×

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုတာ ဘာပါလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုသည်မှာ တယ်လီကွန်းအော်ပရေတာများထံမှ ဆင်းမ်ကတ် ၀ယ်ယူသည့်အခါ ဆောင်ရွက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဘယ်အချိန်မှာလုပ်ဖို့လိုပါသလဲ။

ဆင်းမ် ကတ်မှတ်ပုံတင်ခြင်းမှာ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ညွှန်ကြားချက်ကို MTP မှ လိုက်နာဆောင်ရွက်ခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရန် လိုအပ်ပါသည်။

MPT/Ooredoo/Telenor/MEC တို့အတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လိုအပ်ပါသလား။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် ဆင်းမ်ကတ်ရောင်းချသော မည်သည့်အော်ပရေတာ နှင့်မဆို သက်ဆိုင်မှုရှိပါသည်။

ဖုန်းနံပါတ်တွေကို ဘာကြောင့် မှတ်ပုံတင်ဖို့လိုအပ်တာပါလဲ။

သြဂုတ်လ ၁ ရက်နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆင်းမ်ကတ်များအားလုံးကို ၂၀၁၇ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့ မတိုင်မီ မှတ်ပုံတင်ကြပါရန် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ အွန်လိုင်းမှစျေးဝယ်ခြင်း ကိစ္စရပ်များအတွက် မိုဘိုင်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ဘဏ်ဝန်ဆောင်မှုရယူခြင်းတို့ ဆောင်ရွက်ရာ၌ မှတ်ပုံတင်ပြီး ဆင်းမ်ကတ်များကို အထောက်အထားကောင်း တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ဆင်းမ်ကတ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းတို့အတွက်လည်း အဆိုပါ မှတ်ပုံတင်ထားသောဆင်းမ်ကတ်ဖြင့် ပိုင်ရှင်ဖြစ်ကြောင်း သက်သေခံနိုင်မည်ဖြစ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် မည်သည့်အထောက်အထား၊ အချက်အလက်များ လိုအပ်ပါသလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အနည်းဆုံး နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အခြားသောစိစစ်ရေး ကတ်၏ မိတ္တူ  (အကယ်၍ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်) တို့ကို ယူဆောင်လာရန် လိုအပ်ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်သူတို့ရဲ့ သတင်းအချက်အလက်များဟာ လုံခြုံမှုရှိပါသလား။

ဟုတ်ကဲ့။ ဆင်းမ်ကတ်မှတ်ပုံတင်စေလိုသည့် ရည်ရွယ်ချက်မှတစ်ပါး အခြားရည်ရွယ်ချက် မရှိသဖြင့် အော်ပရေတာများမှ ရရှိသောသတင်းအချက်အလက်များအားလုံးမှာ လုံခြံုမှု အပြည့် ရှိပါသည်။

မှတ်ပုံတင်သူ၏ သတင်းအချက်အလက်များကို မူလရည်ရွယ်ချက်ထက်ကျော်လွန်၍ အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသလား။

ဆင်းမ်ကတ်ဝယ်ယူသူ၏ သတင်းအချက်အလက်များကို မူလရည်ရွယ်ချက်မှတစ်ပါး အခြားကိစ္စရပ်များအတွက် အသုံးပြုသွားမည်မဟုတ်ပါ။

ဆင်းမ်ကတ်မှတ်ပုံတင်ရာမှ ရရှိသောသတင်းအချက်အလက်များဟာ ဖုန်းအသုံးပြုမှု အပေါ် သက်ရောက်မှုရှိနိုင်ပါသလား။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းမှ ရရှိသောသတင်းအချက်အလက်များကြောင့် ဖုန်းအသုံးပြုမှု အပေါ် သက်ရောက်မှုလုံးဝမရှိပါ။

စာချုပ်ဖြင့်ဝယ်ယူထားသော MPT ဆင်းမ်ကတ်များကိုလည်း မှတ်ပုံတင်ရန်လိုအပ် ပါသလား။

စာချုပ်ဖြင့်ဝယ်ယူထားသော MPT ဆင်းမ်ကတ်များကတော့ မှတ်ပုံတင်ရန်မလိုအပ်ပါဘူး။ သို့ပေမယ့် လက်ရှိအသုံးပြုနေသော ဆင်းမ်ကတ်ပိုင်ရှင်နဲ့ စာချုပ်ပါ နာမည်တို့ တူညီမှုမရှိပါက မှတ်ပုံတင်ခြင်းကို ပြန်လည်လုပ်ဆောင်ရပါလိမ့်မယ်။

