MPT Myanmar | Moving Myanmar Forward Surprise and Delight mm - MPT Myanmar | Moving Myanmar Forward
×

စည်းကမ်းသတ်မှတ်ချက်များ

၁။ ဤပရိုမိုးရှင်းသည် 99955 မှ SMS စာတိုလက်ခံရရှိပြီး ပြန်လည်ပေးပို့စာရင်းပေးသွင်းထားသော MPT Club အဖွဲ့ဝင်များအတွက်သာ ဖြစ်သည်။

၂။ ပရိုမိုးရှင်း၏ အထူးစည်းကမ်းချက်များနှင့်သတ်မှတ်ချက်များတွင် ဖော်ပြမထားပါက ပါ၀င်သည့် MPT Club အဖွဲ့၀င်များသည် ပရိုမိုးရှင်းတစ်ခုစီအတွက် တစ်ကြိမ်သာရရှိမည့် အကျိုးကျေးဇူးများနှင့် / သို့မဟုတ် ဆုများကိုသာ ရပိုင်ခွင့်ရှိသည်။

၃။ ပရိုမိုးရှင်းကာလသည် ဇန်နဝါရီလ (၁၉) ရက်နေ့ အထိဖြစ်ပါသည်။

၄။ SMS စာတိုပေးပို့ချက်တွင်ပါရှိသော ဖော်ြပပါအကြောင်းအရာအရ အသုံးပြုသူ ၆၀,၀၀၀ သို့ရောက်ရှိချိန်တွင်ပရိုမိုးရှင်းအစီအစဉ်ကိုအဆုံးသတ်သွားမည်ဖြစ်သည်။

၅။ ဤပရိုမိုးရှင်း၏ကံထူးရှင်အား ဇန်နဝါရီလ (၂၀) ရက်နေ့တွင် SMS စာတိုဖြင့်အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။

၆။ အကယ်၍ MPT မှ MPT Club အဖွဲ့ဝင်အနေဖြင့် ပရိုမိုးရှင်းပါ သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း နှင့်/သို့မဟုတ် အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု အကျိုးအကြောင်းသင့်စွာဆုံးဖြတ်လျှင်၊ MPTအနေဖြင့် သက်ဆိုင်ရာ MPT Club အဖွဲ့ဝင်များထံသို့ ရက်ပေါင်း (၃၀) ကြာ အသိပေးပြီးနောက် ပရိုမိုးရှင်းပါ သတ်မှတ်ချက်များကို ချိုးဖောက်မှု (သို့မဟုတ်) အလွဲသုံးစားပြုမှုတို့၏ အကျိုးဆက်အဖြစ် MPT Club အဖွဲ့ဝင်၏ MPT Club အကောင့်ရှိ MPT Points များကို လျော့ချခြင်း(သို့မဟုတ်) တိုးမြှင့်ခြင်းများ ပြုလုပ်နိုင်ခွင့်ရှိသည်။

စည်းကမ်းသတ်မှတ်ချက်များ

၁။ ဤပရိုမိုးရှင်းသည် MPT မှ SMS လက်ခံရရှိပြီး ပြန်လည်ပေးပို့စာရင်းပေးသွင်းထားသောMPT Club အဖွဲ့ဝင်များအတွက် သာဖြစ်သည်။

၂။ ပရိုမိုးရှင်း၏ အထူးစည်းကမ်းချက်များနှင့်သတ်မှတ်ချက်များတွင် ဖော်ပြမထားပါက ပါ၀င်သည့် MPT Club အဖွဲ့၀င်များသည် ပရိုမိုးရှင်းတစ်ခုစီအတွက် တစ်ကြိမ်သာရရှိမည့် အကျိုးကျေးဇူးများနှင့် / သို့မဟုတ် ဆုများကိုသာ ရပိုင်ခွင့်ရှိသည်။

၃။ ပရိုမိုးရှင်းကာလသည် SMS တွင်ဖော်ပြထားသော အချိန်ကာလအထိသာဖြစ်သည်။

၄။ အကယ်၍ MPT မှ MPT Club အဖွဲ့ဝင်အနေဖြင့် ပရိုမိုးရှင်းပါ သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း နှင့်/သို့မဟုတ် အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု အကျိုးအကြောင်းသင့်စွာဆုံးဖြတ်လျှင်၊ MPTအနေဖြင့် သက်ဆိုင်ရာ MPT Club အဖွဲ့ဝင်များထံသို့ ရက်ပေါင်း (၃၀) ကြာ အသိပေးပြီးနောက် ပရိုမိုးရှင်းပါ သတ်မှတ်ချက်များကို ချိုးဖောက်မှု (သို့မဟုတ်) အလွဲသုံးစားပြုမှုတို့၏ အကျိုးဆက်အဖြစ် MPT Club အဖွဲ့ဝင်၏ MPT Club အကောင့်ရှိ MPT Points များကို လျော့ချခြင်း(သို့မဟုတ်) တိုးမြှင့်ခြင်းများ ပြုလုပ်နိုင်ခွင့်ရှိသည်။

