MPT Myanmar | Moving Myanmar Forward Special Flash Teaser mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

သီတင်းကျွတ်အခါသမယကို MPT နှင့်အတူ ဖြတ်သန်းကြစို့!

ောက်တိုဘာလမှာဆိုရင် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ မြန်မာပြည်သူပြည်သားတို့ ပါဝင်ဆင်နွှဲနေကျ “သီတင်းကျွတ်”အချိန်ကာလကို ကျရောက်ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် အသုံးပြုသူတို့တွေနဲ့ အမြဲအတူရှိနေမယ့် MPT ကလည်းအကောင်းဆုံးသော ပရိုမိုးရှင်းအစီအစဉ်တွေကို ဒီကာလလေးအတွင်းမှာ ပြင်ဆင်ပေးထားပါတယ်။

MPT ချစ်သူတို့အတွက် ဒီနေ့မှာ ဘယ်လိုအစီအစဉ်ကောင်းတွေ စောင့်ကြိုနေမလဲဆိုတာ ရှာဖွေကြည့်လိုက်တော့နော်!

သီတင်းကျွတ်ပွဲတော်ကို MPTရဲ့ကံထူးခွင့်လက်ဆောင်တွေနဲ့အတူ ကြိုဆိုလိုက်ပါတယ်!!

မြန်မာပြည်သူပြည်သားအားလုံး သီတင်းကျွတ်ကာလ အခါသမယမှာ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေကြောင်း MPT မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ အခုလ အောက်တိုဘာမှာတော့ MPT ကနေ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဆုလက်ဆောင်တွေကို MPT ချစ်သူတွေ ကံထူးဆွတ်ခူးနိုင်ဖို့ စုံလင်တဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကို ကျင်းပပေးသွားဦးမှာပါ။ သီတင်းကျွတ်အားလပ်ရက်တွေဖြစ်တဲ့ အောက်တိုဘာလ ၈၊ ၉၊ ၁၀ ရက်တွေမှာတော့ ကံထူးလက်ဆောင်ဆုကြီးတွေ ဘောနပ်စ်တွေကိုရယူနိုင်မှာဖြစ်ပြီး ဒီလို သီတင်းကျွတ်ကာလ အစီအစဉ်တွေကို လက်မလွှတ်ရလေအောင် အခုတည်းက အဆင်သင့်ပြင်ထားလိုက်တော့နော်!

  ၂ခါပြန်မရနိုင်တဲ့ အထူးလက်ဆောင်နဲ့ ကံထူးခွင့်တွေကို သတ်မှတ်ကာလအတွင်းမှာပဲ ကံစမ်းရယူနိုင်မှာ ဖြစ်တဲ့အတွက် သီတင်းကျွတ်အားလပ်ရက်လေးရဲ့ MPT Special Day တွေမှာ စောင့်မျှော်ပါဝင်လိုက်ကြပါစို့။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈၊ ၉၊ ၁၀ ရက်နေ့မှာ MPTရဲ့ပရိုမိုးရှင်းများအားလုံးကို ဒီနေရာမှာ ကြည့်ရှုနိုင်မှာဖြစ်ပြီး နှစ်သက်ရာပရိုမိုးရှင်းတွေမှာ ရွေးချယ်ပါဝင်လိုက်တော့နော်!

၁၀၀% ပြန်အမ်းငွေလက်ဆောင် (၃)ကြိမ်အထိ နှင့် MPT Club ၂၀၀ ပွိုင့်အထိ ကံထူးခွင့်!

MPT Special Flash

MPT Special Flash နှင့်အတူ သီတင်းကျွတ်ပွဲတော်ကို ကြိုဆိုလိုက်ကြစို့! လစဉ်ကျင်းပနေကျ ဒီ Lucky Draw အစီအစဉ်လေးက အောက်တိုဘာလမှာလည်း သီတင်းကျွတ်ကာလအတွက်ရင်ခုန်ဖွယ်ကံထူးလက်ဆောင်တွေနဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။

ကံထူးခွင့်လက်ဆောင်တွေကတော့ ၁၀၀%ပြန်အမ်းငွေလက်ဆောင်ကို (၃)ကြိမ်အထိ (Special Day တစ်ရက်လျှင်တစ်ကြိမ်) ရနိုင်မယ့်အပြင် MPT Club ၂၀၀ ပွိုင့်အထိကိုလည်း ရယူနိုင်ဦးမှာပါ။  ထပ်ဆောင်းအနေနဲ့ Samsung Galaxy Z Flip 4 နှင့် ရွှေ(၁)ကျပ်သားတို့လို့ ဆုလက်ဆောင်ကြီးတွေကံထူးခွင့်ရမယ့် ရင်ခုန်ကံစမ်းဆုတွေလန်း”အစီအစဉ်မှာ ပါဝင်ဖိုလက်မှတ်(၃)စောင်အထိ ခံစားခွင့်ရရှိနိုင်မှာပါ။ (ပိုမိုသိရှိရန်)

