×

4G SIM Swap Promotion

၁။ SIM Swap Bonus ကို ဘယ်သူတွေ ရယူနိုင်မှာလဲ?

SIM Swap Bonus ကို USIM မဟုတ်သော prepaid စနစ် သုံးစွဲသူများအားလုံး ရယူနိုင်ပါတယ်။

၂။ SIM Swap Bonus ရယူဖို့ ဘာတွေလုပ်ဖို့ လိုအပ်လဲ?

ဆင်းကဒ်ကို အောင်မြင်စွာ လဲလှယ်ပြီးသည့်နောက်တွင် မည်သည့်လမ်းကြောင်းမှမဆို [အီလက်ထရောနစ် /ခဲခြစ်ငွေဖြည့်ခြင်းစသည်ဖြင့်] ငွေဖြည့်လိုက်ရုံဖြင့် SIM Swap Bonus ကို ရရှိနိုင်မှာဖြစ်ပါတယ်။

၃။ ဆင်းကဒ်ကို အောင်မြင်စွာ လဲလှယ်ပြီးသည့်နောက်တွင် ဖုန်းငွေဖြည့်တိုင်း SIM Swap Bonus ကို ရနိုင်မှာလား?

မရနိုင်ပါဘူး။ SIM Swap bonus ကို ပထမဆုံးဖုန်းငွေဖြည့်သည့်တစ်ခါသာ ရရှိနိုင်မှာပါ။

၄။ ရရှိထားသော USIM ကို အသစ်လဲလှယ်ရင်ရော SIM Swap Bonus ရနိုင်မှာလား?

USIM ကို အသစ်ထပ်မံလဲလှယ်လျှင် SIM Swap Bonus ကို မရနိုင်ပါဘူး။

၅။ လွန်ခဲ့သောအပတ်တွင် USIM မဟုတ်သော ဆင်းကဒ်အဟောင်းကို USIM ဖြင့် လဲလှယ်ပြီး အခုချိန်ထိ ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ရသေးပါ။ အခုဖုန်းငွေဖြည့်လျှင် ဒေတာအပိုလက်ဆောင် ရနိုင်မှာလား?

ဆင်းကဒ်ကို အောင်မြင်စွာ လဲလှယ်ပြီးသည့်အချိန်မှစ၍ ရ ရက်အတွင်း ဖုန်းငွေဖြည့်မှသာ ဒေတာအပိုလက်ဆောင်ကို ရနိုင်မှာဖြစ်ပါတယ်။

၆။ SIM Swap Bonus ကို ဘယ်လိုအသုံးပြုနိုင်မှာလဲ? ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းအတွက်ပါ အသုံးပြုနိုင်မှာလား?

SIM Swap Bonus ကို အင်တာနက် အသုံးပြုမှုအားလုံးအတွက်သာ အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းအတွက် အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

၇။ ဆင်းကဒ်ကို အောင်မြင်စွာ လဲလှယ်ပြီးသည့်နောက် ၅၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းလျှင် ဒေတာအပိုဆုရနိုင်မှာလား?

အသုံးပြုသူများသည် ပထမဦးဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းရာတွင် ၅၀၀ ကျပ်ဖြည့်သွင်းလျှင် ဒေတာအပိုလက်ဆောင် ရနိုင်မည်မဟုတ်ပါ။ ၅၀၀ ကျပ် ဖုန်းငွေဖြည့်သွင်းပြီးနောက် မည်သည့်ပမာဏကို ဖြည့်သွင်းသည်ဖြစ်စေ ဒေတာအပိုလက်ဆောင်ကို ရရှိနိုင်မည်မဟုတ်ပါ။

အမျိုးအစား ငွေဖြည့်သွင်းရမည့်ပမာဏ [ကျပ်]
ဒေတာအပိုလက်ဆောင် [MB] အသုံးပြုနိုင်သည့်သက်တမ်း [ရက်]
4G SIM Swap Bonus ၅၀၀  

 

၃၀

၁၀၀၀ ၁၀၀
၃၀၀၀ ၃၀၀
၅၀၀၀ ၅၀၀
၁၀၀၀၀ ၁၀၀၀

၈။ SIM Swap Bonus ကို လက်ခံရပြီးနောက် ရက် ၃၀ အထိ အသုံးပြုရခြင်းမရှိသေးပါ။ သက်တမ်းကုန်ဆုံးသွားသော ဒေတာအပိုလက်ဆောင်များကို ပြန်လည်လျှောက်ယူနိုင်မှာလား?

SIM Swap Bonus ဟာ သက်တမ်းကုန်ဆုံးပြီးနောက်တွင် ပြန်လည်လျှောက်ယူခြင်းသော်လည်ကောင်း၊ သက်တမ်းတိုးခြင်းသော်လည်းကောင်း ပြုလုပ်နိုင်မည်မဟုတ်ပါ။

၉။ ကျွန်ုပ်ဟာ Base Tariff အစီအစဉ် အသုံးပြုနေသူတစ်ဦးဖြစ်ပါတယ်။ သို့ပေမယ့် ရရှိထားသော ဒေတာအပိုဆုကို ဘာကြောင့်အသုံးပြု၍ မရနိုင်တာလဲ?

အကယ်၍ သင်ဟာ Base Tariff အစီအစဉ် အသုံးပြုနေသူတစ်ဦးဖြစ်လျှင် သင်လက်ခံရရှိထားသော ဒေတာအပိုလက်ဆောင်ကို အသုံးပြုနိုင်ရန် (ဆွေသဟာ/ရှယ်ပြော/ရွှေစကား) အစီအစဉ်တစ်ခုခုသို့ ပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။