အမေးများသော မေးခွန်းများ

၁။Surprise and Delight ပရိုမိုးရှင်းအစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်သလဲ။

MPT Club အဖွဲ့ဝင်များသာပါဝင်နိုင်တယ်။
Note: Crown, Diamond, Platinum နှင့် Gold အဖွဲ့၀င်များသာ

၂။ Surprise and Delight ပရိုမိုးရှင်းအစီအစဉ်က ဘယ်လိုအစီအစဉ်တွေ ပါ၀င်သလဲ။

ဇန်နဝါရီလ ပရိုမိုးရှင်းအတွက် MPT Club Points များရရှိမည့် အစီအစဉ်နှင့် JOOX VIP (၁)လအခမဲ့ နားဆင်နိုင်မည့် ခံစားခွင့် အစီအစဉ်များ ပါဝင်ပါသည်။ ဖေဖော်ဝါရီ နှင့် မတ်လ အတွက် ပရိုမိုးရှင်း အစီအစဥ်များအား ဆက်လက်၍ ကြေညာသွားမည် ဖြစ်ပါသည်။

၃။ ယခု ပရိုမိုးရှင်းကို ဘယ်လို ရယူ နိုင်မလဲ။

MPT Pay ကို စာရင်းသွင်းထားပြီးသော MPT Club အဖွဲ့၀င်ထားသည့် သက်တမ်းမှာ ၉လနှင့် အထက် ရှိသူဖြစ်မှသာ ယခု ပရိုမိုးရှင်းကို ရယူနိုင်မှာ ဖြစ်ပြီး Facebook တွင် Hashtag ဖြင့် မျှ၀ေခြင်း နှင့် System မှ ပေးပို့သည့် SMS ကို Reply ပြန်ပေးခြင်းစသည်ကို ပြုလုပ်၍ ရယူနိုင်ပါတယ်။

၄။ ယခု ပရိုမိုးရှင်းမှာ ဘယ်လိုအကျိုးခံစားခွင့်ကို ရရှိနိုင်မလဲ။

၁။ ဇန်န၀ါရီလမှာ အဖွဲ့၀င် အယောက် ၃၀,၀၀၀ ကို ပထမဆု အနေနဲ့ MPT Club point ၃,၀၀၀ နှင့် နောက်ထပ် အဖွဲ့၀င် အယောက် ၃၀,၀၀၀ ကို ဒုတိယဆု အနေနဲ့ JOOX VIP (၁)လအခမဲ့ နားဆင်နိုင်မည့် ခံစားခွင့် ကို ပေးသွားမှာ ဖြစ်ပါတယ်။
၂။ ဖေဖော်၀ါရီ နှင့် မတ်လ ပရိုမိုရှင်းကို ထပ်မံကြေညာပေးပါမည်။

၅။ ယခု ပရိုမိုးရှင်း တွင် လူဦးရေ ကန့်သတ်ချက် ရှိပါသလား။

လူဦးရေ ကန့်သတ်ချက် ရှိမှာ ဖြစ်ပါတယ်။
၁။ ဇန်န၀ါရီလ – ပထမဆု – အယောက် ၃၀,၀၀၀ ၊ ဒုတိယဆု – အယောက် ၃၀,၀၀၀
၂။ ဖေဖော်၀ါရီ နှင့် မတ်လ ပရိုမိုးရှင်းအတွက် လူဦးရေ ကန့်သတ်ချက်အား ထပ်မံ ကြေညာပေးပါမည်။

၆။သတ်မှတ် လူဦးရေကို မည်သည့် ကန့်သတ်ချက်များနှင့် ရွေးချယ်ထားပါသလဲ။

သတ်မှတ် လူဦးရေကို မည်သည့် ကန့်သတ်ချက်ပေါ်မှ မူတည်၍ ရွေးချယ်ထားခြင်း မရှိပါ။ System မှ အလျဥ်းသင့်သလို ကောက်နုတ်ရွေးချယ်ထားသော MPT Club အဖွဲ့၀င်များသာ ပရိုမိုးရှင်းခံစားခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

၇။ပရိုမိုးရှင်းကာလက ဘယ်တော့လဲ။

ယခု ပရိုမိုးရှင်းကာလမှာ ဇန်န၀ါရီ ၁၁ရက်နေ့ မှစတင်မည်ဖြစ်ပါတယ်။

၈။ MPT Club ကို ဘယ်လို အဖွဲ့၀င်နိုင်မလဲ။

MPT 4 U App ကို ဒေါင်းလုတ် ရယူပြီး MPT Club ကို အလွယ်တကူ အဖွဲ့၀င်နိုင်သလို *345# ကို ခေါ်ဆို၍လည်း အဖွဲ့၀င်နိုင်ပါသည်။