T-Fitness Application
T Fitness App ဆိုသည်မှာ Fitness Model & Lifestyle Influencer ဖြစ်သူ မသန္တာလှိုင် ဖန်တီးထားသော ကျန်းမာရေး လေ့ကျင့်ခန်းများနှင့် အကြံပြုချက်များကို လက်ကိုင်ဖုန်းမှတဆင့် ရယူ အသုံးပြုနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော Fitness Application တစ်ခု ဖြစ်သည်။ T Fitness Application ကို ကျား၊ မ မရွေး မည်သည့် အသက်အရွယ်အပိုင်းအခြားမဆို မိမိတို့နှင့် သင့်တော်မည့် ကျန်းမာရေး လေ့ကျင့်ခန်းများ အလွယ်တကူ လုပ်ဆောင်နိုင်ရန်နှင့် ကျန်းမာရေး အသိပညာ အကြံပြုချက်များကို အလွယ်တကူ လေ့လာနိုင်ရန် ရည်ရွယ်ပြီး မသန္တာလှိုင်၏ အတွေ့အကြုံများနှင့် လေ့လာထားသည့် ဗဟုသုတများကို အခြေပြုကာ Certificate Trainers များ၊ Fitness Professionals များနှင့် ပူးပေါင်းကာ အချိန် ၂ နှစ်ကျော်ယူ၍ စနစ်တကျ ဖန်တီးထားသော Application ဖြစ်သည်။
အသုံးပြုသူ တစ်ဦးချင်း၏ ခန္ဓာကိုယ်အလေးချိန်၊ အသက်အရွယ် စသည့် အချက်အလက်များအပေါ် မူတည်၍ အဆင့်ဆင့် သရုပ်ပြဗီဒီယိုများအပြင် လွယ်ကူရှင်းလင်းတဲ့ လမ်းညွှန်ချက်များကို လေ့ကျင့်ခန်းအလိုက် အသုံးပြုနိုင်သည်။