MPT Myanmar | Moving Myanmar Forward Swe Thahar FAQs mm - MPT Myanmar | Moving Myanmar Forward
×

Swe Thahar

1.ဆွေသဟာအစီအစဉ်ဈေးနှုန်းဆိုတာ ဘာပါလဲ။

နိုဝင်ဘာလ(၂၃)ရက်မှစပြီး MPT GSM/WCDMA SIM Card အသစ်စတင်အသုံးပြုသူတိုင်းသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူထားပြီးဖြစ်၍ ဖုန်းအသုံးပြုမှုများအတွက် အောက်ဖော်ပြပါနှုန်းထား များအတိုင်းကျသင့်စေမည်ဖြစ်ပါသည်။

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆိုဖုန်းခေါ်ဆိုခ – ၁မိနစ် = ၂၇ကျပ်

– မည်သည့်ပြည်တွင်းဖုန်းနံပါတ်သို့မဆို SMSပေးပို့ခ – ၁စောင် = ၁၅ကျပ်

– အင်တာနက်အသုံးပြုခ – 1MB = ၇ကျပ်

လက်ရှိတွင် ဆွေသဟာအစီအစဉ်အသုံးပြုနေသူများသည်လည်း နိုဝင်ဘာလ(၂၃)ရက်မှစပြီး အထက်ပါ နှုန်းထားများအတိုင်းကျသင့်မည်ဖြစ်ပါသည်။

2. အခြားအစီအစဉ် Price Plan တစ်ခုကို ပြောင်းလို့ရပါသလား။

ကြိုက်နှစ်သက်ရာ Price Plan ကိုပြောင်းလဲနိုင်ပါသည်။ ဖုန်းနံပါတ်တစ်ခုသည် တစ်ရက်လျှင် Price Plan ပြောင်းလဲမှု အများဆုံးတစ်ကြိမ်ပြုလုပ်နိုင်ပါသည်။

– Price Plan ပြောင်းလဲမှုကိုအခမဲ့ပြုလုပ်နိုင်ပါသည်။

– အသေးစိတ်ကိုအောက်ပါဇယားတွင် ကြည့်ရှုပါ။

 

3 .ဘယ် price plan ကိုသုံးနေတယ်ဆိုတာကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။

*224#ကိုဖုန်းခေါ်ဆိုပြီး လက်ရှိအသုံးပြုနေသော Price Plan ကိုစစ်ဆေးကြည့်နိုင်ပါသည်။