တစ်ယောက်ထဲမှ ဆင်းမ်ကတ်အမြောက်အများကို မှတ်ပုံတင်လို့ရပါသလား။

ဟုတ်ကဲ့၊ လူတစ်ယောက်ထဲမှ ဆင်းမ်ကတ်များကို မှတ်ပုံတင် နိုင်ပါသည်။

ဘယ်မှာ မှတ်ပုံတင်ရပါမလဲ။

MPT အရောင်းဆိုင်စာရင်းကို ရယူပါ။

လက်ရှိ အသုံးပြုနေသူ သည့် သုံးစွဲသူမိဘပြည်သူများအတွက် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ  အွန်လိုင်းမှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို MPT က မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
၀က်ဘ်ဆိုဒ်တွင် မှတ်ပုံတင်သူများပြားလွန်း၍ မှတ်ပုံတင်ရာတွင် အခက်အခဲများရှိတတ်သည့် အတွက် MPT သည် သုံးစွဲသူတစ်ဦးချင်းစီသို့ စာတိုပေးပို့ကာ အကြောင်းကြား သွားမည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် အဆိုပါ အချက်အလက်များကို ရရှိပါက ယင်း Link မှတစ်ဆင့်ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်သွားရမည်ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ MPT မှ ဆင်းမ်ကတ် မှတ်ပုံတင်ရန် အကြောင်းကြားသည့်စာတို မိမိထံရောက် ရှိချိန်ထိ ကျေးဇူးပြု၍ စောင့်ဆိုင်းပေးပါ။

ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် ဘယ်လောက်ကုန်ကျပါသလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အဖိုးအခကုန်ကျမှု လုံးဝမရှိပါ။

ဆင်းမ်ကတ်များကို ဘယ်လောက်စောစော မှတ်ပုံတင်ထားရပါမလဲ။

ဆင်းမ်ကတ်များကို ၀ယ်ယူပြီးပြီးချင်း အဆိုပါအရောင်းဆိုင်တွင် မှတ်ပုံတင်ရပါမည်။

ဆင်းမ်ကတ်ဝယ်ယူချိန်က မှတ်ပုံမတင်ရသေးလျှင် အခုမှတ်ပုံတင်ဖို့ လိုအပ်ပါ သလား။

ဟုတ်ကဲ့။ ၀ယ်ယူသည့်အချိန်တွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များကို မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

ဆင်းမ်ကတ်ကို မှတ်ပုံမတင်ဘဲသုံးမည်ဆိုလျှင် ဘာဖြစ်နိုင်မလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းသည် မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ဆင်းမ်ကတ်ဝယ်ယူထားသူတိုင်း မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်ဖြစ်ပါသည်။ အကယ်၍ သတ်မှတ် ထားသော ၂၀၁၇ ခုနှစ်မတ်လ ၃၁ ရက်အထိ  မှတ်ပုံတင်နိုင်ခြင်းမရှိသော ဆင်းမ်ကတ်များကို ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက ကြေညာထားသည့်အတိုင်း ယာယီဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ MPT မှလည်းသုံးစွဲသူများမိဘပြည်သူများ မှတ်ပုံတင်နိုင်ရန်အတွက်လည်း တိုက်တွန်းနိုးဆော် အပ်ပါတယ်။