ဒီအစီအစဉ်မှာကံထူးသူတွေကတော့ ဆုလက်ဆောင်တွေကို အောက်တိုဘာလ ၈၊ ၉၊ ၁၀ ရက်နေ့တွေမှာ သက်မှတ်ထားတဲ့ပက်ကေ့ချ်တွေကို ဝယ်ယူပြီး ကံထူးရရှိနိုင်မှာပါ။

ဒီအစီအစဉ်မှာပါဝင်ဖို့ဆိုရင်တော့ *71010# ကို စက်တင်ဘာလ (၃၀)ရက်နေ့ကနေ အောက်တိုဘာလ(၇)ရက်နေ့အတွင်း အခမဲ့ခေါ်ဆိုစာရင်းပေးသွင်းလိုက်ရုံပါပဲ။ တစ်ခေါက်တည်းသာ စာရင်းပေးသွင်းဖို့လိုမှာဖြစ်ပြီး သင်ကံထူးရှင်ဖြစ်မဖြစ်ကိုအတည်ပြု SMS မှတစ်ဆင့် စစ်ဆေးသိရှိနိုင်မှာပါ။

MPT Club ၂၀၀ ပွိုင့် အထိ’လက်ဆောင်ကို ထပ်တိုးခံစားခွင့်အနေနဲ့ ရရှိမှာဖြစ်ပြီး ပွိုင့်အရေအတွက်ကတော့ ဒီအစီအစဉ်မှာ ပါဝင်ခဲ့ဖူးတဲ့အကြိမ်ရေအပေါ်မူတည်ပြီး ပြောင်းလဲသွားမှာပါ။

  • အရင်က MPT Special Flash အစီအစဉ်တွေမှာ ဆက်တိုက်ပါဝင်ဖူးတဲ့အကြိမ်ရေပိုများလေ ဒီလအစီအစဉ်မှာ MPT Club ပွိုင့်လက်ဆောင်တွေ ပိုများများရလေပါပဲ။
  • စာရင်းသွင်းခြင်းအတွက် ပွိုင့် ၅၀ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
  • ဒါ့အပြင် ဒီအစီအစဉ်ရဲ့ ကံထူးရှင်တွေက MPT Special Day (အောက်တိုဘာလ ၈၊ ၉ ၁၀ ရက်) တွေမှာ SMS စာတိုမှတစ်ဆင့် အကြောင်းကြားထားတဲ့လုပ်ဆောင်ချက်အတိုင်း ဆောင်ရွက်မယ်ဆိုရင်တော့ “၁၀၀% ပြန်အမ်းငွေ လက်ဆောင်” ကိုကံထူးရရှိနိုင်တဲ့အပြင် စာရင်းသွင်းစဉ်က ရရှိတဲ့ပွိုင့်အရေအတွက်ရဲ့ ၃ဆ (၁၅၀ ပွိုင့်အထိ) ကို ရရှိမှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အောက်ပါနည်းလမ်းတွေအတိုင်း ပါဝင်နိုင်ပါတယ်။

 *71010# မှတစ်ဆင့် စာရင်းသွင်းပြီးနောက်
(30 Sep to 07 Oct)
SMS ညွှန်ကြားချက်အတိုင်း အောက်တိုဘာလ-၈၊ ၉ ၁၀ရက်မှာ ဝယ်ယူပြီးနောက်
(ကံထူးရှင်ဖြစ်ခဲ့လျှင်)
စုစုပေါင်း
ပထမအကြိမ်စာရင်းသွင်းခြင်း(Oct’22)
10 Points
30 Points
40 Points
ဒုတိယအကြိမ်စာရင်းသွင်းခြင်း(Sep & Oct’22)
20 Points
60 Points
80 Points
တတိယအကြိမ်စာရင်းသွင်းခြင်း(Aug, Sep & Oct’22)
30 Points
90 Points
120 Points
ေးကြိမ်မြောက်စာရင်းသွင်းခြင်း(Jul, Aug, Sep & Oct’22)
40 Points
120 Points
160 Points
ငါးကြိမ်နှင့်အထက်စာရင်းသွင်းခြင်း
**MPT Special Flash ကို Nov’21မှာစတင်ပါသည်။
50 Points
150 Points
200 Points

မှတ်ချက: MPT Special Day နေ့တွေမတိုင်ခင် စာရင်းသွင်းခြင်း နှင့် MPT Special Day နေ့တွေမှာ ကံထူးလက်ဆောင်ရယူခြင်း မှရရှိသော MPT Club Point လက်ဆောင်ကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

ဒီအခွင့်အရေးမှာ အခုပဲအမြန်ပါဝင်လိုက်ပါ! အောက်တိုဘာလ (၈၊ ၉၊ ၁၀)ရက်တွေမှာ သီတင်းကျွတ်ပွဲတော်ကို MPT Special Day နှင့်အတူပါဝင်လိုက်ကြစို့နော်။

We will be back with more exciting offers soon! Please wait for it..

Coming Soon!