×

The Voice Myanmar Season – 2 အတွက် “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ် မှ ကံထူးရှင်များကို MPT မှ ကြေညာ

19 Jun 2019

(ရန်ကုန် – ၁၈ ရက် ဇွန်လ ၂၀၁၉) _ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်မြင်သံကြား ပရိသတ်များအနေဖြင့် ၎င်းတို့၏ရုပ်မြင်သံကြားစက်များ၊ မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် ကြည့်ရှုသူအများဆုံးဖြစ်ခဲ့သည့် The Voice Myanmar ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲ ရက်သတ္တပတ်များအပြီးတွင် The Voice Myanmar ၏ အနိုင်ရရှိသူထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ပရိသတ်များအနေဖြင့် မိမိတို့၏ နှစ်သက်သည့် ပြိုင်ပွဲဝင်များနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် The Voice Myanmar ပြိုင်ပွဲကြီး၏ နောက်ဆုံးမိနစ်များတွင် ပြိုင်ပွဲဝင်များကို မှန်ကန်စွာ ရွေးချယ်ခဲ့သည့် “Guess and Win” ပြိုင်ပွဲအစီအစဉ်၏ ကံထူးရှင်များကို အောက်ပါအတိုင်းကြေညာပေးခဲ့ပြီး အထူးဆုကြီးများအဖြစ် SAMSUNG Galaxy A30 မိုဘိုင်းလ်စမတ်ဖုန်းများကို ပေးအပ်ချီးမြှင့်သွား မည်ဖြစ်သည်။

 

MPT “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ်မှ ကံထူးရှင်များစာရင်း

စဉ်ဆု

အနိုင်ရရှိသူ၏

အမည်

Facebook လိပ်စာ
SAMSUNG Galaxy A30Khunn Khunn Mammyhttps://www.facebook.com/su.nge.923
SAMSUNG Galaxy A30Paing Thethttps://www.facebook.com/paing.thet.1441
SAMSUNG Galaxy A30Seint Seint Nainghttps://www.facebook.com/flora.fauna.9022
SAMSUNG Galaxy A30Phoo Pwinthttps://www.facebook.com/profile.php?id=100020432671326
SAMSUNG Galaxy A30Kyaw Kyaw Thwinhttps://www.facebook.com/kyaw.thwin.58
SAMSUNG Galaxy A30Moe Sann Pannhttps://www.facebook.com/kimjhon.honn

 

မြန်မာနိုင်ငံမှ ပရိသတ်အများဆု၏ အားပေးမှုကို ရရှိခဲ့ပြီး အနာဂတ်၏ စူပါစတား အဆိုကျော်ဖြစ်လာခဲ့သူ Novem Htoo သည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် နောက်ဆုံးအဆင့်ပြိုင်ပွဲ တွင် အမြင့်ဆုံးမဲအရေအတွက်ကို ရရှိခဲ့ပြီး အခြားသော ပြိုင်ပွဲဝင်များဖြစ်ကြသည့် Paul Austin၊ Melody Khong နှင့် Hazel တို့ အား ကျော်ဖြတ်ပြီး၊ Team Kyar Pauk ကို ကိုယ်စားပြုကာ The Voice Myanmar Season – 2 ၏ အနိုင်ရရှိသူ ဖြစ်လာခဲ့ပါသည်။
MPT မှပေးအပ်ချီးမြှင့်သည့် “People’s Favorite Voice Award by MPT” ဆုရှင်နှစ်ဦးဖြစ်သော Paul Austin နှင့် David Htoo တို့ကို မှန်ကန်စွာခန့်မှန်းပေးနိုင်သည့် MPT သုံးစွဲသူများထဲမှ ကံထူးရှင်များနှင့် MPT ၏ “Guess and Win” Facebook ပြိုင်ပွဲအစီအစဉ်တွင် အနိုင်ရရှိမည့် ပြိုင်ပွဲဝင်များကို မှန်ကန်စွာခန့်မှန်းပေးနိုင်ခဲ့သည့် ပရိသတ်များထဲမှ ကံထူးရှင်များကို ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
နေရာ ။ ။ Junction City Promotion Area (Main Atrium)
နေ့ရက်။ ။ ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်
အချိန်။ ။ ညနေ ၃း၀၀ နာရီ မှ ၅း၀၀ နာရီအထိ
ပြိုင်ပွဲဝင်များ။ ။ Novem Htoo, Paul Austin, Hazel, Melody Khong, David Htoo

