MPT Myanmar | Moving Myanmar Forward test - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT Club ဆိုတာဘာလဲ ?

MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိမည့်အစီအစဥ်ဖြစ်ပါသည်။ ၎င်းအစီအစဥ်သည် MPT သုံးစွဲသူများအား ယခင်ကထက်ပို၍ အတွေ့အကြုံကောင်းများအားရရှိခံစားစေမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် MPT သုံးစွဲသူဖြစ်ပါက MPT နှင့် MPT ၏မိတ်ဖက်ဆိုင်များမှပေးသည့် လျှော့စျေးနှင့်ဆုလက်ဆောင်များအား ရယူနိုင်ရန် MPT Clubသို့စာရင်းပေးသွင်းနိုင်ပါသည်။​

မိုဘိုင်းဆုလက်ဆောင်များ

MPT Club ၏အဖွဲ့၀င်တစ်ဦးဖြစ်လိုက်ပါ

MPT Club မှ အထူးခံစားခွင့် သုံးမျိုး ကိုရရှိနိုင်ပြီး၊ MPT Club နှင့် အတူရှိနေစဥ်အတွင်း ပိုမိုများပြားသော အကျိုးကျေးဇူးများကို ခံစားနိုင်မှာဖြစ်ပါတယ်။​

MPT Point ဆုလက်ဆောင် ​

သင့်အနေနှင့်ရရှိလာသော MPT Point များဖြင့် MPT ၏ ၀န် ဆောင်မှုများ(သို့) မိတ်ဖက်ဆိုင် ၏ သတ်မှတ်ထားသော ပစ္စည်း များဖြင့် လဲလှယ်အသုံးပြုနိုင်ပါ သည်။​

Lucky 5

ဆုလက်ဆောင်​

သင့်အနေနှင့် MPT ၏ မိတ်ဖက်ဆိုင်များမှပေးသော အထူးအခွင့်အရေးများကို ခံစားနိုင်ပါသည်။​

Membership level​

ဆုလက်ဆောင်​

သင့်၏ အဖွဲ့၀င် level ပေါ်မူတည်၍ အထူးအခွင့်အရေးများ ကိုခံစားနိုင်ပါသည်။​

MPT Club သို့ ဘယ်လိုအဖွဲ့ဝင်ရမလဲ

MPT အသုံးပြုသူတိုင်း MPT Club သို့အဖွဲ့ဝင်ရောက်နိုင်ပါသည်။ MPT Club သို့စာရင်းပေးသွင်းပြီးလျှင် welcome point ၅၀ ကိုရယူ နိုင်ပါသည်။

အောက်ဖော်ပြပါနည်းလမ်းအတိုင်း အဖွဲ့ဝင်နိုင်ပါသည်။

  • USSD ကို အသုံးပြုခြင်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း (သို့)
  • SMS ကို အသုံးပြုခြင်း – 345 သို့ ”REG M (သို့) F” ဟု စာတိုပေးပို့ခြင်းဖြင့် MPT Club သို့အဖွဲ့ဝင်ရောက်နိုင် ပါသည်။a

Our Partners

MPT မှ ကျယ်ပြန့်သော မိတ်ဖက်ဆိုင်မျိုးစုံ ကို သင်တို့အတွက် ထားရှိထားပါတယ်။ သင်တို့ရဲ့ အကောင်းဆုံး အတွေ့အကြုံ များကို MPT နှင့် အတူခံစားလိုက်ရအောင်။

O Sushi

Get 5% of your receipt amount to MPT Club Points

Learn More Redeem Now

Total

Get 0.5% of your receipt amount to MPT Club Points

Learn More Redeem Now

Toshiba

Get 0.5% of your receipt amount to MPT Club Points

Learn More Redeem Now

Midea

Get 0.5% of your receipt amount to MPT Club Points

Learn More Redeem Now

Jo Jo Hot Pot

Get 0.5%  of your receipt amount to MPT Club Points

Learn More Redeem Now

Indian Tadka

Get 1%  of your receipt amount to MPT Club Points

Learn More Redeem Now

Kyi Thar Store and Accessories

Get 1%  of your receipt amount to MPT Club Points

Learn More Redeem Now

Koung Mon

Get 1%  of your receipt amount to MPT Club Points

Learn More Redeem Now

Khaing Khaing Kyaw

Get 0.8% of your receipt amount to MPT Club Points

Learn More Redeem Now

Frequently Asked Questions

၁။ MPT Club အစီအစဉ် ဆိုတာ ဘာပါလဲ။ MPT Club အစီအစဉ်မှာ ဘာ့ကြောင့် ပါဝင်သင့်ပါသလဲ။

MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်း အသုံးပြု မှု ပေါ်တွင်အခြေခံပြီး ၊ MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် ဈေးဝယ်တိုင်း MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ရရှိထားသော MPT Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုများ၊ MPT မိတ်ဖက်(partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

၂။ MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

MPT SIM Card အသုံးပြုနေသူ (active customer) များအားလုံး MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ (GSM/WCDMA/CDMA ဖုန်းများ၏ Prepaid စနစ်(သို့) Postpaid စနစ်အသုံးပြုနေသူများအားလုံး)

၃။ MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Point အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(က) USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(ခ) SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

၄။ MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား(သို့) MPT Club အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် ကုန်ကျစားရိတ် တစ်စုံတစ်ရာရှိမှာပါလား။

အခကြေးငွေပေးဆောင်ရန် လုံးဝမလိုအပ်ပါ။ အပိုဆောင်းကုန်ကျစားရိတ်လည်း ရှိမည်မဟုတ်ပါ။

More FAQs