MPT Myanmar | Moving Myanmar Forward Text Only Version FB - MPT Myanmar | Moving Myanmar Forward
×

Text Only Version FB

1. အခမဲ့ဒေတာ Mode နှင့်အခပေးဒေတာMode ကိုပြောင်းလဲအသုံးပြုပြီးဓါတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရူလိုပါတယ်။ ဘယ်လိုပြုလုပ်နိုင်ပါမလဲ။

ဓာတ်ပုံများ နှင့် ဗီဒီယိုများကို ကြည့်ရှုလိုပါက အောက်ပါ နည်းလမ်း (၂)မျိုးဖြင့် အခမဲ့ ဒေတာ Mode မှ အခပေးဒေတာ Mode သို့ ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။

၁) “Text-only version of Facebook” ရှိ ညာဘက်အပေါ်ထောင့်ရှိ “See Photos” ကို နှိပ်၍ အခမဲ့ mode မှ အခပေး mode သို့ ပြောင်းလဲနိုင်ပြီး အသုံးပြုမှုများကို Main Balance (သို့မဟုတ်) ယခင်ဝယ်ယူထားသော ဒေတာပက်ကေချ့်မှ ဖြတ်တောက်ပါမည်။

၂) “Buy Data to see videos” ကို နှိပ်၍ ပြသထားသောဒေတာပက်ကေချ့်များမှ  ရွေးချယ်ဝယ်ယူ နိုင်ပြီး အသုံးပြုမှုများကို ဝယ်ယူလိုက်သည့် ဒေတာပက်ကေချ့်မှ ဖြတ်တောက်ပါမည်။

2. ယခင် ဝယ်ယူထားသော Data Pack နှင့် “Text-only version of Facebook”မှ Data pack ကိုထပ်မံဝယ်ယူအသုံးပြုချင်ပါတယ်။ ဒေတာဖြတ်တောက်မှုမှာ ဘယ်လိုဖြစ်ပါမလဲ။

ယခင် ဝယ်ယူထားသော Data Pack နှင့် “Text-only version of Facebook”မှ Data pack တွင် အသုံးပြုနိုင်သည့် သက်တမ်းပိုနည်းသည့် ဒေတာပက်ကေချ့်မှ အရင် ဖြတ်တောက်သွားပါမည်။

3. ဓာတ်ပုံနှင့်ဗွီဒီယိုကြည့်ရှုရန် package တစ်ခုကို ဝယ်ယူထားပြီးဖြစ်ပါသည်။ အခြား package တစ်ခုကိုထပ်မံဝယ်ရန်လိုအပ်ပါသလား။

အခြား package တစ်ခုဝယ်ရန်မလိုပါ၊ ဗီဒီယိုကြည့်ရှုရန်“ use data balance” ကိုနှိပ်ပါ။ အင်တာနက်ငွေတောင်းခံမှုသည်ရှိပြီးသားဒေတာလက်ကျန်ငွေမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။