MPT Myanmar | Moving Myanmar Forward Sone Sone Lin Lin Pack Faq My - MPT Myanmar | Moving Myanmar Forward
×

Sone Sone Lin Lin Pack

စုံစုံလင်လင်ပက်ကေ့ချ် ဆိုတာ ဘာလဲ?

စုံစုံလင်လင်ပက်ကေ့ချ် ဝယ်ယူရုံနဲ့ စိတ်ကြိုက်သုံးနိုင်တဲ့ Facebook, Mobile Legends, JOOX ဒေတာတွေအပြင် အခြားအင်တာနက်အသုံးပြုမှုအားလုံးအတွက်ဒေတာ၊ MPT ဖုန်းအချင်းချင်း အသက်သာဆုံးနှုန်းထားဖြင့် ခေါ်ဆိုခွင့်၊ ဖုန်းဘေလ် ၁၀၀၀ကျပ်ပါ ရရှိပြီး ရက်ပေါင်း (၃၀) အသုံးပြုနိုင်တဲ့ စွယ်စုံရပက်ကေ့ချ်ပါ။

စျေးနှုန်း (ကုန်သွယ်ခွန်
ပါဝင်ပြီး)
ခံစားခွင့်များ သက်တမ်း ဝယ်ယူရန်
၄,၉၈၈ ကျပ် • အကန့်အသတ်မရှိ ဒေတာ (Facebook, Mobile Legends, JOOX)
• 2GB (အင်တာနက်အသုံးပြုမှုအားလုံးအတွက်)
• MPT ဖုန်းအချင်းချင်းခေါ်ဆိုခွင့်[၁ မိနစ် ၅ ကျပ်]
• ဖုန်းဘေလ် ၁၀၀၀ ကျပ်
ရက် ၃၀ MPT4U app
*4998#

ဘယ်သူတွေ ဝယ်ယူနိုင်မှာလဲ?

MPT မှ ဆွေသဟာ/ရှယ်ပြော/ရွှေစကား အစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါတယ်။ Postpaid, CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

Facebook Data က အချိန်အကန့်အသတ်နဲ့လား? Videos တွေကြည့်လို့ရမှာလား?

ဟုတ်ကဲ့၊ Facebook မှ Video များကို အချိန်အကန့်အသတ်မရှိ စိတ်ကြိုက် ကြည့်နိုင်မှာပါ။ Facebook Data ကို Facebook App/ Browser မှ Facebook (ပြင်ပ links များမပါဝင်) နှင့် Messenger (Voice, Video calls များမပါဝင်) အတွက် အချိန်အကန့်အသတ်မရှိ အပူအပင်မရှိ အသုံးပြုနိုင်ပါတယ်။ Voice call, video call များနှင့် Facebook မှတစ်ဆင့် click နှိပ်ပြီးပြင်ပ Websiteများ၊ link များကိုဝင်ရောက်အသုံးပြုခြင်းများအတွက် ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမှာဖြစ်ပါတယ်။

အကန့်အသတ်မရှိ Mobile Legends ဒေတာကိုသုံးဖို့ သတ်မှတ်ထားသော ဒေတာကန့်သတ်ချက်ရှိပါသလား?

မရှိပါ။ အကန့်အသတ်မရှိ Mobile Legends ဒေတာကို ဂိမ်းကစားရန်အတွက် အပူပင်ကင်းစွာ အကန့်အသတ်မရှိအသုံးပြုနိုင်မှာပါ။ သို့သော် ဂိမ်းအတွင်း Streaming ပြုလုပ်/ ကြည့်ရှုခြင်း၊ ဂိမ်းအတွင်းဆက်သွယ်ပြောဆိုခြင်းနှင့် ဂိမ်းကစားခြင်းအတွက်မဟုတ်သည့် အခြားအသုံးပြုမှုများအတွက် ၀ယ်ယူထားသော Data Pack (သို့မဟုတ်) Pay-As-You-Go နှုန်းထားဖြင့် ကောက်ခံသွားမှာပါ။

ဝယ်ယူတဲ့ အကြိမ်အရေအတွက် ကန့်သတ်ထားပါသလား? တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ခံစားခွင့်များကို နောက်ဆုံးသက်တမ်းအထိ သက်တမ်းတိုး ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရပါတယ်။ တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U app (သို့) *4998# မှတစ်ဆင့် အမှတ်စဉ် “2. Gift/ 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ် ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၀ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ ဖြစ်ပါတယ်။