The Voice Myanmar ၏ အနိုင်ရရှိသူ ဖြစ်လာသည့် Novem Htoo မှ “ကျွန်တော့်ဘဝတစ်ခုလုံးကို ဂီတမှာ မြှုပ်နှံခဲ့တာပါ။ အထူးသဖြင့်တော့ ကျွန်တော်ကြိုက်တဲ့ ဂီတအမျိုးအစားပေါ်မှာ ရပ်တည်ခဲ့ရတာပါ။ အခုအခါမှာတော့ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့ ပြည်သူ တွေ အကုန်လုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ရက်သတ္တပတ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေ၊ ဒိုင်တွေ၊ သူငယ်ချင်းတွေ၊ ပွဲစီစဉ်သူတွေ၊ ဒီပြိုင်ပွဲကြီး ဖြစ်လာဖို့အတွက် ပါဝင်ကူညီခဲ့သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်”ဟု ပြောခဲ့ပါသည်။
Blind audition မှစပြီး၊ Novem အနေဖြင့် Metal သီချင်းများ သီဆိုပြီး အခြားသောပြိုင်ပွဲဝင်တွေနှင့် ကွဲထွက်ကာ ပရိသတ်များ၏ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ရင်း၊ အခုအခါမှာတော့ ပြိုင်ပွဲရဲ့ အနိုင်ရသူ ဖြစ်လာခဲ့ပါသည်။ ဆက်လက်ပြီး Novem မှ “အခုဆိုရင် ကျွန်တော်က The Voice Myanmar Season 2 ကြောင့် ပရိုဂီတသမားတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ပါပြီ။ ပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် ဆုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Universal Record နဲ့အတူ Single သီချင်းတစ်ပုဒ်တွဲလုပ်ဖို့လည်း ဖြစ်လာနေပါပြီ။ ပြိုင်ပွဲရဲ့ အဓိက sponsor ဖြစ်တဲ့ MPT ကိုလည်း ဒီစိတ်လှုပ်ရှားစရာ ခရီးရှည်ကြီးကို ကျွန်တော်တို့နဲ့အတူ ပါဝင်ခဲ့တဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ရပါတယ်။ ကျေးဇူးတင်တယ်ဆိုတာထက် ပိုကောင်းတဲ့စကားရှိရင်တောင် ကျွန်တော်က ပြောချင်တာပါ” ဟု ထပ်မံပြောခဲ့ပါသည်။

အဆိုပါ နိုင်ငံတကာအသိအမှတ်ပြု ဂီတပြိုင်ပွဲကြီးတွင် MPT မှ အဓိက Sponsor အဖြစ် ပါဝင်ခဲ့ပြီး၊ Novem Htoo အနေဖြင့် ဆုလက်ဆောင်အဖြစ်ကျပ် သိန်း ၂၀၀၊ Ford ကားအသစ်တစ်စီး၊ Universal Records နှင့် single သီချင်းတစ်ပုဒ် တွဲဖက်ဖန်တီးခွင့်တွေကို ရရှိခဲ့ပါသည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း ယခုနှစ်ပြိုင်ပွဲရလဒ် အတွက် ၎င်း၏ပျော်ရွှင်မှုခံစားချက်ကို ပြောပြခဲ့ရာတွင် “The Voice Myanmar Season 2 ကို စောင့်ကြည့်ခဲ့ရတာ အင်မ တန် စိတ်လှုပ်ရှားစရာပါ။ ကျွန်တော်တို့ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ စူပါစတားအဆိုတော်တစ်ယောက် ပေါ်ထွက်လာတာ ကို မြင်ခဲ့ရပါတယ်။ MPT အနေနဲ့ ကမ္ဘာ့အဆင့်မီ ဂီတသမားတွေ ပေါ်ပေါက်လာတဲ့အပေါ် ကူညီထောက်ပံ့ပေးရတာကို အရမ်းပဲ ဝမ်းသာရပါတယ်။ ပြိုင်ပွဲဝင်အသီးသီးကို မိမိနှစ်သက်ရာ အားပေးခဲ့ကြရင်း MPT ရဲ့ 4G/LTE ကွန်ရက်ပေါ်ကနေတစ်ဆင့့် နောက်ဆုံးအဆင့်အထိ မဲတွေ ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အနိုင်ရသွား တဲ့ ချန်ပီယံ Novem Htoo ကိုလည်း ဂုဏ်ယူတဲ့အကြောင်း၊ ဒီနေရာကနေစပြီး ရှေ့ဆက်ရမယ့် ဂီတခရီးမှာ အောင်မြင်မှုတွေ ရပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ The Voice Myanmar Season 3 ကို အားလုံး ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်မျှော်ကြည့်ရှုကြ ရအောင်ပါ” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် အသေးစိတ်ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍လည်းကောင်း (သို့မဟုတ်) MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့ လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။