
The Voice Myanmar ၏ အမာခံ ပရိတ်သတ်များအနေဖြင့် People’s Favorite Voice Award by MPT အတွက် မိမိတို့နှစ်သက်ရာပြိုင်ပွဲဝင်များအား မဲပေးနိုင်ပြီဖြစ်
07 May 2019(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က The Voice Myanmar Season 2 Knock out Round ၏ People’s Favorite Voice Award by MPT အတွက် SMS နှင့် အွန်လိုင်းဝက်ဘ်ဆိုက် များကို အသုံးပြု၍ မေလ ၁၂ ရက်နေ့မှ စတင် မဲပေး နိုင်ပြီဖြစ်ပြီး မိမိတို့ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များအား မဲပေးကြမည့် MPT အသုံးပြုသူများအတွက်လည်း စိတ်ဝင်စားဖွယ် ဆုလက်ဆောင်များကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။
MPT အသုံးပြုသူများအနေဖြင့် The Voice Myanmar Season 2 ၏ People’s Favorite Voice Award by MPT အတွက် မိမိတို့ကြိုက်နှစ်သက်ရာပြိုင်ပွဲဝင်များကို မဲပေးရာတွင် နည်းလမ်းနှစ်ခုဖြစ်သည့် စာတို (SMS) သို့မဟုတ် အွန်လိုင်း ဝက်ဘ်ဆိုက် “thevoice.mptvote.com” မှတစ်ဆင့် မဲပေးနိုင်မည်ဖြစ်သလို ဆုလက်ဆောင်အစီအစဉ်တွင်လည်း ပါဝင်ဆင်နွဲနိုင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များ၏ ကုတ်နံပါတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Knock-Out Round ၏ ပြိုင်ပွဲဝင်များမှာ
Team | အမည် | ပြိုင်ပွဲဝင်များ၏ ကုတ်နံပါတ်များ |
Team Yan Yan Chan | Hein Zaw Lin | 55501 |
Grin Go | 55502 | |
Zin Mar Moe Sett | 55503 | |
Yamone Zin Oo | 55504 | |
Team NiNi Khin Zaw | A Day | 55505 |
Twins Star | 55506 | |
Khoon Wadi Pyae | 55507 | |
Sai Tein Kha Aung | 55508 | |
Team Kyar Pauk | Aye Thazin Maung | 55509 |
Kim Kim | 55510 | |
C Ko | 55511 | |
Novem Htoo | 55512 | |
Team R Zar Ni | Ju Jue | 55513 |
Harsaylar | 55514 | |
Pan Pan Kye Mon | 55515 | |
David Htoo | 55516 | |
Team NiNi Khin Zaw | Nicholas Pasangma | 55517 |
Hazel | 55518 | |
Grace Mami | 55519 | |
Tar Tar | 55520 | |
Team Yan Yan Chan | Just | 55521 |
Solomon King | 55522 | |
Arkar Aung Khin Win | 55523 | |
Melody Khong | 55524 | |
Team R Zar Ni | Paul Austin | 55525 |
Htin Gyi | 55526 | |
June Rose | 55527 | |
Lynn Khat | 55528 | |
Team Kyar Pauk | Khine | 55529 |
Nyo Mie Mie Htun | 55530 | |
Judson Fish | 55531 | |
Oram | 55532 |
အကယ်၍ ပြိုင်ပွဲဝင် Hein Zaw Lin အားမဲပေးလိုလျှင် မိမိတို့ပေးလိုသည့် မဲအရေအတွက်အား 55501 သို့ SMS ပေးပို့ရမည်ဖြစ်ပြီး၊ အွန်လိုင်းဝက်ဘ်ဆိုက်ကို အသုံးပြုမည်ဆိုပါက ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည့် ညွှန်ကြားချက်အတိုင်း မဲပေးသွားရမည် ဖြစ်ပါသည်။ အွန်လိုင်းဝက်ဘ်ဆိုက် “thevoice.mptvote.com”ကို အသုံးပြုမည့် MPT အသုံးပြုသူများအနေဖြင့် မိုဘိုင်းလ်ဒေတာ ကို ဖွင့်ထားရန် လိုအပ်မည် ဖြစ်သော်လည်း ၊ဒေတာအသုံးပြုခအတွက် ကောက်ခံသွားမည်မဟုတ်ပါ။ The Voice Myanmar အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီအချိန်တွင် MRTV 4 Channel မှတစ်ဆင့်ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။
