MPT Myanmar | Moving Myanmar Forward Sone Sone Lin Lin Mini Pack Faqs mm - MPT Myanmar | Moving Myanmar Forward
×

စုံစုံလင်လင် Mini ပက်ကေ့ချ်

၁။ စုံစုံလင်လင် Mini ပက်ကေ့ချ် ဆိုတာ ဘာလဲ?

စုံစုံလင်လင် Mini ပက်ကေ့ချ် ဝယ်ယူရုံနဲ့ အကန့်အသတ်မရှိ ညသုံး Facebook, စိတ်ကြိုက် တစ်နေကုန်သုံး Mobile Legends, Viber, JOOX ဒေတာတွေအပြင် အခြားအင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာ 1GB၊ MPT ဖုန်းအချင်းချင်း သင့်တော်သော နှုန်းထားဖြင့် ခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁၀၀ကျပ်ပါ ရရှိပြီး ရက်ပေါင်း (၃၀) အသုံးပြုနိုင်တဲ့ စွယ်စုံရပက်ကေ့ချ်ပါ။

စျေးနှုန်း
(ကုန်သွယ်ခွန်
ပါဝင်ပြီး)
ခံစားခွင့်များ သက်တမ်း ဝယ်ယူရန်
2498 Ks •အကန့်အသတ်မရှိ ညသုံး Facebook
•အကန့်အသတ်မရှိ Mobile Legends, Viber, JOOX
•1GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
•MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့် [၁ မိနစ် ၁၀ ကျပ် (အခွန်မပါနှုန်းထား) ဖြင့်]
•ဖုန်းဘေလ် ၁၀၀ ကျပ်
၃၀ရက် MPT4U app
*2498#

၂။ ပက်ကေ့ချ်စျေးနှုန်းက ဘယ်လောက်လဲ?

၂၄၉၈ကျပ် (တစ်ရက်လျှင် ၈၃ကျပ်) တည်းဖြင့် ခံစားခွင့်များအားလုံးကို ဝယ်ယူရရှိနိုင်မှာပါ။

၃။ ပက်ကေ့ချ်ဈေးနှုန်းမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၄။ ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

 MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါတယ်။ Postpaid, CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၅။ Facebook Data က အချိန်အကန့်အသတ်နဲ့လား? Videos တွေကြည့်လို့ရမှာလား?

ဟုတ်ကဲ့၊ Facebook မှ Video များကို ည (၁၁)နာရီမှ မနက် (၆)နာရီအထိ စိတ်ကြိုက်ကြည့်နိုင်မှာပါ။ Facebook Data ကို Facebook App/ Browser မှ Facebook (ပြင်ပ links များမပါဝင်) နှင့် Messenger (Voice, Video calls များမပါဝင်) အတွက် အပူအပင်မရှိ အသုံးပြုနိုင်ပါတယ်။ Voice call, video call များနှင့် Facebook မှတစ်ဆင့် click နှိပ်ပြီးပြင်ပ Websiteများ၊ link များကိုဝင်ရောက်အသုံးပြုခြင်းများအတွက် ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမှာဖြစ်ပါတယ်။

၆။ Viber Data ကို ဘာတွေသုံးလို့ရမှာလဲ?

Viber Data ကို Voice, Video call များမှလွဲ၍ အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ Voice, Video calls များ အသုံးပြုခြင်းများအတွက် ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go Rate ဖြင့် ကောက်ခံသွားမှာပါ။

၇။ စုံစုံလင်လင် Mini Pack ကိုဝယ်ရင် ထိပေါက်ကစားခွင့်ရမှာလား?

ဟုတ်ကဲ့။ စုံစုံလင်လင် Mini Pack ဝယ်ယူတိုင်း ထိပေါက်ကစားခွင့် (၁)ကြိမ် ရရှိကံစမ်းနိုင်ပါတယ်။

၈။ အကန့်အသတ်မရှိ Mobile Legends ဒေတာကိုသုံးဖို့ သတ်မှတ်ထားသော ဒေတာကန့်သတ်ချက် ရှိပါသလား?

မရှိပါ။ အကန့်အသတ်မရှိ Mobile Legends ဒေတာကို Mobile Legends ဂိမ်းကစားရန်အတွက် အပူပင်ကင်းစွာ အကန့်အသတ်မရှိအသုံးပြုနိုင်မှာပါ။ သို့သော် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြားအသုံးပြုမှုများအတွက် ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမှာပါ။

၉။ On-net mins pack တစ်ခုဝယ်ထားပြီး စုံစုံလင်လင် Mini Pack ကိုလည်းဝယ်ထားပါတယ်။ MPTဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုပါက မည်သည့် pack မှကျသင့်မှာပါလဲ?

  • On-net mins pack နှင့် စုံစုံလင်လင် Mini Pack နှစ်ခုစလုံးဝယ်ယူထားပြီး MPTဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုပါက On-net mins pack မှ အရင် ကျသင့်မှာဖြစ်ပါတယ်။

၁၀။ ဖုန်းဘေလ်လက်ကျန် ၂၀၀၀ကျပ်နဲ့ စုံစုံလင်လင် pack မှ ဖုန်းဘေလ် ၁၀၀ကျပ်ရှိနေပါတယ် (စုစုပေါင်းဖုန်းဘေလ် ၂၁၀၀ကျပ်)။ MPTဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုပါက ၁ မိနစ် ၁၀ ကျပ်နှုန်းနဲ့ ဖုန်းဘေလ်လက်ကျန်ထဲက ကျသင့်မှာပါလား?

ဟုတ်ကဲ့။ On-net mins pack ဝယ်ယူထားခြင်းမရှိပါလျှင် MPTဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုပါက ၁ မိနစ် ၁၀ ကျပ်နှုန်း(အခွန်မပါ) နဲ့ pack သက်တမ်းမကုန်မချင်း ဖုန်းဘေလ်လက်ကျန်မှ ကျသင့်မှာဖြစ်ပါတယ်။

၁၁။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကို ခေါ်ဆိုပြီး ပက်ကေ့ချ်ပါ ခံစားခွင့်များ၏ လက်ကျန်ပမာဏနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါတယ်။

၁၂။ MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုရင် ဘယ်လောက်လဲ?

စုံစုံလင်လင် Mini ပက်ကေ့ချ် ကိုဝယ်ယူပါက MPT ဖုန်းအချင်းချင်းကို သင့်တော်သောနှုန်းထား [၁ မိနစ် လျှင် ၁၀ ကျပ်နှုန်း (အခွန်မပါ)] ဖြင့် ခေါ်ဆိုနိုင်မှာပါ။

၁၃။ ဝယ်ယူတဲ့ အကြိမ်အရေအတွက် ကန့်သတ်ထားပါသလား?

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ခံစားခွင့်များကို နောက်ဆုံးသက်တမ်းအထိ သက်တမ်းတိုး ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၁၄။ တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

  ရပါတယ်။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *2498# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ် ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

၁၅။ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ထပ်မံမကြေညာခင် အချိန်အထိ ဖြစ်ပါတယ်။