×

SIM Card Replacement

ပျောက်ဆုံး/ပျက်စီးသွားသော SIM Card များအား ပြန်လည်လျှောက်ထားလို့ ရနိုင်ပါသလား။

ပျောက်ဆုံး/ပျက်စီးသွားသော SIM Card များအား ပြန်လည်လျှောက်ထားလို့ ရနိုင်ပါသည်။ ထိုသို့ လျှောက်ထားသူသည် MPT SIM Card အား တရားဝင်လျှောက်ထားအသုံးပြုသူ ဖြစ်ရပါမည်။ SIM Card ပိုင်ဆိုင်သူ ဖြစ်မှသာလျှင် SIM Card အား ပြန်လည်လျှောက်ထားခွင့်ပြုပါမည်။

SIM Card အား ပြန်လည်လျှောက်ထားရန် ဘယ်ကို သွားရောက်ဆက်သွယ်ရမှာပါလဲ။

MPT Branded Shops, MPT Co-branded Shops နှင့် MPT Own Shops တွင် ဆင်းကတ် ပျောက်/ပျက်ပြန်လည်လျှောက်ထားရန် ၀န်ဆောင်မှုပေးလျှက်ရှိသည်။ ဆင်းကတ်ပျောက်/ပျက် ၀န်ဆောင်မှု ပြန်လည်လျှောက်ထားနိုင်သော နေရာများမှာ
ရန်ကုန်
• Junction Square,ကမာရွတ်မြို့နယ်။ Tel: 09-73491155
• Hledan Center, ကမာရွတ်မြို့နယ်။ Tel: 09-260995588
• အမှတ် ၀၀၅၊ တိုက် (အေ)၊ ၁၄/၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ Tel: 09-252588991/92/93
• အမှတ် (၁၀၃/၅)၊ ရန်ကင်းလမ်း၊ ၁ရပ်ကွက်၊ ရန်ကင်းမြို့နယ်။ Tel: 09-73148102
• ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်။ Tel: 01-252255
• မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်၊ ကျောက်တံတားမြို့နယ်။ Tel: 370726/01-700055
• ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ဆူးလေဘုရားအနီး
• ၈၃၉/၈၄၁၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်
မန္တလေး
• ၈၄လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်။ Tel: 09-259706000
• ၇၃လမ်းထောင့်၊ ၃၆လမ်း၊ မဟာအောင်မြေမြို့နယ်။ Tel: 09-795000086
• လမ်း ၆၀ထောင့်၊ မနော်ဟရီလမ်း၊ Tel: 09-265513331
နေပြည်တော်
• အမှတ် (ပ/၂၃၂)၊ မြို့မစျေး၊

SIM Card အား မည်သို့ ပြန်လည်လျှောက်ထားရမှာပါလဲ။ ဘာတွေလိုအပ်ပါသလဲ။

SIM Card ပြန်လည်လျှောက်ထားရန်အတွက် သက်ဆိုင်ရာရုံးမှာ လျှောက်လွှာဖေါင်ကို ဖြည့်သွင်းရပါမည်။
လျှောက်ထားလိုသော SIM Card အား ပိုင်ဆိုင်ကြောင်းအထောက်အထား နှင့်တကွ ရုံးမှလိုအပ်သော အချက်အလက်များ တောင်းခံလျင် ပြနိုင်ရပါမည်။ လိုအပ်သော အထောက်အထားစာရွက်စာတမ်းများမှာ-
• ပိုင်ဆိုင်သူ၏ မှတ်ပုံတင်မိတ္တူ
• SIM Card အား ဝယ်ယူထားသည့် စာချုပ်
• SIM Card လျှောက်လွှာဖေါင်
• ကတ်အခွံ
• ပျက်စီးသော SIM Card အား လျှောက်ထားမည်ဆိုပါက ပျက်သွားသော SIM Card တို့ဖြစ်ကြပါသည်။
SIM Card ပြန်လည်လျှောက်ထားခြင်းပြီးစီးသွားပါက လိုအပ်သော လျှောက်ထားခအား ပေးသွင်းပြီနောက်တွင် SIM Card အား ပြန်လည်ရရှိမှာဖြစ်ပါသည်။
ထို့နောက်တွင် SIM Card အသစ်အား ပြန်လည်အသုံးပြုလို့ ရပြီဖြစ်ပါသည်။

SIM Card အား ပြန်လည်လျှောက်ထားပါက လက်ရှိနံပါတ်နှင့် ငွေလက်ကျန်တို့ကို ပြန်လည်ရရှိမှာပါလား။

SIM Card အား ပြန်လည်လျှောက်ထားပါက လက်ရှိနံပါတ်နှင့် ငွေလက်ကျန်တို့ကို ပြန်လည်ရရှိမှာဖြစ်ပါသည်။

SIM Card ပြန်လည်လျှောက်ထားရန် ငွေကျပ် မည်မျှကျသင့်မှာ ဖြစ်ပါသလဲ။

SIM Card ပျောက်ဆုံးရာတွင် (သို့မဟုတ်) ပျက်စီးရာတွင် Micro/nano ဆိုုဒ်များသို့ ပြောင်းလဲရာမှ ပျက်စီးခြင်းကဲ့သို့ သုံးစွဲသူ၏ မှားယွင်းမှုကြောင့်ဖြစ်ပါက ပြန်လည်လျှောက်ထားရန် ၁၅၀၀ကျပ်ကျသင့်မှာ ဖြစ်ပါသည်။
သုံးစွဲသူ၏ အမှားကြောင့်မဟုတ်သော ကတ်ပျက်ခြင်းများအတွက် ပြန်လည်လျှောက်ထားလိုပါက လျှောက်ထားခ ကောက်ခံမည်မဟုတ်ပါ။

SIM Card အသစ်ပြန်လည်လျှောက်ထားခြင်းအတွက် အချိန်ဘယ်လောက်ကြာမှာပါလဲ။

ပုံမှန်အားဖြင့် SIM Card ပြန်လည်လျှောက်ထားခြင်း အပြီးအစီးမှာ အလုပ်ချိန် ၁ရက် မှ ၃ရက် အတွင်း ကြာပါသည်။ သို့သော် ချွင်းချက်အနေနှင့် အခြေအနေပေါ်မူတည်၍ အချိန်အပြောင်းအလဲရှိနိုင်ပါသည်။