MPT Myanmar | Moving Myanmar Forward SIM Registration FAQs - MPT Myanmar | Moving Myanmar Forward
×

SIM Registration

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုတာဘာပါလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တယ်လီကွန်းအော်ပရေတာများထံမှ ဆင်းမ်ကတ် ၀ယ်ယူသည့်အခါ ဆောင်ရွက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ဖုန်းနံပါတ်တွေကိုဘာကြောင့်မှတ်ပုံတင်ဖို့လိုအပ်ပါသလဲ။

နိုင်ငံတော်အစိုးရ၏ သတ်မှတ်ချက်အရ ဆင်းမ်ကတ်များအားလုံးကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံမတင်ဘူးဆိုရင်ဘာဖြစ်မလဲ။

MPT ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ရနိုင်မည် မဟုတ်ပါ။

တကယ်လို့ကိုယ်တင်ထားတာမဟုတ်ဘဲ ကိုယ့်မှတ်ပုံတင်သုံးထားမထား ဘယ်လိုသိရပါ့မလဲ။

ဟုတ်ကဲ့… မိမိနိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊

တခြားသူက မိမိမှတ်ပုံတင်ကို တနည်းနည်းနဲ့ရယူမှတ်ပုံတင်ထားပါက မိမိမှတခြား SIM အတွက်ထပ်မံမှတ်ပုံတင် ပါက ၂ခုထက်ပိုနေသော SIM များအတွက် ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။

ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၏ ညွှန်ကြားချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုလျှင် အော်ပရေတာ တစ်ဦး၏ ဆင်းမ်ကတ် ၂ ခုသာ မှတ်ပုံတင်နိုင် မည်ဖြစ်ပါသည်။ ဒါ့အပြင် မိမိနိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း ကိုယူဆောင်၍ မိမိကိုယ်တိုင် MPT ၏ သက်ဆိုင်ရာ Own Shop/ MPT Office တွေမှာ ဝန်ထမ်းများ၏ အကူအညီရယူနိုင်ပါတယ်၊၊