DATA » Social Pack Promotion
Social Pack Promotion
1. Social Pack Promo ဆိုတာ ဘာလဲ?
Social Pack Promo ဆိုတာ အင်တာနက်အသုံးပြုသူများအတွက် ဒေတာအသုံးပြုနိုင်သော Packages များဖြစ်ပါတယ်။ Social Application များဖြစ်သော Facebook, Messenger, Viber, LINE နှင့် Instagram တို့အပါအဝင် Social Data များနှင့် အခြားအင်တာနက်အသုံးပြုမှုအားလုံးအတွက် ဝယ်ယူအသုံးပြုနိုင်ပါတယ်။
2. Social Pack Promo မှာအမျိုးအစားဘယ်နှမျိုးရှိပါသလဲ။
Social Pack Promo မှာအမျိုးအစား (၃)မျိုးပါဝင်ပါတယ်။
နှုန်းထား (၅% ကုန်သွယ်လုပ်ငန်းခွန် ပါဝင်ပြီး) | ဒေတာပမာဏ | သက်တမ်း | တိုက်ရိုက် ဝယ်ယူရန် | ဝယ်ယူရန် |
---|---|---|---|---|
၁၉၉ ကျပ် | 180MB | ၂ ရက် | *3001# | *3333# |
၉၄၉ ကျပ် | 860MB | ၇ ရက် | *3002# | |
၂၆၉၉ ကျပ် | 2450MB | ၃၀ ရက် | *3003# |
3. Social Pack Promoဝယ်ယူထားပြီးသုံးစွဲနိုင်သောပမာဏနှင့် အသုံးပြုနိုင်သော သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် Social Pack Promo ကိုထပ်မံဝယ်ယူပါတယ်။ ဘယ်လိုဖြစ်မှာပါလဲ။
သုံးစွဲနိုင်သော ဒေတာပမာဏနှင့် အသုံးပြုနိုင်သောသက်တမ်းသည် ပေါင်းစည်းသွားမှာ မဟုတ်ပါ။ ဝယ်ယူထား သော Social Pack Promo package တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံး ချိန်တွင် အသီးသီးကုန်ဆုံးပါမည်။
4. Daily Data Pack/Social Pack Promo နဲ့ Data Carry Plus Pack ကို Facebook အသုံးပြုရန် ဝယ်ထားပါတယ်။ ဘယ်က အရင်ဖြတ်တောက်မှာပါလဲ။
အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖြတ်တောက်သွားမည်ဖြစ်ပါသည်။
- Daily Pack
- Social Pack Promo
- Data Carry Plus Pack (Data Carry Plus)