
Shwe Zagar
၁။ “ရွှေစကား” အစီအစဉ်ဆိုတာဘာပါလဲ။?
“ရွှေစကား” အစီအစဉ်တွင် MPT သုံးစွဲသူအချင်းချင်းဖုန်းခေါ်ဆိုတိုင်း အသက်သာဆုံးဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှင် ၁၀ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။
MPT ဖုန်းများသို့ခေါ်ဆိုခ – ၁မိနစ်လျှင် ၁၀ကျပ်
အခြားအော်ပရေတာနံပါတ်များသို့ဖုန်းခေါ်ဆိုခ – ၁မိနစ်လျှင် ၂၇ကျပ်
အင်တာနက်အသုံးပြုခ – 1MB လျှင် ၈ကျပ်
စာတိုပေးပို့ခ – စာတိုတစ်စောင်လျှင် ၁၅ကျပ်
၂။ ရွှေစကား အစီအစဉ်ကိုဘယ်လို ရယူနိုင်ပါသလဲ။
*234*4# ကို ရိုက်နှိပ်ခေါ်ဆိုပြီး “ရွှေစကား” အစီအစဉ်ကို အခမဲ့ရယူနိုင်ပါသည်။
၃။ "ရွှေစကား" အစီအစဉ်ကိုဘယ်လို ပယ်ဖျက်နိုင်ပါသလဲ။
MPT မှ မတူညီသော ၀န်ဆောင်မှုအစီအစဉ်များကို မိတ်ဆက်ပေးလျက်ရှိပြီး သုံးစွဲသူများသည် ကြိုက်နှစ်သက်ရာ ၀န်ဆောင်မှုအစီအစဉ်ကို အခမဲ့ပြောင်းလဲရယူအသုံးပြုနိုင်မည်ဖြစ်သည်။
ဆွေသဟာ အစီအစဉ်သို့ပြောင်းလဲရန် – *234*2# ကိုခေါ်ဆိုပါ။
ရှယ်ပြော အစီအစဉ်သို့ပြောင်းလဲရန် – *234*3# ကိုခေါ်ဆိုပါ။
ရွှေစကား အစီအစဉ်သို့ပြောင်းလဲရန် – *234*4# ကိုခေါ်ဆိုပါ။
- ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင် မည်ဖြစ်သည်။
၄။ "ရွှေစကား" အစီအစဉ်ကိုအသုံးပြုနေပါတယ်။ MPT ဖုန်းနံပါတ်ကို ၅ စက္ကန့်ကြာဖုန်းခေါ်ဆိုတဲ့အခါ ၁၅ စက္ကန့်စာ ဖုန်းခေါ်ဆိုခ ကျသင့်ပါတယ်။ ဘာဖြစ်လို့ပါလဲ။
၂၀၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး Base Tariff မှလွဲ ၍ ပြည်တွင်း ဖုန်းခေါ်ဆိုမှုများ အားလုံးကို ၁၅ စက္ကန့်နှုန်းထားဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။
ဥပမာ- MPT အချင်းချင်းဖုန်းခေါ်ဆိုပါက
၀ မှ ၁၅ စက္ကန့် : ၂.၅၀ကျပ် (excluding tax)
၁၆ မှ ၃၀ စက္ကန့် : ၅.၀၀ ကျပ် (excluding tax)
၃၁ မှ ၄၅ စက္ကန့် : ၇.၅၀ ကျပ် (excluding tax)
၄၆ မှ ၆၀ စက္ကန့် : ၁၀.၀၀ ကျပ် (excluding tax)
၅။ "ရွှေစကား" အစီအစဉ်ကိုရယူထားပါက အင်တာနက်ပက်ကေ့ချ်များကိုဝယ်ယူအသုံးပြုနိုင်မှာပါလား။
၀ယ်ယူနိုင်ပါသည်။ MPT ၏ အင်တာနက်ပက်ကေ့ချ်အားလုံးကို “ရွှေစကား” အစီအစဉ်တွင်လည်း ၀ယ်ယူ အသုံးပြုနိုင်ပါသည်။
1MB လျှင် ၁ကျပ်သာကျသင့်မည့် ပက်ကေ့ချ်များအပါအဝင် အင်တာနက်ပက်ကေ့ချ် မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။
၆။ "ရွှေစကား"အစီအစဉ်ကိုရယူရာတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိပါသလား။
- MPT GSM/WCDMA ဖုန်းများသည် “ရွှေစကား”အစီအစဉ်ကို လျှောက်ထားရယူ နိုင်ပါသည်။
- ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်အတွင်း အစီအစဉ်ပြောင်းလဲရယူမှုအများဆုံး တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်သည်။
၇။ ကျွန်တော်အသုံးပြုနေတဲ့အစီအစဉ်ကို ဘယ်လိုစစ်ဆေးကြည့်နိုင်မှာပါသလဲ။
*224# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်) ၁၃၃၁ သို့ BAL ဟု စာတိုပေးပို့ပါ။