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ။

ဆင်းမ်ကတ်ဝယ်ယူချိန်တွင် မှတ်ပုံတင်ခြင်းပါ တစ်ပါတည်းပြုလုပ်ရမည်ဖြစ်၍ မိမိဆင်းမ် ကတ်မှတ်ပုံတင်ထားခြင်းရှိမရှိ သိနိုင်ပါသည်။ MPT အနေဖြင့် ၀က်ဘ်ဆိုဒ်မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို အောက်တိုဘာလ ၁၈ ရက်နေတွင် သုံးစွဲသူများကို မိတ်ဆက်ပေးသွား ပြီးဖြစ်ပါတယ်။ သုံးစွဲသူများအနေဖြင့် Customer Self Care ဝက်ဆိုဒ်တွင် ဖော်ပြထားသော မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်ပါဆောင်ရွက်နိုင်မှာဖြစ်ပါသည်။ အကယ်၍ သုံး စွဲသူများအနေဖြင့် မှတ်ပုံတင်ထားခြင်းကို အဆိုပါ ဝက်ဆိုဒ် တွင် ရှာဖွေမတွေ့ရှိပါက မှတ်ပုံတင် ခြင်းကိုပြန်လည်ပြုလုပ်ရပါမည်။ ထိုအပြင် ရှာဖွေတွေရှိသော မှတ်ပုံတင်အချက်အလက်များ ကိုက်ညီ ခြင်းမရှိပါကလည်း သုံးစွဲသူများအနေဖြင့် လွယ်ကူစွာ အသစ်ပြန်လည် မှတ်ပုံတင်နိုင် မည်ဖြစ်ပါတယ်။  သုံးစွဲသူမိဘပြည်သူများ မှတ်ပုံတင်ထားခြင်းရှိမရှိကို လွယ်ကူသက်သာစွာ စစ်ဆေးနိုင်ရန်အတွက် USSD စနစ်ဖြင့် စစ်ဆေးသည့်နည်းများကိုလည်း ဆောင်ရွက်သွားရန်ရှိ ပါသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ကိုယ်စားပြုလုပ်ပေး၍ ရပါသလား။

ဟုတ်ကဲ့။ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ခိုင်လုံသောစိစစ်ရေးကတ်တစ်ခုခု၏ မိတ္တူပါဝင်ပါက ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် ကိုယ်စားလှယ်လွှဲ၍ ဆောင်ရွက်နိုင်ပါသည်။

မှတ်ပုံတင်ဖို့ အဆင်မပြေတဲ့သူတွေ၊ ဝေးလံခေါင်ဖျားဒေသကလူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးလူငယ်တွေ အနေနဲ့ မှတ်ပုံတင်ဖို့ ဘယ်လိုပြုလုပ်နိုင်ပါသလဲ။

မှတ်ပုံတင်ဖို့ အဆင်မပြေတဲ့သူတွေ၊ ဝေးလံခေါင်ဖျားဒေသကလူတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးလူငယ်တွေ အနေနဲ့ သူတို့ရဲ့ မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြားတစ်ခုခုကို ကိုယ်စားပြုလုပ်ပေးမယ့် လူတစ်ယောက်ကို ပေးပြီး၊ ဆင်းမ်ကတ်ဝယ်ယူခြင်းနဲ့ မှတ်ပုံတင်ခြင်းတို့ကို ကိုယ်စားပြုလုပ်နိုင်ပါသည်။

ကော်ပိုရေးရှင်းတို့လို လုပ်ငန်းအဖွဲ့အစည်းအတွင်းမှာ အသုံးပြုဖို့ သီးသန့် ဝယ်ယူထားတဲ့ ဆင်းမ်ကတ်တွေ ကို မှတ်ပုံတင်ခွင့်ပြုမှာလား

လုပ်ငန်းအဖွဲ့အစည်းအတွင်းမှာ အသုံးပြုဖို့ သီးသန့်ဝယ်ယူထားတဲ့ ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ခွင့်ပြုပါတယ်။

မှတ်ပုံတင်ဖို့အတွက် ပေးထားတဲ့ အချက်အလက်တွေကို ပြောင်းဖို့အကြောင်း ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ။

အချက်အလက်ပြောင်းလဲတာတွေကို သုံးစွဲသူ ဝယ်ယူခဲ့တဲ့ အရောင်းဆိုင်မှာပဲ ပြန်လည်ပြင်ဆင်ပြုလုပ်နိုင်ပါတယ်။ အခုအသစ်မိတ်ဆက််လိုက်တဲ့  Customer Self Care ဝက်ဘ်ဆိုက် စာမျက်နှာကလည်းနောက်ပိုင်းမှာ မှတ်ပုံတင်တာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အကယ်၍ ကိုယ့်ရဲ့ ဆင်းမ်ကတ်ကို မှတ်ပုံမတင်ဘူးဆိုရင် သုံးစွဲသူရဲ့ ဖုန်းထဲက အဝင် အထွက် ဖုန်း call တွေနဲ့ လက်ရှိ ရယူထားတဲ့ ဝန်ဆောင်မှုတွေက ဘာဖြစ်သွားမလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဟာ မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ဆင်းမ်ကတ်ဝယ်ယူထားသူတိုင်း မှတ်ပုံတင်ခြင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ သတ်မှတ် ထားသော ၂၀၁၇ ခုနှစ်မတ်လ ၃၁ ရက် အမှီ မှတ်ပုံတင်နိုင်ခြင်းမရှိတဲ့ ဆင်းမ် ကတ်တွေကို ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက ကြေညာထားသည့်အတိုင်း ယာယီဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ MPT မှလည်းသုံးစွဲသူ မိဘပြည်သူတွေ မှတ်ပုံတင်နိုင်ရန်အတွက်လည်း နှိုးဆော် ထားပါတယ်။

