×

Swe Thahar

၁။ နိုဝင်ဘာလ(၂၃)ရက်မှာ အသစ်ပြင်ဆင်လိုက်တဲ့ ဆွေသဟာအစီအစဉ်ဈေးနှုန်း ဆိုတာဘာပါလဲ။

  • နိုဝင်ဘာလ(၂၃)ရက်မှစပြီး MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထားများအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၇ကျပ်
– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMSပေးပို့ခ – ၁စောင် = ၁၅ကျပ်
– အင်တာနက်အသုံးပြုခ – 1MB = ၇ကျပ်

  • လက်ရှိတွင် ဆွေသဟာအစီအစဉ်အသုံးပြုနေသူများသည်လည်း နိုဝင်ဘာလ(၂၃)ရက်မှစပြီး အထက်ပါနှုန်းထားများအတိုင်းကျသင့်မည်ဖြစ်ပါသည်။

၂။ အလွန်သက်သာတဲ့နှုန်းထားနဲ့ အသုံးပြုလိုပါတယ်။ ဘယ်ဝန်ဆောင်မှုကို ရယူသင့်ပါသလဲ။

– ပိုမိုသက်သာသောနှုန်းထားဖြင့်ဖုန်းခေါ်ဆိုလိုပါက Prepaid စနစ်အသုံးပြုနေသူများသည် *234*4#ကိုလည်းကောင်း၊ Postpaid စနစ်အသုံးပြုနေသူများသည် *235*4#ကိုလည်းကောင်း ရွှေစကားအစီအစဉ်ကိုရယူပါ။ MPTဖုန်းများသို့ခေါ်ဆိုခ ၁မိနစ်=၁၀ကျပ်၊ အင်တာနက်အသုံးပြုခ 1MB=၈ကျပ်နှုန်းကျသင့်ပါမည်။
– 1MB=ဝ.၉ကျပ်အထိ သက်သာသောနှုန်းထားများဖြင့်အင်တာနက်အသုံးပြုရန်၊ MPTဖုန်းများသို့ ၁မိနစ်=၅ကျပ်အထိသက်သာသောနှုန်းထားများဖြင့် ဖုန်းခေါ်ဆိုရန် *555#ကိုခေါ်ဆိုပြီး ဝန်ဆောင်မှုများရွေးချယ်ရယူပါ။
– ဈေးနှုန်းအလွန်သက်သာသော MPT Data Package များကို ရွေးချယ်ဝယ်ယူရန် *7777#ကိုခေါ်ဆိုပါ။
– ဈေးနှုန်းအလွန်သက်သာသော MPT Voice Package များကို ရွေးချယ်ဝယ်ယူရန် *600#ကိုခေါ်ဆိုပါ။
– ဖုန်းဘေလ်ကို ငါးဆတိုးပြီး MPT ဖုန်းများသို့ဖုန်းခေါ်ခြင်းနှင့် SMS ပို့ခြင်း၊ အင်တာနက်သုံးခြင်းတို့ပြုလုပ်လိုပါက *500#ကိုခေါ်ဆိုပြီး ထောဘီဖုန်းဘေလ်များလဲလှယ်ရယူပါ။

၃။ အခြားအစီအစဉ်(Price Plan) တစ်ခုကို ပြောင်းလို့ရပါသလား။

– ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။
– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။
– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။

Plan Name Cost To Subscribe
Prepaid Postpaid
ရွှေစကား အခမဲ့ *234*4# သို့ခေါ်ဆိုပါ။ *235*4#  သို့ခေါ်ဆိုပါ။
ရှယ်ပြော အခမဲ့ *234*3#  သို့ခေါ်ဆိုပါ။ *235*3#  သို့ခေါ်ဆိုပါ။
ဆွေသဟာ အခမဲ့ *234*2#  သို့ခေါ်ဆိုပါ။ *235*2#  သို့ခေါ်ဆိုပါ

၄။ ဆွေသဟာအစီအစဉ်အသုံးပြုနေစဉ်မှာ Data Package နဲ့ Voice Packageတွေ ဝယ်ယူအသုံးပြုနေပါတယ်။ အခြားPrice Plan ကိုပြောင်းလိုက်ရင် ဘာဖြစ်သွားမှာပါလဲ။

Price Planပြောင်းလဲလိုက်ပါကလည်း လက်ရှိအသုံးပြုလျက်ရှိသော Packageများကို ဆက်လက်အသုံးပြုနိုင်ပါမည်။ အလေအလွင့်တစ်စုံတစ်ရာရှိမည်မဟုတ်ပါ။

၅။ ဘယ်Price Plan ကို သုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*224#ကိုဖုန်းခေါ်ဆိုပြီး လက်ရှိအသုံးပြုနေသော Price Plan ကိုစစ်ဆေးကြည့်နိုင်ပါသည်။