GENERAL » Thailand-Malaysia IDD call pack
Thailand-Malaysia IDD call pack
၁။ ထိုထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံကိုဆက်သွယ်နိုင်တဲ့ IDD Pack(Thailand-Malaysia IDD call pack) ဆိုတာ ဘာပါလဲ။
- IDD Pack ကို ၁၀၀၀ကျပ်ဖြင့် ၀ယ်ယူထားပါက ၀ယ်ယူသည့်နေ့မှ ရက်(၃၀)အတွင်း ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၅၀ကျပ်၊ SMS တစ်စောင်လျှင် ၁၅ကျပ်သာကျသင့်မည်ဖြစ်ပါသည်။
၃။ IDD Pack ကိုဘယ်သူတွေဝယ်ယူနိုင်မှာပါလဲ။
- MPT GSM/WCDMA ဖုန်းအသုံးပြုသူများသည် IDD Pack ကိုဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၅။ IDD Pack ကိုဝယ်ယူလိုက်ပါတယ်။ ဖုန်းဘီလ်ထဲက ၁၀၅၀ကျပ် ဖြတ်တောက်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။
- ၂၀၁၆ခုနှစ်၊ ဧပြီလ(၁)ရက်မှစတင်ပြီး လက်ရှိနှုန်းထားများတွင် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်း ထပ်ဆောင်း ပေးဆောင်ရမည်ဖြစ်သည်။
၂။ IIDD Pack ကိုဘယ်လိုဝယ်ယူနိုင်မှာပါလဲ။
- *2050# ကိုရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U application မှတစ်ဆင့်လည်းကောင်း ၀ယ်ယူနိုင်ပါသည်။
- *106# မှလည်းဝယ်ယူနိုင်ပါသည်။
၄။ IDD Pack ဘယ်အချိိန်တွေမှာ ၀ယ်ယူအသုံးပြုနိုင်မှာပါလဲ။
- ၂၀၁၇၊ မေလ (၉)ရက်မှ စ၍ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။ အစီအစဉ်နှင့် ပတ်သတ်ပြီး အပြောင်းအလဲတစ်လဲတစ်စုံတစ်ရရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးအကြောင်းကြားပေးမည်ဖြစ်ပါသည်။
၆။ IDD Pack ၀ယ်ယူထားခြင်းရှိ၊ မရှိ နဲ့ အသုံးပြုနိုင်တဲ့ သက်တမ်းကို ဘယ်လိုစစ်ဆေးကြည့်နိုင်ပါသလဲ။
- *224# ကိုရိုက်နှိပ်ခေါ်ဆိုခြင်း၊ ၁၃၃၁သို့ BAL ဟုစာတိုပေးပို့ခြင်းဖြင့်စစ်ဆေးကြည့်နိုင်ပါသည်။