Inventory SIM တွေကိုရော မှတ်ပုံတင်ရမှာလား။

ရောင်းချပြီးတဲ့ ဆင်းမ်ကတ်တွေ အကုန်လုံး မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

သုံးစွဲသူတွေက အော်ပရေတာဆီကို ၀ယ်ယူဖို့လျှောက်လွှာ ဘယ်လိုပေးပို့ ရမှာပါသလဲ။

အော်ပရေတာရဲ့ သက်ဆိုင်ရာအရောင်းဝန်ထမ်းတိုင်းကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။

သက်ဆိုင်ရာအရောင်းဆိုင်က သုံးစွဲသူရဲ့ အချက်အလက်တွေကို မရယူထားဘူးဆိုရင် အဆိုပါ ဖြန့်ချိရောင်းချသူကို အရေးယူမှာမျိုးရှိလား။

မရှိပါဘူး။ သို့ပေမယ့် ဆင်းမ်ကတ်ဝယ်ယူသုံးစွဲသူတိုင်း မှတ်ပုံတင်းခြင်းကို မဖြစ်မနေပြု လုပ်ရပါမည်။

အွန်လိုင်းကနေ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းပြုလုပ်ဖို့အတွက် မိုဘိုင်းဒေတာ အသုံးပြုဖို့ လိုအပ်ပါသလား။ အခမဲ့ မှတ်ပုံတင်လို့ရလား။

အွန်လိုင်းမှတစ်ဆင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းက အခမဲ့ပြုလုပ်နိုင်ပါတယ်။

Customer self-care ဆိုတာ ဘာပါလဲ။

Customer self-care ဆိုတာက သုံးစွဲသူတွေ အွန်လိုင်းကတစ်ဆင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်တဲ့ အွန်လိုင်းအခြေပြု ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

အွန်လိုင်းကတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အဆင့်တွေကို ဘယ်လို သိနိုင်မလဲ။ MPT အမှတ်တံဆိပ် စတိုးဆိုင်တွေက ဝန်ထမ်းတွေကို ကျွန်တော့်အတွက် မှတ်ပုံတင်ပေးဖို့ ပြောရင် ရမလား။

သုံးစွဲသူများအနေနဲ့ MPT ထံမှ Customer Self-Care စာမျက်နှာ (https://care.mpt.com.mm/sign-in) သို့ဝင်ရောက်နိုင်တဲ့ လင့်ခ်တစ်ခုပါ၀င်တဲ့ စာတို လက်ခံရရှိမှာဖြစ်ပါတယ်။ မိိမိရဲ့ ဖုန်း သို့မဟုတ် ကွန်ပျူတာကနေပြီးတော့ အဲ့ဒီ Link ကို ဝင်ပြီး ပထမဦးစွာ Sign up လုပ်ရမှာဖြစ်ပြီး၊ ထိုမှတဆင့် Log in တွင် သုံးစွဲသူတွေရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ရပါမည်။ 106 ကို ခေါ်ဆိုပြီး MPT ရဲ့ သုံးစွဲသူဝန်ဆောင်မှု ပေးတဲ့ Call Center ကိုလည်း ဆက်သွယ်မေးမြန်း နိုင်ပါတယ်။ အွန်လိုင်းကနေ မှတ်ပုံတင်ခြင်း ပြုလုပ်ပုံအဆင့်ဆင့်နဲ့ လိုအပ်ချက်များကို အဲဒီကတစ်ဆင့် ရှင်းလင်း ပြောပြပေးမှာ ဖြစ်ပါသည်။

သုံးစွဲသူများဟာ ၀က်ဘ်ဆိုဒ်မှတစ်ဆင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဘယ်လိုပြုလုပ် နိုင်ပါသလဲ။