မဲစတင်ပေးနိုင်သည့် ကာလများမှာ ပထမအပတ်အတွက် မေလ ၁၂ ရက်မှ ၁၈ ရက်အထိ၊ ဒုတိယအပတ်အတွက် မေလ ၁၉ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး၊ ရလဒ်များကို မေလ ၂၁ ရက်န့နှင့် ၂၈ ရက်န့များတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ အသေးစိတ်ညွှန်ကြားချက်များအတွက် https://www.facebook.com/watch/?v=2097565087211341 တွင် သွားရောက်လေ့လာနိုင်ပါသည်။
MPT အသုံးပြုသူများအတွက် ဆုလက်ဆောင်အစီအစဉ်
MPT ၏ ဆုလက်ဆောင်အစီအစဉ်အား Voting သီးသန့် ဖြစ်သည့် အွန်လိုင်းဝက်ဘ်ဆိုက် thevoice.mptvote.com အသုံးပြုသူများသာမက SMS မှတစ်ဆင့် မိမိတို့နှစ်သက်ရာ ပြိုင်ပွဲဝင်များအား မဲပေးကြသူများကိုပါ ပထမအပတ်နှင့် ဒုတိယအပတ်ဟူ၍ နှစ်ပိုင်းခွဲပြီး စုစုပေါင်း ကံထူးသူ (၁၀၀) ဦးအား ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါသည်။
ဆုလက်ဆောင်များမှာ-
• iPhone XR ၂လုံး
• Mi 8 ၂လုံး
• Redmi Note 7 ၂လုံးနှင့်
• ၅,၀၀၀ တန် ငွေဖြည့်ကတ် ၉၄ ခုတို့ကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ပြိုင်ပွဲဝင်များသို့ ဆုလက်ဆောင်များပေးအပ်ခြင်း
MPT အနေဖြင့် ပထမအပတ် မဲအများဆုံး ရရှိသူနှင့် ဒုတိယအပတ် မဲအများဆုံးရရှိသူ ပြိုင်ပွဲဝင် ၂ ဦးအား ချီးမြှင့်သွားမည့် ဆုများမှာ-
• နံပါတ်အလှ ဆင်းမ်ကတ် တစ်ခု
• ကျပ် ၁၀ သိန်းတန်ဖိုးရှိငွေဖြည့်ကတ် တို့အား ပေးအပ်သွားမည် ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကလည်း “မြန်မာလူမျိုးတွေဟာ အနုပညာ၊ တေးဂီတ နဲ့ ဖျော်ဖြေရေး ဝန်ဆောင်မှုအမျိုးမျိုးကို အလေးထား နှစ်သက်စိတ်ဝင်စားသူတွေဖြစ်တာကို ကျွန်တော်တို့အနေနဲ့သိရှိပြီးဖြစ်ပါတယ်။ သီချင်းဆိုခြင်းဟာလည်း ဒီအထဲမှာ မဖြစ်မနေပါနေတဲ့အရာတစ်ခုပါပဲ။ MPT အနေနဲ့ သူတို့နှစ်သက်တဲ့ပြိုင်ပွဲဝင်တွေကို အားပေးနိုင်အောင် မဲပေးနိုင်မယ့် အစီအစဉ်ကို ဆောင်ရွက်ပေးထားပြီး တနင်္ဂနွေနေ့ညနေတွေမှာ The Voice Myanmar Season 2 ကို အတူတကွ ကြည့်ရှုရင်း ပျော်ရွှင်ခံစားနိုင်ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ MPT က နိုင်ငံတွင်း ထိပ်ဆုံးမှရပ်တည်အောင်မြင်နေကာ ပြိုင်ဆိုင်မှုအရှိန်မြင့်တက်လာတဲ့ သီချင်းဆိုပြိုင်ပွဲ The Voice Myanmar ရဲ့ အမာခံပရိတ်သတ်တွေအတွက် အပတ်စဉ်တိုင်းမှာ ဆုလက်ဆောင်တွေရရှိဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဆုလက်ဆောင်တွေကတော့ ခေတ်မီတဲ့ဆက်သွယ်ရေးကိရိယာတွေထဲက နာမည်ကြီးတွေဖြစ်တဲ့ iPhone XR ၊ Mi 8၊ Redmi Note 7 နဲ့ MPT ငွေဖြည့်ကတ်တွေပဲဖြစ်ပါတယ်။ The Voice Myanmar Season 2 Knock-out round ရဲ့ စိတ်လှုပ်ရှားဖွယ် အချိန်တွေကို ကြည့်ရဖို့ အင်မတန်ကိုပဲ စိတ်လှုပ်ရှားနေပါပြီ”ဟု ပြောကြားသွားခဲ့ပါသည်။
The Voice Myanmar Season 2 နှင့် MPT ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သောသတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ official Facebook page ဖြစ်သည့် www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည် ဖြစ်ပါသည်။
More Detail >>>> FAQs And Terms and Condition