×

SMS Donation

SMS မှတစ်ဆင့် လှုဒါန်းမှုကို အချိန်ဘယ်လောက်ကြာ ဖွင့်ပေးထားမှာလဲ။

SMS မှတစ်ဆင့် လှုဒါန်းမှုကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ၊ ၉ ရက်၊ 0:00 နာရီမှ စတင်ကာ ၂၀၁၆ ခုနှစ် ၊ အောက်တာဘာလ ၃၁ရက် ည ၁၂:၀၀ နာရီထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါသည်။

လှုဒါန်းငွေ မည်မျှကောက်ခံ ရရှိထားသည်ကို ပြည်သူများ မည်သို့သိရှိနိုင် မလဲ။

လှုဒါန်းမှုများပြုလုပ်နေစဉ်အတွင်းနှင့် လှူဒါန်းမှုပြုရန် သတ်မှတ်ထားသည့်ကာလ အပြီးသတ် ပြီးစီးသည့်အခါ SMS မှတစ်ဆင့် လှုဒါန်းငွေ မည်မျှကောက်ခံ ရရှိပြီး မည်သည့်နေရာများတွင် လှုဒါန်းခဲ့သည်ကို MPTမှ  စာရင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

လူတစ်ဦးအနေနဲ့ ငွေ ၅၀၀ ကျပ်ထက် ပိုမို လှူဒါန်းနိုင်ပါသလား။

SMS တကြိမ် လှုဒါန်းမှုကို  ၅၀၀ ကျပ်သာပြုလုပ်နိုင်မည်ဖြစ်သည်။ SMS လှုဒါန်းမှုကို အကြိမ်အရေအတွက် ကန့်သတ်မထားဘဲ လူကြီးမင်း၏ လက်ကျန်ငွေရှိသရွေ့ လှုဒါန်း နိုင်ပါသည်။

Post Paid သုံးစွဲသူများလည်း လှုဒါန်း မှု ပြုလို့ ရပါသလား။

လောလောဆည်တွင် ကြိုတင်ပေးငွေဖြင့်သာအသုံးပြုသည့် ဖုန်းများ (prepaid phones) ဖြင့်သာ လှူဒါန်းမှုပြုနိုင်မှာဖြစ်ပါတယ်။

ယခုရရှိသည့် ငွေကြေးများကို မည်သည့် ရည်ရွယ်ချက်ဖြင့် အသုံးပြုသွားမည်နည်း။

MPT အနေဖြင့် ယခုလိုလက်ခံရရှိသည့် လှူဒါန်းငွေများ ကို ဘုရား ပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများပြုပြင်ထိန်းသိမ်းမှုများအတွက်အသုံးပြုသွားမည်ဖြစ်သည်။

ကောက်ခံ ရရှိသော လှုဒါန်းငွေများကို မည်သို့ လှုဒါန်းသွားမလဲ။

SMS မှတစ်ဆင့် ကောက်ခံရရှိသောငွေများကို MPT သုံးစွဲသူများ ကိုယ်စား ငလျှင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦ ပြုပြင်ရာတွင် ရန်ပုံငွေ အဖြစ် သုံးစွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရ  အဖွဲ့အစည်းများနှင့် အစိုးရ  မဟုတ်သော အဖွဲ့အစည်းများ မှတစ်ဆင့် ပွင့်လင်းမြင်သာမှုရှိစွာ လှုဒါန်းသွားမည် ဖြစ်ပါသည်။

လှုဒါန်းငွေများကို တစ်ကြိမ်တည်း အပြီးသတ် လှုဒါန်းမှာလား (သို့မဟုတ်) ပုံမှန်အနေနဲ့ ဝင်ငွေရရှိတိုင်း လှုဒါန်းသွားမှာလား။

သတ်မှတ်ကာလ ပြီးစီးသည့် အခါ ကောက်ခံရရှိသည့် ငွေပမာဏ စုစုပေါင်းကို ထုတ်ပြန် ကြေငြာသွား မည်ဖြစ်ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်  ပြည်သူများထံသို့ ကောက်ခံရရှိမှု အခြေအနေကို ပုံမှန်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။  ကောက်ခံရရှိသည့် ငွေများကို ငလျှင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦများ ပြုပြင်ရာတွင် ရန်ပုံငွေ အဖြစ် သုံးစွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရ  အဖွဲ့အစည်းများနှင့် အစိုးရ  မဟုတ်သော အဖွဲ့အစည်းများ မှတစ်ဆင့် ပွင့်လင်းမြင်သာမှုရှိစွာ လှုဒါန်းသွား မည် ဖြစ်ပါသည်။

အကယ်၍ မှားယွင်းပြီး ၁၀၀၀ (သို့) အခြားငွေ ပမာဏကို ရိုက်ထည့်မိပါက လက်ကျန်ငွေထဲမှ ၅၀၀ကျပ် ထက် ပိုမို ဖြတ်တောက်မည် ဖြစ်ပါသလား။

မဖြတ်တောက််ပါ။ SMS တစ်ကြိမ် လှုဒါန်းမှုမှာ ၅၀၀ ကျပ်သာ ကျသင့်ပါသည်။

အဘယ့်ကြောင့် ငလျင်ဘေးကိုသာ လှုဒါန်းမှုပြုရန်လုပ် ဆောင်ခဲ့တာလဲ။

ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ သည် မြန်မာပြည်သူများ အတွက်အလွန်ပဲအရေးပါလှပါတယ်။  MPT အနေနဲ့ သုံးစွဲသူတွေ့ရဲ့ အသံကို နားထောင်နေပြီး Facebook နဲ့ Call Center တွေကတစ်ဆင့်တောင်းဆိုမှုတွေနဲ့အတူ အခုလို ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးတွေကို ပြုပြင်ရေးဟာအရေးပါလှတဲ့အတွက် SMS အလှူကိုဖွင့်လှစ်လိုက်ရခြင်းဖြစ်ပါတယ်။