အွန်လိုင်းတွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် အောက်ပါ အချက် များ အတိုင်းပြုလုပ်နိုင်မည်ဖြစ်ပါသည်။
အဆင့် (၁) =  မှတ်ပုံတင်ခြင်းအတွက် အဖွင့်လုပ်ဆောင်ချက် (Sign up)
၁။ MPT မှ သုံးစွဲသူတစ်ဦးချင်းထံ စာတိုပေးပို့၍ အကြောင်းကြားပါမည်။
၂။ သုံးစွဲသူသည် စာတိုကိုဖွင့်ကြည့်လျှင် MPT Customer Self care ၏ Sign up စာမျက်နှာအတွက် URL လင့်ခ်ကိုတွေ့မြင်ရမည်ဖြစ်မှာဖြစ်ပါတယ်။
၃။ ၄င်း လင့်ခ်ကို နှိပ်လိုက်ပြီး၊ မိမိ၏မိုဘိုင်းဖုန်းနံပါတ်ကို ဖြည့်သွင်းရမည်။
၄။ ထို့နောက် လျှို့ဝှက်နံပါတ်ကို အနည်းဆုံး ၆လုံး(ကိန်းဂဏန်းနှင့် စာ) ဖြည့်သွင်းရမည်ဖြစ်သည်။
၅။ လျှို့ဝှက်နံပါတ်ကို အတည်ပြုရမည်။ (မူလပေးထားသော လျှို့ဝှက်နံပါတ်ကို ပြန်လည် ဖြည့်သွင်းရမည်)
၆။ သုံးစွဲသူသည် “ Get” ခလုတ်ကို နှိပ်၍ မိမိပေးထားသောဖုန်းနံပါတ်မှတစ်ဆင့် အတည်ပြုချက်ပေး သည့် ကုတ်အမှတ်ကို စာတိုဖြင့် လက်ခံရရှှိမည်ဖြစ်သည်။
၇။ အတည်ပြုချက်ပေးသည့် ကုတ်အမှတ်ကို ထည့်ပြီးပါက သုံးစွဲသူသည် ၀က်ဘ်ဆိုဒ်မှမှတ်ပုံ တင်နိုင်သောစာမျက်နှာသို့ ၀င်ရောက်နိုင််မည် ဖြစ်သည်။
အကောင့် Sign up အောင်မြင်စွာ ပြုလုပ်ပြီးပါက သတိပေးမှုပြုသည့် message တစ်ခု ပေါ်လာမည်ဖြစ်ပြီး သုံးစွဲသူသည် Log In ကို ၀င်ရောက်ပြီး ဆင်းမ်ကတ် မှတ်ပုံတင်နိုင်မည်ဖြစ်သည်။
အဆင့် (၂)= မှတ်ပုံတင်ခြင်းအတွက် စနစ်သို့ဝင်ရောက်ခြင်း (Log In)
သုံးစွဲသူသည် MPT ၀က်ဘ်ဆိုဒ်မှတစ်ဆင့် “Customer Self Care” ဟု အမည်ရ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းစာမျက်နှာသို့ ၀င်ရောက်ရမည်ဖြစ်သည်။ ထို့နောက်
၁။ မိမိတို့၏ ဖုန်းနံပါတ်ကိုဖြည့်သွင်းပါ။ (၉xxxxxxxx)
၂။ အဖွင့်လုပ်ဆောင်ချက်တွင် ဖြည့်သွင်းထားသည့် လျှို့ဝှက်နံပါတ်ကို ထပ်မံဖြည့်သွင်းပြီး သတ်မှတ်ထားသည့်အဆင့်များအတိုင်းလုပ်ဆောင်ပါ။
၃။ ထို့နောက်  sign in ခလုတ်ကိုနှိပ်ပါ။
အကယ်၍ သုံးစွဲသူက  Log In အဆင့်တွင် မိမိ၏ လျှို့ဝှက်ကုဒ်ကို မေ့နေပါက ၎င်းအနေဖြင့် အောက်ဖော်ပြပါ လင့်ခ် အတိုင်းဝင်ရောက်ကာ စာတိုပေးပို့မှုမှရရှိသည့် အတည်ပြုချက်ပေးသည့် ကုဒ်အမှတ်ကို ဖြည့်သွင်းကာဝင်ရောက်ပြီး ညွှန်ကြားချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပါ။

အဆင့် ၃= ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း (SIM Registration)
ယင်းနောက်တွင် သုံးစွဲသူအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အခြားသော သုံးစွဲသူ၏ ခိုင်လုံသောစိစစ်ရေးကတ်၏ ဓါတ်ပုံကို attached file တွင် တင်ရမည်ဖြစ်ပြီး၊ Menu->My Information-> Customer Profile တွင်ဝင်၍ “Submit” လုပ်ပြီး အွန်လိုင်း ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။